ခ်စ္သူမ်ားေန႔မွာ သူငယ္ခ်င္းေတြဆီကေန အေလွာင္မခံႏိုင္လို႔ မႏွစ္ကရခဲ့တဲ့ အ႐ုပ္ကို တိတ္တခိုး ျပန္ေလွ်ာ္ေနခဲ့ေပမဲ့ လူမိသြားခဲ့တဲ့ အမ်ိဳးသမီး

ခ်စ္သူမ်ားေန႔အမွီ ဝက္ဝံ႐ုပ္အေဟာင္းကို ေဆးေၾကာေနတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ဗီဒီယိုဟာ လတ္တေလာ အြန္လိုင္းမွာ ပ်ံ႕ႏွံ႔ေနပါတယ္။ အြန္လိုင္းမီဒီယာတစ္ခုမွ စုေဆာင္းရရွိေသာ အခ်က္အလက္မ်ားအရ အဆိုပါ အမ်ိဳးသမီးဟာ လြန္ခဲ့သည့္ႏွစ္ Valentine’s Day တုန္းက သူမရရွိခဲ့တဲ့ လက္ေဆာင္ကို ေဆးေၾကာေနခဲ့ၿပီး 2022 ခုႏွစ္အတြက္ လက္ေဆာင္အျဖစ္ သူ႔ကိုယ္သူ လက္ေဆာင္အျဖစ္ ျပန္ေပးဖို႔ ႀကိဳးစားေနခဲ့ပါတယ္။ သူမဟာ ၎တို႔ရဲ႕ခ်စ္သူမ်ားထံမွ ႀကီးႀကီးမားမား လက္ေဆာင္ေတြလက္ခံရႏိုင္မယ့္ သူငယ္ခ်င္းေတြဆီကေန အေလွာင္မခံရဖို႔ ေတြးထားပုံရပါတယ္။ ဒါေပမဲ့ ဝက္ဝံ႐ုပ္ကို အားႀကီးနဲ႔ ေလွ်ာ္ေနတဲ့သူမကို လူမိသြားမွန္းသိလိုက္ရေတာ့ သူမဟာ ဝက္ဝံ႐ုပ္အား ေဆးေၾကာေနတာကို ခ်က္ခ်င္း ရပ္လိုက္ၿပီး ၊မ်က္ႏွာကို လက္နဲ႔အုပ္ရင္း ပုန္းဖို႔ ထြက္ေျပးသြားခဲ့ပါတယ္။

ဒါေပမဲ့ သူမမ်က္ႏွာက ကင္မရာေပၚမွာ အထင္သားေပၚေနခဲ့ၿပီမို႔ သူမ ပုန္းဖို႔ ေနာက္က်သြားခဲ့ပါၿပီ။ ဗီဒီယိုၾကည့္ရႈသူအခ်ိဳ႕က သူမရဲ႕အျဖစ္ကို နားလည္ေၾကာင္း အထူးသလည္ တုံ႔ျပန္ခဲ့ၾကၿပီး အမ်ားစုက ရယ္ေမာတဲ့ အီမိုဂ်ီေတြကို အသုံးျပဳကာ ယင္းနဲ႔ပတ္သက္ၿပီး ၎တို႔ခံစားခ်က္ကို ျပသခဲ့ၾကသလို “ ငါ့မွာလည္း မင္းလို သူတို႔ရမယ့္လက္ေဆာင္ေတြကို လိုက္ႂကြားတတ္တဲ့ သူငယ္ခ်င္းရွိတယ္ ၊ နားလည္ပါတယ္ မင္းရဲ႕အျဖစ္ကို ” ၊ “ ျပန္လည္ အသုံးျပဳျခင္းက ေကာင္းတယ္ေလေနာ္ ” ၊ “ ငါ့မွာလည္း မင္းလို သူငယ္ခ်င္းရွိတယ္ ဟားဟား::: ” စတဲ့မွတ္ခ်က္မ်ားျဖင့္ တုံ႔ျပန္ခဲ့ၾကပါတယ္။ စာဖတ္သူတို႔မွာေကာ ခ်စ္သူမ်ားေန႔အမွီ အ႐ုပ္ေဟာင္းကို ျပန္ေလွ်ာ္တတ္တဲ့ ဒီအမ်ိဳးသမီးလို သူငယ္ခ်င္းမ်ိဳးရွိၾကလားဗ်ာ ။

