အမြီးလိုက်ကိုက်နေတဲ့ သမီးဖြစ်သူနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားမိသွားလို့ မိန်းမဆီကနေ အဆူခံထိပြီး ငြိမ်ကုတ်သွားခဲ့ရတဲ့ တောရိုင်းဘုရင်ခြင်္သေ့ထီးတစ်ကောင်

ကျွန်တော်တို့အားလုံးဟာ ခြင်္သေ့ထီးတွေကို ၎င်းတို့ရဲ့ ကျက်သရေရှိသော အမွှေးများနှင့် တောဘုရင်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ဟောက်သံတို့နှင့်အတူ ဩဇာအာဏာရှိတောရိုင်းတိရိစ္ဆာန်များအဖြစ် သိထားကြပါတယ်။ ဒါပေမယ့် ခုပြသမဲ့ဓာတ်ပုံတွေကကြည့်လိုက်ရင် ဘယ်သူက အမှန်တကယ် ပိုအာဏာရှိလဲဆိုတာကို တွေ့ရပါလိမ့်မယ်။ တွေ့မြင်ရသည့်အတိုင်း Luke လို့ခေါ်တဲ့ ဖခင်ခြင်္သေ့အထီး တစ်ကောင်ဟာ Lusaka လို့ခေါ်တဲ့ သမီးဖြစ်သူ ခြင်္သေ့မလေးနှင့် အနည်းငယ် ကြမ်းတမ်းစွာ ဆော့ကစားပြီးနောက် မိန်းမဖြစ်သူ ခြင်္သေ့မ AKA ဆီကနေ အဆူခံထိသွားခဲ့ပါတယ်။ Luke ဟာ အဆော့မှတ်လွန်းတဲ့ သမီး Lusaka က ၎င်းရဲ့အမြီးကို အကြိမ်ကြိမ် ကိုက်နေခဲ့ပြီးနောက် ၊သမီးဖြစ်သူကို ဒေါသဖြင့် စနောက်ကာ မြေကြီးပေါ်သို့ တွန်းလိုက်ပြီး ခုန်အုပ်လိုက်ပါတယ်။

.

ထို့နောက် Luke ဟာ ကစားရန်ပွဲ၌ ပါဝင်ရန် ဆုံးဖြတ်ပြီး ၎င်းရဲ့သမီးကို ဘယ်သူက အားကောင်းတယ်ဆိုတာကိုပြသဖို့ အနည်းငယ် ကြမ်းတမ်းစွာ သမီးဖြစ်သူနဲ့အတူ ဆော့ကစားနေခဲ့ကြပါတယ်။ သို့ပေမဲ့ ဖအေဖြစ်သူရဲ့လုပ်ရပ်ကို အမြင်မတော်ဖြစ်နေတဲ့ AKA က ၎င်းတို့သားအဖအနီးရောက်လာပြီး အံကျိတ်ကာ ယောက်ျားဖြစ်သူကို ဆူပူကြိမ်းမောင်းလွတ်လိုက်တဲ့အခါ ၎င်းတို့သားအဖရဲ့ပျော်ရွှင်မှုက ရပ်တန့်သွားခဲ့ပါတယ်။ မိန်းမထံမှ အဆူခံထိနေတဲ့ Luke ရဲ့ပုံရိပ်က ရယ်စဟာကောင်းနေသလို ၊သင် ဘယ်လိုဘဲ အာဏာဩဇာရှိနေပါစေ အိမ်ကမိန်းမနဲ့တွေ့ရင် ငြိမ်ကုတ်သွားရတယ်ဆိုတဲ့စကားကို သက်သေပြနေခဲ့ပါတယ်။

.

အဆိုပါ ရယ်စရာကောင်းတဲ့ရင်သပ်ရှုမောဖွယ် ပုံရိပ်များကို အပျော်တမ်း ဓာတ်ပုံဆရာ တစ်ဦးဖြစ်သည့် Jennifer Lockridge မှ အချိန်မှန် နေရာမှန်မှာ ရိုက်ကူးခဲ့တာဘဲဖြစ်ပါတယ်။

.

” Lusaka လေးက အထူးသဖြင့် ဆော့ရတာကိုအရူးအမူးဖြစ်ပြီး အထဲဝင်ဖို့ခေါ်တဲ့အခါ အမြဲလိုလို နောက်ဆုံးကျန်နေတတ်တဲ့ တစ်ကောင်ပါဘဲ ၊ Lusaka လေးက သေချာပေါက် “daddy’s girl ” ဖြစ်ပြီး သူ့အဖေကို အစွဲအလမ်းအရှိဆုံး ဖြစ်နေပုံရတယ် ၊ Luke က Lukasa လေး သူ့အမြီးကိုက်တာကို သိပ်ပြီး စိတ်ထဲမထားသလို စိတ်ဆိုးပုံလည်းမပေါက်နေခဲ့ပါဘူး ၊ Lukasa မှာ သူ့အဖေမှမဟုတ်ဘဲ သူ့မောင်နှမတွေရဲ့အမြီးကိုက်ရတာကိုကြိုက်တဲ့ အလေ့အကျင့်တစ်ခုရှိနေတယ် ” လို့ Jennifer Lockridge က သူမမြင်တွေ့ခဲ့ရတဲ့၎င်းမြင်ကွင်းနဲ့ပတ်သက်ပြီးလည်း ထိုကဲ့သို့ ဆိုထားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : kingdomstv

Be the first to comment on "အမြီးလိုက်ကိုက်နေတဲ့ သမီးဖြစ်သူနဲ့ ကြမ်းကြမ်းတမ်းတမ်း ဆော့ကစားမိသွားလို့ မိန်းမဆီကနေ အဆူခံထိပြီး ငြိမ်ကုတ်သွားခဲ့ရတဲ့ တောရိုင်းဘုရင်ခြင်္သေ့ထီးတစ်ကောင်"

Leave a comment

Your email address will not be published.


*