မကြာသေးမီက Grab ပို့ဆောင်ရေးယာဉ်မောင်းတစ်ဦးဟာ အသက် ၈၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးနှင့်ဆုံခဲ့တဲ့ စိတ်မကောင်းဖွယ်အကြောင်းကို မျှဝေခဲ့ပါတယ်။ အဆိုပါ Denso Tambyahero ဟုလူသိများသည့် vlogger တစ်ဦးဖြစ်သည့် Grab ယာဉ်မောင်းတစ်ဦးဟာ အသက် ၈၃ နှစ်ရှိ အဘွားတစ်ဦးရဲ့ ချဉ်းကပ်ခြင်းကိုခံခဲ့ရပြီး အဆိုပါ အဘွားက ဘာမှမစားရသေးတဲ့အတွက် သူမအား အစာဝယ်ကျွေးရန် လာရောက်တောင်းဆိုနေခဲ့ပါတယ်။ vlogger နှင့် Grab ယာဉ်မောင်းဟာ အဘွားကြီး၏ အခြေအနေအတွက် စိတ်မကောင်းဖြစ်တဲ့အတွက် ဘီစကွတ်တစ်ဗူးနှင့် P500.00 ကို ပေးကမ်းခဲ့ပါတယ်။ အဘွားရဲ့အဆိုအရ သူမဟာ ခင်ပွန်းဖြစ်သူ ဆုံးပါးသွားပြီးနောက် သားသမီးများက ထားသွားခဲ့ပြီး အိမ်မှာ တစ်ဦးတည်းသာ နေထိုင်လာခဲ့ရပါတယ်။
.
ထို့နောက် Denso က အဘွားကြီးက သူတို့ရပ်နေရာနှင့် မဝေးသော လမ်းကြားတွင် နေထိုင်တဲ့အတွက် ၊ အဘွားကြီးအား သူမရဲ့လိပ်စာကို သိနေတဲ့ တွဲကားဒရိုင်ဘာတစ်ဦးထံ လွှဲပေးခဲ့ပါတယ်။ သို့ပေမဲ့ Denso က မယုံကြည်သေးဘဲ နောက်ကနေလိုက်သွားကြည့်လိုက်တဲ့အခါ အဆိုပါအဘွားကြီးက သူမရဲ့ဘီစကစ်ဘူးကိုဖွင့်ပေးနေတဲ့ သူမရဲ့ညာဖက်က အိမ်နီးချင်းတစ်ဦးနဲ့ စကားပြောနေခဲ့ပါတယ်။ ထို့ကြောင့် Denso က အဘွားကြီးနှင့် ထိုအမျိုးသားအား နောက်တစ်ကြိမ် စကားစမြည်ပြောခဲ့ပြီး အဘွားရဲ့အမည်မှာ Mary ဖြစ်ပြီး ကလေးနှစ်ယောက်ရှိပေမဲ့လည်း သူမကို ဂရုမစိုက်ကြကြောင်း သိခဲ့ရပါတယ်။
.
အဘွားက Denso အား အရမ်းကျေးဇူးတင်ပြီး ဘုရားသခင်ကောင်းချီးပေးကာ သူ့အတွက် ဆုတောင်းပေးမယ်လို့ ပြောနေခဲ့ပါတယ်။ ထို့ပြင် သူမကိုကူညီပေးဖို့ ကမ်းလှမ်းသူတွေရှိလာတိုင်း သူမက ၎င်းတို့အတွက် ဆုတောင်းပေးဖို့ ဘုရားကျောင်းကို ချက်ချင်း သွားတတ်ကြောင်းလည်း အဘွား Mary က ထပ်မံပြောကြားခဲ့ပါတယ်။ အဘွား Mary ဟာ သူမဘဝအကြောင်းပြောပြရင်း မျက်ရည်များဝဲကာ ဘဝရဲ့ဝမ်းနည်းမှုကို ခံစားနေခဲ့ပါတယ်။ Denso ရဲ့ vlog မှာ တင်ထားတဲ့ အဘွားရဲ့ဗီဒီယိုကြောင့် အင်တာနက်အသုံးပြုသူအတော်များများက သူမရဲ့ဇာတ်လမ်းအတွက် စိတ်မကောင်းဖြစ်ခဲ့ကြပြီး ၊အင်တာနက်အသုံးပြုများစွာက အဘွား Mary ရဲ့ ဝမ်းနည်းဖွယ်အဖြစ်အပေါ် သူမရဲ့သားသမီးများအတွက် တုံ့ပြန်စကားများနှင့် အခြားသော သားသမီးများအားလုံးအား မိဘများကို ဂရုစိုက်ဖို့ မှာကြားခဲ့ကြပါတယ်။
.
“ ဒီလိုတွေမြင်လိုက်ရတော့ ကျွန်တော့်စိတ်မကောင်းဖြစ်သွားခဲ့တယ်။ သားသမီးတွေက ၎င်းတို့ရဲ့မိဘတွေကို ပြုစုစောင့်ရှောက်လိမ့်မယ်လို့ ငါမျှော်လင့်တယ်။ ” ၊ ” မင်းတို့တွေ သူမ မရှိဘဲ လူသားဖြစ်လာတာမဟုတ်ဘူးလေ၊ ကိုယ့်အမေကို ပြန်ကြည့်ကြစမ်းပါဟ ” ၊ “တချို့ကလေးတွေက သူတို့ရဲ့မိဘတွေ ကို ရုတ်တရက် ပစ်သွားတတ်ကြတာမျိုးက စိတ်မကောင်းစရာဘဲ ” စတဲ့မှတ်ချက်များဖြင့် တုံ့ပြန်ပေးခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : everytruenews24
Be the first to comment on "သားသမီးများရဲ့ ပြစ်ပယ်ခြင်းကိုခံထားရပြီး ဘာမှမစားရသေးလို့ delivery သမားတစ်ဦးအား မနက်စာဝယ်ကျွေးဖို့ တောင်းဆိုနေခဲ့တဲ့ ၈၃ နှစ်အရွယ် အဘွား"