ကမ္ဘာပေါ်မှာ တုန်လှုပ်ချောက်ချားဖွယ်ကောင်းအောင် သုံးမိုင်ကျော်ရှည်လျားပြီး ပင်လယ်ပြင်ကိုမျက်နှာမူထားသည့် အိပ်ခန်းပေါင်း 10,000 ပါရှိပေမဲ့လည်း ဘယ်ဧည့်သည်တစ်ဦးတစ်ယောက်မျှ မတည်းခဲ့ဖူးတဲ့ အလွန်ကြီးမားတဲ့ အပန်းဖြေဟိုတယ်တစ်ခုရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဤကမ်းခြေအပန်းဖြေဟိုတယ် Prora ဟာ ဟစ်တလာ၏အမိန့်အရ 1936 နှင့် 1939 ခုနှစ်ကြား နာဇီများက တည်ဆောက်ခဲ့ခြင်းကြောင့်ပါဘဲ။ Prora ဟိုတယ်ဟာ Baltic ပင်လယ်နှင့် Kleiner Jasmunder Bodden တို့၏ ရေပြင်ကို ပိုင်းခြားထားသည့် ကျဉ်းမြောင်းသော အပူပိုင်းဒေသ (Prora) ရှိ Sassnitz နှင့် Binz ဒေသများကြား၌ ကျယ်ပြောလှတဲ့ ပင်လယ်အော်မှာ တည်ရှိပါတယ်။
.
.
ဒီအဆောက်အဦများဟာ အရှည် 4.5 ကီလိုမီတာကျော် ကျယ်ဝန်းပြီး ကမ်းခြေမှ 150 မီတာခန့် အကွာတွင်ရှိပါတယ်။ ထိုကာလအတွင်း ဟစ်တလာဟာ ဦးစားပေးရမည့် စစ်ပွဲအတွက် ပြင်ဆင်မှုများ ပြုလုပ်နေခဲ့တဲ့အတွက် ၎င်း ဧရာမ အဆောက်အအုံပရောဂျက်ကြီးကို ဘယ်သောအခါမှ အပြီးမသတ်နိုင်ခဲ့ပါဘူး။ Prora တည်ဆောက်နေသည့် နှစ်အနည်းငယ်အတွင်း Reich ၏အဓိက ဆောက်လုပ်ရေးကုမ္ပဏီများနှင့် အလုပ်သမား 9,000 နီးပါးက ဤပရောဂျက်မှာ ပါဝင်ခဲ့ကြပေမဲ့ 1939 ခုနှစ်မှာ ဒုတိယကမ္ဘာစစ်စတင်တဲ့အခါ Prora ဆောက်လုပ်ခြင်းကို ရပ်တန့်လိုက်ပြီး ဆောက်လုပ်ရေးလုပ်သားများအား လက်နက်စက်ရုံများသို့ ပြောင်းရွှေ့စေခဲ့ပါတယ်။
.
.
အိမ်ရာအကွက်ရှစ်ကွက်၊ ပြဇာတ်ရုံနှင့် ရုပ်ရှင်ရုံများက အခွံအလွတ်များအဖြစ် တည်ရှိနေခဲ့ပြီး ရေကူးကန်များနှင့် ပွဲတော်ခန်းမများကလည်း လုံးဝ အကောင်အထည်မပေါ်ခဲ့ပါဘူး။ မဟာမိတ်တို့၏ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဟမ်းဘတ်မြို့မှ လူအများအပြားက ၎င်းမှာ ခိုလှုံခဲ့ကြသလို စစ်ပွဲအပြီးမှာ Prora ကို အရှေ့ဂျာမနီစစ်တပ်အတွက် စစ်စခန်းတစ်ခုအဖြစ် အသုံးပြုခဲ့ပေမဲ့ 1990 မှာ ဂျာမန်ပြန်လည်ပေါင်းစည်းရေးမှစ၍ အဆောက်အအုံများဟာ ကွက်လပ်ဖြစ်နေခဲ့ပါတယ်။ လာရောက်လည်ပတ်သူ 20,000 ဆံ့ရန် ဒီဇိုင်းထုတ်ထားသည့် ကျယ်ပြောလှတဲ့ Prora ဟာ နာဇီရဲ့ “ပျော်ရွှင်မှုမှ ခွန်အား” (“Kraft durch Freude,” KdF) အစီအစဉ်၏တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၊ ရည်ရွယ်ချက်မှာ ဂျာမန်အလုပ်သမားများအတွက် အပန်းဖြေလှုပ်ရှားမှုများ ပေးဆောင်ရန်နှင့် နာဇီဝါဒဖြန့်ရန်အတွက်ပါဘဲ။
.
.
ယနေ့ခေတ်မှာတော့ ပြတိုက်ငယ်တစ်ခုနှင့် ဒစ်စကိုမှလွဲပြီး နေရာတစ်ခုလုံးက ဆိတ်သုဉ်းနေဆဲဆိုပေမဲ့ နှစ်ပေါင်းများစွာ အခြေအတင် ဆွေးနွေးပြီးနောက် လက်ရှိအစီအစဉ်ဟာ Prora ကို ခေတ်မီ အားလပ်ရက် အပန်းဖြေစခန်းအဖြစ် ပြောင်းလဲရန်ဖြစ်ပြီး လုပ်ကွက်ငါးခုမှ လေးခုကို ပုဂ္ဂလိက က ရင်းနှီးမြှုပ်နှံသူများထံ ရောင်းချပြီးဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံသူများကတော့ ၎င်းအား ရာနှင့်ချီသော အားလပ်ရက် တိုက်ခန်းများ၊ ကော်ဖီဆိုင်များ၊ ဒစ်စကိုများ၊ ဟိုတယ်များ၊ အားကစားခန်းမများနှင့် ရေကူးကန်များဖြင့် ရာနှင့်ချီသော ဧည့်သည်များကို ဆွဲဆောင်လိုနေကြပါတယ်။
.
.
.
ဒီအဆောက်အအုံကြီးဟာ စစ်ပွဲအတွင်းက လူတွေကို ဧည့်ခံ့ခဲ့တာကလွဲလို့ ဒီအဆောက်အအုံကြီးမှာ ဧည့်သည်တစ်ယောက်မှ မရှိခဲ့ဘူးဆိုတာကို မယုံနိုင်စရာပါပဲ။ ဤရင်းနှီးမြှုပ်နှံသူအသစ်များက အဆောက်အအုံများနှင့် ဘယ်လိုလုပ်ဆောင်မှာကိုကြည့်ရှုဖို့ စိတ်ဝင်စားစရာပါဘဲ။ ၎င်းနောက်ကွယ်ရှိ သမိုင်းကြောင်းကြောင့် ရောင်းချရခက်ခဲနိုင်ပေမဲ့လည်း ဟိုတယ်၏တည်နေရာကတော့ ကမ္ဘာလှည့်ခရီးသွားများအား လာရောက်လည်ပတ်ရန် အံ့ဩစရာကောင်းတဲ့နေရာတစ်ခု ပေးစွမ်းနိုင်စွမ်းရှိနေပါတယ်။
Mia (Mckzone daily)
Reference : buzznicked
Be the first to comment on "လှပတဲ့ရှုခင်းနှင့်ပင်လယ်ပြင်ကို မျက်နှာမူထားသည့် အခန်းပေါင်း ၁၀,၀၀၀ ပါရှိပေမဲ့ ဘယ်သောအခါမှ ဧည့်သည်မရှိခဲ့ဖူးတဲ့ တုန်လှုပ်ချောက်ဖွယ် ဧရာမဟိုတယ်ကြီး"