Melodie Garcia အမည်ရှိမိန်းကလေးဟာ သူမခြောက်နှစ်သားအရွယ်မှာ ရွယ်တူ Edil John Lanticse အမည်ရှိအမျိုးသားက သူမရဲ့ပါးပြင်ပေါ်သို့ အနမ်းပေးတာကိုခံခဲ့ရပါတယ်။ သို့ပေမဲ့ ၂၆ နှစ်အကြာမှာ Edil John ဟာ ၎င်းတို့၏မင်္ဂလာပွဲ၌ သတို့သားအဖြစ် သူမရဲ့ပါးပြင်အား ထပ်မံ အနမ်းပေးခဲ့ပါတယ်။ Melodie နှင့် Edil John တို့ဟာ ၎င်းတို့၏ ပထမဆုံးမင်္ဂလာနှစ်ပတ်လည်ကို ပြီးခဲ့တဲ့ 2022 ခုနှစ် ဇန်နဝါရီ 28 ရက်နေ့မှာ ကျင်းပခဲ့ကြပါတယ်။ လက်ရှိ အသက် ၃၃ နှစ်အရွယ် Melodie ဟာ အစိုးရကျောင်းဆရာမတစ်ဦးဖြစ်ပြီး Edil John ကတော့ IT ကုမ္ပဏီတစ်ခုမှ ကွန်ရက်တပ်ဆင်ခြင်းပရောဂျက်တစ်ခု၏ အကြီးအကဲဖြစ်ပါတယ်။
.
မနှစ်က သူမတို့ရဲ့ မင်္ဂလာပွဲတုန်းက Melodie ဟာ Edil John နဲ့ သူမတို့ရဲ့ ငယ်ဘဝဓာတ်ပုံနှင့် သူမတို့ရဲ့ မင်္ဂလာဓာတ်ပုံကို ဘေးချင်းကပ်လျက် တင်ခဲ့ကာ သူမတို့ရဲ့ဖူးစာဇာတ်လမ်းကို မျှဝေခဲ့ပါတယ်။ Melodie ရဲ့caption တစ်စိတ်တစ်ပိုင်းမှာ ” ပထမဦးဆုံးအချစ်က ဘယ်တော့မှ မသေသွားပါဘူး! အဲ့တာက အချိန်နဲ့အတူ ပိုအားကောင်းလာတယ်။ ဘာပဲဖြစ်ဖြစ် စစ်မှန်တဲ့အချစ်က အမြဲစောင့်ရကျိုးနပ်တယ်!” လို့ရေးသားခဲ့ပါတယ်။ Melodie ဟာ ထိုစဉ် ငယ်ရွယ်ခဲ့စဉ်က သူမဟာ ကလေးများ အလှမယ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ပြီး Edil John က သူမရဲ့တွဲဖက်ဖြစ်ခဲ့တာပါ။ သူမတို့ရဲ့ဇာတ်လမ်းနှင့်ပတ်သက်ပြီး Melodie ရဲ့အဆိုအရ သူမတို့ဟာ ငယ်စဉ်က အိမ်နီးချင်းတွေဖြစ်ခဲ့ပြီး ၊
.
သူမတို့စင်ပေါ်ရောက်တဲ့အခါ အနမ်းပေးသင့်တယ်လို့ မိဘများကဆိုခဲ့ကြပေမဲ့ ငယ်ရွယ်သေးတဲ့သူမက အနမ်းမခံချင်ခဲ့တဲ့အတွက် ဓာတ်ပုံထဲမှာ Edil John က သူမကိုနမ်းဖို့လုပ်နေရင်း သူမက ရှောင်သလိုနဲ့ မျက်နှာကြီးစောင်းနေခဲ့ကြောင်း ဆိုခဲ့ပါတယ်။ Melodie ၏မိသားစုက ၎င်းတို့ရဲ့အိမ်တည်ရှိရာမြေပိုင်ရှင်မှနှင်ထုတ်ခံရချိန်မှာ သူမတို့ဆယ်ကျော်သက်နှစ်ဦးဟာ အဆက်အသွယ်ပြတ်တောက်သွားခဲ့ကြပါတယ်။ ထို့နောက် ၂၀၁၄ ခုနှစ် ၎င်းတို့သူငယ်ချင်းမွေးနေ့မှာ ၎င်းတို့နှစ်ဦးသား ပြန်ဆုံခဲ့ကြပေမဲ့ ထိုစဉ်က Melodie ဟာ ၈ နှစ်ကြာတွဲခဲ့တဲ့ဆက်ဆံရေးပြတ်ပြီး အသည်းကွဲနေခဲ့ပါတယ်။
ထို့နောက် Edil John က မနီလာမြို့သို့ ပြန်သွားခဲ့လိုက်တော့ ၎င်းတို့ဟာ တစ်ဖန် အဆက်အသွယ်ပြတ်သွားခဲ့ကြပြန်ပါတယ်။ သုံးနှစ်ကြာပြီးနောက် Melodie ဟာ Edil John ကို Facebook ပေါ်မှာ တွေ့သွားခဲ့ပြီး သူမထံ ရိုးရှင်းတဲ့မက်ဆေ့ခ်ျတစ်စောင်ရောက်လာပြီးနောက်မှာ ၎င်းဟာ သူမနဲ့ Edil John အတွက် ပျော်ရွှင်စရာနေ့ရက်များစွာရဲ့အစဖြစ်လာခဲ့ပါတယ်။ ထို့နောက်မှာ ၎င်းတို့ဟာ အတူတူ hang out တွေလုပ်ရင်း Melodie ဟာ နောက်တစ်ကြိမ်ပြန်ချစ်ဖို့ အဆင်သင့်ပြန်ဖြစ်လာခဲ့ပါတယ်။
အချိန်အတော်ကြာတွဲလာခဲ့ကြပြီးနောက် ငယ်စဉ်က ကျောင်းကပွဲမှာ အနမ်းပေးခဲ့ကြတဲ့ ၎င်းတို့စုံတွဲဟာ နောက်ဆုံး 2021 ခုနှစ် ဇန်နဝါရီလ 28 ရက်နေ့မှာ လက်ထပ်ခဲ့ကြပါတယ်။ ထို့ပြင် Melodie ကလည်း လက်ထပ်ပြီးနောက်မှာ ချစ်မိသွားခြင်းကနေ သူမ သင်ယူခဲ့ရတာတွေကို မျှဝေထားခဲ့ပြီး အိမ်ထောင်ရေးကာလဟာ အဆုံးထိအာမခံချက်မရှိသလို အချစ်မှာ အတက်အကျရှိနေပေမဲ့လည်း သူမဟာ အခုချိန်ထိ Edil John အပေါ် ရိုးရိုးသားသားချစ်နေဆဲဖြစ်ကြောင်း ဆိုထားခဲ့ပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "အသက် ၆ နှစ်အရွယ်တုန်းက အနမ်းပေးခဲ့ဖူးတဲ့ မိန်းကလေးအား ၂၆ နှစ်အကြာမှာ လက်ထပ်ခဲ့တဲ့ အမျိုးသား"