ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ကြီးတစ်ကောင်ရဲ့ သဲသောင်ပြင်ပေါ် ခေတ္တအနားယူပုံနှင့် ပင်လယ်ထဲပြန်ဆင်းသွားတဲ့ ရှားပါးအခိုက်အတန့် (ရုပ်သံ)



Mia (Mckzone daily)

Reference : kingdomstv

Unicode

ဒါဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ကြီးက ပင်လယ်ရေမှ ကမ်းခြေပေါ်သို့ ပေါက်ထွက်လာသည့် အခိုက်အတန့်ဘဲဖြစ်ပါတယ်။ ၎င်းက ကြီးကျယ်ခမ်းနားတဲ့ Leatherback ပင်လယ်လိပ်တစ်ကောင်ဖြစ်ပြီး သဲသောင်ပြင်ပေါ်မှာ အနားယူရန် ရေထဲမှ ထွက်လာပုံရပါတယ်။ Leatherback လိပ်များက ကမ္ဘာပေါ်မှာအကြီးဆုံး လိပ်မျိုးစိတ်ဘဲဖြစ်ပါတယ်။ လိပ်အများစုနှင့်မတူဘဲ၊ ၎င်းတို့မှာ မာကျောတဲ့အခွံမရှိပါဘူး ။ ဒါပေမဲ့ ယင်းအစား ၎င်းတို့ရဲ့ကျောများကို ထူထဲတဲ့သားရေဖြင့် ဖုံးအုပ်ထားတဲ့အတွက်ကြောင့် Leatherback လိပ်လို့ ခေါ်ကြတာပါ ။ Leatherback လိပ်များက တစ်ကောင်တည်း ကမ္ဘာပတ်ခရီးသွားရတာကို နှစ်သက်ကြပြီး မျိုးပွါးတဲ့အချိန်မှသာ အခြားလိပ်မျိုးများနှင့် ဆုံဖြစ်ပါတယ်။

အခြားသော လိပ်များကဲ့သို့ပင် ၎င်းတို့ကလည်း ကမ်းခြေမှာ ဥဥပြီး လိပ်ကလေးများကို ပင်လယ်ထဲသို့ ကိုယ်တိုင် ပြန်ဆင်းစေပါတယ်။ အောက်ဖော်ပြပါ ဗီဒီယိုမှာ ကမ်းခြေမှာ အနားယူနေတဲ့ Leatherback လိပ်တစ်ကောင်ကို ကြည့်လိုက်ပါ။ ၎င်းတို့က ပိုအေးတဲ့ပင်လယ်များကို ရင်ဆိုင်ရန် အထူးဒီဇိုင်းထုတ်ထားတဲ့အတွက် ၎င်းတို့က နက်ရှိုင်းစွာ ရေငုပ်နိုင်ပြီး ၎င်းတို့ကြိုက်နှစ်သက်တဲ့ သရေစာဖြစ်တဲ့ ဂျယ်လီငါးများကို အလွယ်တကူ ဖမ်းယူစားသုံးနိုင်ပါတယ်။ ထို့ပြင် Leatherback လိပ်များရဲ့သားရေကျောရိုးဟာ အံ့ဩစရာကောင်းအောင် တခြားပင်လယ်လိပ်များထက် ၉ ပေအထိ ကြီးထွားနိုင်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ကမ္ဘာ့အကြီးဆုံး ပင်လယ်လိပ်ကြီးတစ်ကောင်ရဲ့ သဲသောင်ပြင်ပေါ် ခေတ္တအနားယူပုံနှင့် ပင်လယ်ထဲပြန်ဆင်းသွားတဲ့ ရှားပါးအခိုက်အတန့် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*