လူအမ်ားစုက သူတို႔ရဲ႕ အိမ္ေမြးေၾကာင္ေတြ၊ ေခြးေတြနဲ႔ လမ္းေလွ်ာက္ထြက္ၾကေပမဲ့ အခ်ိဳ႕ကေတာ့ ၾကက္မ်ားကို သူတို႔ရဲ႕ အိမ္ေမြးတိရစာၦန္မ်ားအျဖစ္ ထားၿပီး လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္ ။ မၾကာေသးမီးက Singapore ရွိ East Coast Park မွာ အိမ္ေမြးၾကက္ဖတစ္ေကာင္နဲ႔ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားတစ္ဦးရဲ႕ ဗီဒီယို ထြက္ေပၚလာခဲ့ပါတယ္ ။ ကလစ္တိုရဲ႕အစမွာ East Coast Park မွာ အိမ္ေမြးၾကက္ဖေနာက္သို႔ လိုက္ေနတဲ့ အမ်ိဳးသားတစ္ဦးကို ျမင္ေတြ႕ရပါတယ္ ။
စိတ္ဝင္စားစရာေကာင္းတာက ၾကက္ဖဟာ လမ္းေလွ်ာက္ထြက္ရင္း နာခံတတ္တဲ့ အိမ္ေမြးေခြးတစ္ေကာင္လို သခင္ရဲ႕ေရွ႕တည့္တည့္ကို ေလွ်ာက္လွမ္းႏိုင္ခဲ့တာပါပဲ ။ ႏွစ္ေယာက္သားက ေရွ႕ကို ဆက္လက္ဦးတည္သြားၿပီး လမ္းသြားလမ္းလာမ်ားက စူးစူးရဲရဲ စိုက္ၾကည့္ေနၾကပါတယ္ ။ ဒါေပမဲ့ ႏွစ္ေယာက္သားက မယိမ္းယိုင္ဘဲ ဆက္လက္ ေလွ်ာက္လွမ္းေနခဲ့ပါတယ္ ။ အင္တာနက္အသုံးျပဳသူမ်ားက ဒီအမ်ိဳးသားနဲ႔ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းၾကက္ဖကို အံ့ၾသၾကပါတယ္ ။
JRose (Mckzone daily)
Reference : mustsharenews
Unicode
လူအများစုက သူတို့ရဲ့ အိမ်မွေးကြောင်တွေ၊ ခွေးတွေနဲ့ လမ်းလျှောက်ထွက်ကြပေမဲ့ အချို့ကတော့ ကြက်များကို သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်များအဖြစ် ထားပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ် ။ မကြာသေးမီးက Singapore ရှိ East Coast Park မှာ အိမ်မွေးကြက်ဖတစ်ကောင်နဲ့ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးရဲ့ ဗီဒီယို ထွက်ပေါ်လာခဲ့ပါတယ် ။ ကလစ်တိုရဲ့အစမှာ East Coast Park မှာ အိမ်မွေးကြက်ဖနောက်သို့ လိုက်နေတဲ့ အမျိုးသားတစ်ဦးကို မြင်တွေ့ရပါတယ် ။
စိတ်ဝင်စားစရာကောင်းတာက ကြက်ဖဟာ လမ်းလျှောက်ထွက်ရင်း နာခံတတ်တဲ့ အိမ်မွေးခွေးတစ်ကောင်လို သခင်ရဲ့ရှေ့တည့်တည့်ကို လျှောက်လှမ်းနိုင်ခဲ့တာပါပဲ ။ နှစ်ယောက်သားက ရှေ့ကို ဆက်လက်ဦးတည်သွားပြီး လမ်းသွားလမ်းလာများက စူးစူးရဲရဲ စိုက်ကြည့်နေကြပါတယ် ။ ဒါပေမဲ့ နှစ်ယောက်သားက မယိမ်းယိုင်ဘဲ ဆက်လက် လျှောက်လှမ်းနေခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူများက ဒီအမျိုးသားနဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကြက်ဖကို အံ့သြကြပါတယ် ။
JRose (Mckzone daily)
Be the first to comment on "ေခြးတစ္ေကာင္ကဲ့သို႔ နာခံတက္ၿပီး သခင္ရဲ႕ေရွ႕မွာ ဦးေဆာင္လမ္းေလွ်ာက္ေနတဲ့ အိမ္ေမြးၾကက္ဖေလး (႐ုပ္သံ)"