Mandy Stantic အမည်ရှိအမျိုးသမီးနှင့် သူမ၏မိသားစုတို့ဟာ ဝက်ဝံကို ထောက်လှမ်းကြည့်ရှုရန်အတွက် မြောက်ပိုင်း Manitoba ရှိ Lac Brochet အနီးတစ်ဝိုက်တွင် ကားမောင်းလာရင်း သူမတို့ဟာ သူမရဲ့ကင်မရာကို ချက်ခြင်းထုတ်ကာ ဓာတ်ပုံအချို့ကို ရိုက်ယူစေခဲ့တဲ့ ရယ်စရာအခိုက်အတန့်တစ်ခုကိုကြုံတွေ့ခဲ့ကြရပါတယ်။ အကြောင်းက တောဝက်ဝံတစ်ကောင်ဟာ စွန့်ပစ်ထားတဲ့ ဆိုဖာပေါ်တွင် ထိုင်နေရင်း သူ့ကိုယ်သူ သက်တောင့်သက်သာဖြစ်စေပြီး ၎င်းဆိုဖာပေါ်မှာ စိတ်ချလက်ချထိုင်နေခဲ့ပါတယ်။ ၎င်းဝက်ဝံဟာ လူသားကဲ့သို့ ပြေလျော့နေကာ သူ့ခြေထောက်တစ်ဖက်ကို ခြေကလင်ချိတ်ပြီး လက်တစ်ဖက်ကိုလည်း ဆိုဖာရဲ့လက်တင်ခုံပေါ်မှာ တင်ထားခဲ့ပါတယ်။
.
” အဲ့တုန်းက ဒီဝက်ဝံက သူ့အစာတွေကို စားပြီး ဆိုဖာပေါ်မှာ အနားယူဖို့ အဆင်သင့်ဖြစ်နေပြီထင်တယ် ၊ အဲ့တုန်းက သူထပ်ပြီး လိုအပ်တာက ပေါက်ပေါက်နဲ့ Netflix ပါဘဲ ” လို့ Stantic က ရယ်မောကာ စနောက်ပြောကြားခဲ့ပါတယ်။ ထို့ပြင် သူ့ရှေ့မှာ လွှင့်ပစ်ထားတဲ့ တီဗီတစ်လုံးတောင် ရှိသေးတဲ့အတွက်ကြောင့် ၎င်းမြင်ကွင်းက ပိုရယ်စရာကောင်းနေခဲ့တယ်လို့လည်း Stantic က ဆိုခဲ့ပါတယ်။ ၎င်းဝက်ဝ့တစ်ကောင်ရဲ့ ရယ်စရာမြင်ကွင်းကြောင့် Stantic နှင့် သူမရဲ့မိသားစုတို့ဟာ ထိုနေရာကနေမခွါဘဲ ၎င်းတို့ရဲ့ကားပေါ်မှ ဝက်ဝံများကို စောင့်ကြည့်ခဲ့ပြီး ဝက်ဝံတို့ရဲ့လုပ်ရပ်ကိုကြည့်ပြီး ရယ်မောနေခဲ့ကြရပါတယ်။
.
“ အဲ့အမှိုက်နေရာကို ပတ်ထားတဲ့ မိုင်ရာနဲ့ချီတဲ့ သစ်တောတွေ အများကြီးပါဘဲ ၊ အဲ့တာက သူတို့အတွက် စားဖို့လုံလောက်ပေမယ့် နွေဦးရာသီမှာ ဘယ်ရီသီးတွေ မထွက်လာသေးတော့ အမှိုက်ကနေ ရှာစားရတာ လွယ်တဲ့အတွက်ကြောင့် သူတို့အားလုံးက အဲ့နေရာမှာ လာစုဝေးနေခဲ့ကြတာပါ။” လို့လည်း Stantic က ပြောကြားခဲ့ပါတယ်။ သူမသွားရာလမ်းသို့ မရွေ့မီ ၎င်းတွားသွားသတ္တဝါ ဝက်ဝံရဲ့ဓာတ်ပုံအချို့ကို Static က ရိုက်ကူးထားခဲ့ပေမဲ့လည်း ၊
.
သူမကတော့ ထိုရယ်စရာကောင်းတဲ့ အခိုက်အတန့်ကို ဘယ်တော့မှ မေ့တော့မှာမထင်ပါဘူး။ ” ဒါမျိုးက တွေ့ရခဲပါတယ် ၊ သူက လူတစ်ယောက်လို ဟန်ဆောင်နေခဲ့တာပဲ” လို့ သူမက ထပ်မံ ပြောကြားခဲ့ပါသေးတယ်။ ဒီအနက်ရောင်ဝက်ဝံဟာ Static ရဲ့ရိုက်ချက်ဖြစ်တဲ့ သူ့ရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ ဝေမျှခဲ့ပြီးနောက်မှာတော့ အင်တာနက်မှာ အာရုံစိုက်မှုတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီတော့ ဒီပုံလေးတွေကို သဘောကျတယ်ဆိုရင် သူတို့ရဲ့တစ်နေ့တာကို တောက်ပစေဖို့ သင့်သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို မျှဝေပေးလိုက်ပါဗျာ ။
Mia (Mckzone daily)
Reference : aubtu
Be the first to comment on "စွန့်ပစ်ထားတဲ့ဆိုဖာပေါ်မှာ လူသားတစ်ယောက်လို ခြေကလင်ချိတ်ပြီး စိတ်အေးလက်အေး အနားယူနေခဲ့တဲ့ ဝက်ဝံနက်တစ်ကောင်ရဲ့ရယ်စရာမြင်ကွင်း"