တရုတ်နိုင်ငံ အရှေ့ပိုင်း၊ Jiangsu ပြည်နယ်ရှိ Nantong သစ်တော ဆာဖာရီဥယျာဉ်အတွင်းမှာ တည်ရှိတဲ့ Sendi Tribe Treehouse Hotel က ၎င်းရဲ့ဟိုတယ်အတွင်း မှန်ပတ်လည်တည်ဆောက်ထားတဲ့နေရာမှ ကျားအစစ်တစ်ကောင်ကို ဧည့်သည်များထံ တိုက်ရိုက်ပြသခြင်းကြောင့် လူအများရဲ့ဝေဖန်မှုကို ခံခဲ့ရပါတယ်။ Sendi Tribe Treehouse Hotel ဟာ ၎င်းကိစ္စနဲ့ပတ်သတ်ပြီး တိုင်ကြားချက်များကို လက်ခံရရှိပြီးနောက် ၎င်းတို့ရဲ့စီမံကိန်းကိုပြန်လည်အကဲဖြတ်ရန် ၎င်းတို့အစီအစဉ်များကို ဆိုင်းငံ့ထားခဲ့ရပါတယ်။ Sendi Tribe Treehouse ဟိုတယ်ရဲ့နောက်ဆုံးပရိုမိုးရှင်းဖြစ်တဲ့ ဇန်နဝါရီ 20 ရက်နေ့မှာ ဟိုတည်အခန်း ၄ခန်းရှိ မှန်ဘောင် ပတ်ပတ်လည်မှလည်ပတ်နေတဲ့ ကျားအစစ်တစ်ကောင်ရဲ့ ဗီဒီယိုများပျံ့နှံ့သွားပြီးနောက် ၊
.
အာဏာပိုင်များက တိုင်ကြားချက်များရရှိခဲ့ကြောင်း South China Morning Post (SCMP) ရဲ့ အဆိုအရ သိရှိရပါတယ်။ ဗီဒီယိုထဲမှာတော့ အခန်းပြတင်းပေါက်ရှေ့မှာ ကျားတစ်ကောင် ကျင်လည်နေတာကို တွေ့ခဲ့ရပါတယ်။ အင်တာနက်အသုံးပြုသူများက ကျားများကို ခင်းကျင်းပြသထားခြင်းက လူအများအား ပြောင်ပြောင်တင်းတင်း နှိပ်စက်ညှဉ်းပန်းမှုတစ်ခုဖြစ်ပြီး ကျားနှစ်ကိုဂုဏ်ပြုရန် မှန်ကန်တဲ့နည်းလမ်းမဟုတ်ကြောင်း ပြောကြားကြပါတယ်။ ထို့ပြင် အင်တာနက်အသုံးပြုသူများက ကျားရဲ့ကျန်းမာရေးနှင့် ကောင်းစွာကျွေးမွေးခြင်းရှိမရှိကိုလည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။ Sendi Tribe Treehouse ဟိုတယ်ဟာ တရုတ်ကျားနှစ်အတွက် ထိုပရောဂျက်ကို ဈေးကွက်ချဲ့ထွင်မှုတစ်ခုအဖြစ် ပြင်ဆင်ထားခဲ့ပြီး ၊
.
၎င်းတို့ရဲ့အဆိုပါဟိုတယ် အခန်း (၄) ခန်းကို “သားရဲအခန်းများ” လို့ ခေါ်ဝေါ်ကြောင်း သိရှိရပြီး ဧည့်သည်များမြင်တွေ့နိုင်စေရန် ၎င်းဟိုတယ် အခန်း (၄) ခန်းရဲ့ဘေးပတ်ပတ်လည်ကိုမှန်ဘောင်များဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပါတယ်။ ထိုဟိုတယ်သို့ လာရောက်လည်ပတ်သူများကို ထိုကျားအနီးမှ လုံခြုံစေရန်အတွက် မှန်ဘောင်များကို ပေါက်ကွဲမှုဒဏ်ခံနိုင်တဲ့မှန်များဖြင့် ပြုလုပ်ထားသလို ထိုစနစ်ထည့်သွင်းခြင်းက ကျားရဲ့ဘေးကင်းရေးနှင့် လူမှုဖူလုံရေးအတွက်လည်း တည်ဆောက်ထားကြောင်း ဟိုတယ်ဝန်ထမ်းတစ်ဦးရဲ့ပြောကြားချက်အရလည်း သိရပါတယ်။
.
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဒေသဆိုင်ရာ အာဏာပိုင်များက ၎င်းစီမံကိန်းအသစ်ကို အတည်ပြုထုတ်ဖော်ခဲ့ပေမဲ့ ထိုဟိုတယ်ဒီဇိုင်းများက ပေါက်ကွဲမှုဒဏ်ခံမှန်များဖြင့် ဧည့်သည်များကို ကျားမှကာကွယ်ပေးပေမဲ့လည်း “ ကျားအတွက် ထည့်သွင်းစဉ်းစားမှု အားနည်းတယ် ” လို့ မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။ ထို့ကြောင့် အာဏာပိုင်များက ၎င်းပြပွဲအား ပိတ်သိမ်းကာ ၎င်းတို့ရဲ့တရုတ်နှစ်သစ်ကူးပရိုမိုးရှင်းအစီအစဉ်ကို ပြန်လည်စဉ်းစားရန် ၎င်းဟိုတယ်အား တိုက်တွန်းထားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : mustsharenews
Be the first to comment on "နှစ်သစ်ကူးအပြင်အဆင်အဖြစ် အခန်းတိုင်းမှာ ကျားအစစ်ကို ထည့်သွင်းပြသထားတဲ့အတွက်ကြောင့် ပိတ်သိမ်းပစ်ဖို့ တိုက်တွန်းခံနေရတဲ့ ဟိုတယ်"