Mia (Mckzone daily)

Reference : yen

Unicode

ချစ်သူများနေ့အမှီ ဝက်ဝံရုပ်အဟောင်းကို ဆေးကြောနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ ဗီဒီယိုဟာ လတ်တလော အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။ အွန်လိုင်းမီဒီယာတစ်ခုမှ စုဆောင်းရရှိသော အချက်အလက်များအရ အဆိုပါ အမျိုးသမီးဟာ လွန်ခဲ့သည့်နှစ် Valentine’s Day တုန်းက သူမရရှိခဲ့တဲ့ လက်ဆောင်ကို ဆေးကြောနေခဲ့ပြီး 2022 ခုနှစ်အတွက် လက်ဆောင်အဖြစ် သူ့ကိုယ်သူ လက်ဆောင်အဖြစ် ပြန်ပေးဖို့ ကြိုးစားနေခဲ့ပါတယ်။ သူမဟာ ၎င်းတို့ရဲ့ချစ်သူများထံမှ ကြီးကြီးမားမား လက်ဆောင်တွေလက်ခံရနိုင်မယ့် သူငယ်ချင်းတွေဆီကနေ အလှောင်မခံရဖို့ တွေးထားပုံရပါတယ်။ ဒါပေမဲ့ ဝက်ဝံရုပ်ကို အားကြီးနဲ့ လျှော်နေတဲ့သူမကို လူမိသွားမှန်းသိလိုက်ရတော့ သူမဟာ ဝက်ဝံရုပ်အား ဆေးကြောနေတာကို ချက်ချင်း ရပ်လိုက်ပြီး ၊မျက်နှာကို လက်နဲ့အုပ်ရင်း ပုန်းဖို့ ထွက်ပြေးသွားခဲ့ပါတယ်။

ဒါပေမဲ့ သူမမျက်နှာက ကင်မရာပေါ်မှာ အထင်သားပေါ်နေခဲ့ပြီမို့ သူမ ပုန်းဖို့ နောက်ကျသွားခဲ့ပါပြီ။ ဗီဒီယိုကြည့်ရှုသူအချို့က သူမရဲ့အဖြစ်ကို နားလည်ကြောင်း အထူးသလည် တုံ့ပြန်ခဲ့ကြပြီး အများစုက ရယ်မောတဲ့ အီမိုဂျီတွေကို အသုံးပြုကာ ယင်းနဲ့ပတ်သက်ပြီး ၎င်းတို့ခံစားချက်ကို ပြသခဲ့ကြသလို “ ငါ့မှာလည်း မင်းလို သူတို့ရမယ့်လက်ဆောင်တွေကို လိုက်ကြွားတတ်တဲ့ သူငယ်ချင်းရှိတယ် ၊ နားလည်ပါတယ် မင်းရဲ့အဖြစ်ကို ” ၊ “ ပြန်လည် အသုံးပြုခြင်းက ကောင်းတယ်လေနော် ” ၊ “ ငါ့မှာလည်း မင်းလို သူငယ်ချင်းရှိတယ် ဟားဟား::: ” စတဲ့မှတ်ချက်များဖြင့် တုံ့ပြန်ခဲ့ကြပါတယ်။ စာဖတ်သူတို့မှာကော ချစ်သူများနေ့အမှီ အရုပ်ဟောင်းကို ပြန်လျှော်တတ်တဲ့ ဒီအမျိုးသမီးလို သူငယ်ချင်းမျိုးရှိကြလားဗျာ ။

Mia (Mckzone daily)

Be the first to comment on "ခ်စ္သူမ်ားေန႔မွာ သူငယ္ခ်င္းေတြဆီကေန အေလွာင္မခံႏိုင္လို႔ မႏွစ္ကရခဲ့တဲ့ အ႐ုပ္ကို တိတ္တခိုး ျပန္ေလွ်ာ္ေနခဲ့ေပမဲ့ လူမိသြားခဲ့တဲ့ အမ်ိဳးသမီး"

Leave a comment

Your email address will not be published.


*