အထူးသဖြင့် ကျွန်တော်တို့ အရွယ်ရောက်ကြီးပြင်းလာစဉ် ကျွန်တော်တို့၏ဘ၀မှာ ဖြစ်ပျက်နေသည့်အရာတွေများစွာရှိပါတယ်။ ချစ်သူရည်းစားလမ်းခွဲခြင်း နှင့် အမျိုးမျိုးသော အရာများ အပါအဝင် ကျွန်တော်တို့ များစွာ တွေ့ကြုံနေရပါတယ်။ ဒါဟာ တကယ်ကြီးပြင်းလာမှုရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ သို့တိုင်၊ ဤအရာများအတွက် ‘လက်စားချေခြင်း’ တစ်ခုခုကိုလုပ်ဖို့ သင်စဉ်းစားမိလားဗျာ ။ ဒါဟာ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က သူတို့ကို ကြီးပွားစေပြီး နောက်ဆုံးမှာ ကျွန်တော်တို့အတွက် အကောင်းဆုံးလူတွေကို ရှာတွေ့နိုင်လို့ပဲ မဟုတ်လားဗျာ ။ ကောင်းပါပြီ၊ ဘုန်းတော်ကြီးတစ်ပါးဟာ ငယ်စဉ်ကလေးဘဝက သူ့ရည်းစားကို ခိုးသွားတဲ့ ငယ်သူငယ်ချင်းကို လက်စားချေမယ်လို့ထင်လားဗျာ။
.
လတ်တလော ဖေ့စ်ဘုတ်မှာ ရေပန်းစားနေတဲ့ ပို့စ်တစ်ခုဖြစ်တဲ့ အဆိုပါ ဘုန်းတော်ကြီး Fr. David Michael Moses ဟာ သူ၏ ကလေးဘဝ သူငယ်ချင်း Zachary Harvey ရဲ့ မင်္ဂလာပွဲကို တရားဝင် ကျင်းပပေးခဲ့ပါတယ်။ ထိုနေ့ ပွဲစတဲ့အချိန်မှာ ဘုန်းတော်ကြီး Moses ဟာ Zachary ကို ငယ်စဉ်ကတည်းက သိကြပြီး Zachary ရဲ့မိသားစုကိုလည်း ကောင်းစွာ သိကြောင်း ရှင်းပြခဲ့ပါတယ်။ ထို့နောက် သူဘုန်းကြီးစဖြစ်စဉ်အချိန်က သူစလုပ်ပေးခဲ့တဲ့ ပထမဆုံးမင်္ဂလာပွဲကလည်း Zachary ရဲ့ညီမ Meagan နဲ့ သူမရဲ့ခင်ပွန်း Tyler တို့ပဲ ဖြစ်ပြီး တကယ်တော့ Meagan ဟာ သူ ဒုတိယတန်းကျောင်းသားအရွယ်က သူ့ရဲ့ ပထမဆုံး crush ဖြစ်ခဲ့ကြောင်းဝန်ခံကာ ပရိသတ်များစွာအား ရယ်မောသွားစေခဲ့ပါတယ်။
.
တစ်ဖန် ဘုန်းတော်ကြီးက ” စိတ်မပူပါနဲ့ Tyler၊ ငါက သူ့အပေါ်ခံစားချက်မရှိတော့တာ လအတော်ကြာနေပါပြီ ” လို့ဆိုကာ လူအုပ်ကြားမှ ရယ်မောသံများကို ထပ်ကြားစေခဲ့ပါတယ်။ ဒါပေမယ့် ဒီမင်္ဂလာပွဲ၊ Zachary ရဲ့မင်္ဂလာပွဲဟာ သူ့ရဲ့ ‘လက်စားချေခြင်း’ နဲ့ ‘ဖျက်စီးခြင်း’ ကို ရယူတော့မှာဖြစ်တဲ့အကြောင်းအရာတစ်ခုရှိနေပါတယ်။ ထင်ရှားသည်မှာ သူနှင့် Zachary တို့ဟာ ငယ်စဉ်ကပင် တူညီတဲ့အသိုင်းအဝိုင်းကနေ အတူကြီးလာခဲ့ကြပြီး သူနဲ့ Zachary တို့ဟာ အထက်တန်းကျောင်းတက်တုန်းက အတူတူလူငယ်အဖွဲ့မှာရှိခဲ့ကြောင်း ရှင်းပြခဲ့ပါတယ်။
ထို့ပြင် ယခင်က သူဟာ Zachary နဲ့ တွဲဖို့ ကောင်မလေးတစ်ယောက်ဆီက လမ်းခွဲခံရလိုက်တုန်းကလည်း အဲ့ကောင်မလေးနဲ့ တစ်လလောက် တွဲခဲ့ဖူးကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဆိုပါကောင်မလေးက အခု Zachary လက်ထပ်တဲ့မိန်းကလေးမဟုတ်ပုံရပေမဲ့လည်း ဘုန်းတော်ကြီး Moses က ၁၃ နှစ်အကြာမှာ သူ့ငယ်ပေါင်းအား လက်စားချေနိုင်ခဲ့လို့ သူ့ကိုယ်သူ ကျေနပ်ဝမ်းသာနေခဲ့ပါတယ်။
၎င်းက ရယ်စရာကောင်းပြီး သူဟာ နောက်ပြောင်နေမှန်း လူတိုင်းသိနေကြပေမဲ့လည်း Netizens တွေက သူ့ဟာသကို သဘောကျနေခဲ့ကြသလို အချို့ကလည်း ဘုန်းတော်ကြီးတွေကလည်း လူသားတွေပါပဲလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Mia (Mckzone daily)
Reference : rachwed
Be the first to comment on "လွန်ခဲ့တဲ့ ၁၃ နှစ်က သူ့ချစ်သူကောင်မလေးအား တွဲခုတ်သွားခဲ့တဲ့ ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲအတွက် ပွဲဦးစီးကျင်းပပေးခဲ့ရတဲ့ ဘုန်းတော်ကြီးတစ်ပါး (ရုပ်သံ)"