ကွယ်လွန်သူဖခင်ရဲ့ဈာပနာပွဲ ရန်ပုံငွေရှာဖို့အတွက် Facebook မှာ တိုက်ရိုက် live လွှင့်ရင်း ဝမ်းနည်းကြေကွဲစွာ ဂစ်တာတီး သီချင်းဆိုပြခဲ့တဲ့ ကောင်လေး

မကြာသေးမီက အသက် ၁၂ နှစ်အရွယ် ထိုင်းလမ်းဘေးဂီတသမားတစ်ဦးဟာ ၎င်း၏ ကွယ်လွန်သူဖခင်ရဲ့ဈာပနပွဲအတွက် အလှူငွေများ ကောက်ခံရန် ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် တိုက်ရိုက်သီချင်းဖျော်ဖြေခဲ့ပါတယ်။ အသက်ငါးနှစ်ကတည်းက လမ်းတွေပေါ်မှာ ဂစ်တာတီးရင်း သီချင်းဆိုတဲ့ အဆိုပါ Chanadej Khiewsen အမည်ရှိကောင်လေးဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ (ဖေဖော်ဝါရီ ၁၅ ရက်နေ့) ၌ သူ့ရဲ့ Facebook စာမျက်နှာမှာ Live လွှင့်ခဲ့ပါတယ်။ ထို့နေ့မှာ Chanadej ဟာ ဖခင်ဖြစ်သူ Chatchai Khiewsen က ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားပြီး သူ့ရဲ့ဈာပနအတွက် ငွေလိုနေကြောင်း သူ့ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ “ ကျွန်တော်မရောက်ချင်တဲ့နေ့ကို ရောက်လာပြီ။

.

ဒါပေမယ့် အဖေက ကျွန်တော့ကို လက်တွေ့ဘဝမှာဘဲ နေထိုင်ဖို့ ပြောခဲ့တယ်။ ဒါ့ကြောင့် ဒါကို အဖေ့အတွက် နောက်ဆုံးအကြိမ် လုပ်ပေးချင်ပါတယ်။ ကျွန်တော် အဖေ့အတွက် တိုက်ရိုက်ဖျော်ဖြေပွဲ လုပ်နေတာပါ။ ဒီလိုအသုံးအနှုန်းမျိုးကိုမသုံးချင်ပေမဲ့ ဒီနေ့တော့ အဖေ့ရဲ့ဈာပနအတွက် အလှူငွေစုဆောင်းနေတာပါ ” လို့ သူ့ရဲ့ Facebook Live ကဏ္ဍမှာ ရေးသားဖော်ပြခဲ့ပါတယ်။ ကောင်လေးဟာ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ သီချင်းတွေ သီဆိုနေခဲ့ပြီး တစ်ချို့သော ကောမန့်တွေအတွက် သူဟာ ခံစားချက်များဖြင့် ဝမ်းနည်းတုန်လှုပ်နေခဲ့ပါတယ်။ ကောင်လေးက သူ့အဖေနဲ့ တစ်ယောက်တည်းနေပြီး လမ်းဘေးမှာ ဂစ်တာတီးရင်းသီချင်းဆိုတဲ့အလုပ်ကို ငါးနှစ်သားကတည်းက လုပ်လာခဲ့တာပါ။

.

အစပိုင်းကတော့ ကောင်လေးက သူ့ကျောင်းစရိတ်အတွက် အလှူငွေရဖို့အတွက်ဘဲ လုပ်ခဲ့တာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ လပေါင်းများစွာအတွင်းမှာတော့ ဖခင်ဖြစ်သူက ကင်ဆာရောဂါကို ခံစားနေရတဲ့အတွက်ကြောင့် ကောင်လေးက သူ့ဖခင်ကို ကုသတဲ့ ဆေးဖိုးအတွက် အလှူငွေတွေရှာဖို့ လမ်းဘေးမှာ ဆက်ပြီး ဂစ်တာတီးသီချင်းဆိုခဲ့ပါတယ်။ Chanadej ဟာ Kidzaa TV အစီအစဉ်တွင် ကလေးများအတွက် ဂီတပြိုင်ပွဲတွင် ပါဝင်ခဲ့ဖူးပြီး ၊ သူဟာ Chatuchak Weekend Market နှင့် Siam Square တွင် ဂစ်တာတီး သီချင်းဆိုကာ အသိအမှတ်ပြုခံထားရသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

.

သူ့ပရိသတ်တွေက သူဂစ်တာတီးပြီးသီချင်းဆိုတဲ့ ဗီဒီယိုဖိုင်တွေကို YouTube မှာ တင်လေ့ရှိပါတယ်။ Chanadej ဟာ ဖခင်ဖြစ်သူ နေမကောင်းဖြစ်ပြီးနောက် အပြင်ထွက်မည့်အစား ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာသာ live လွှင့်ပြီး ဂစ်တာတီး သီချင်းဆိုလာခဲ့တာပါ။ လက်ရှိမှာတော့ ပရိသတ်များက ဖခင်ဖြစ်သူရဲ့ဈာပနာပွဲပြီးမြောက်ရေးအတွက် စုပေါင်းပြီး အလှူငွေများကောက်ခံနေလျက်ရှိပါတယ်။ Chanadej လေး အတတ်နိုင်ဆုံး အားတင်းထားနိုင်ပါစေလို့ မျှော်လင့်မိပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : thestar

Be the first to comment on "ကွယ်လွန်သူဖခင်ရဲ့ဈာပနာပွဲ ရန်ပုံငွေရှာဖို့အတွက် Facebook မှာ တိုက်ရိုက် live လွှင့်ရင်း ဝမ်းနည်းကြေကွဲစွာ ဂစ်တာတီး သီချင်းဆိုပြခဲ့တဲ့ ကောင်လေး"

Leave a comment

Your email address will not be published.


*