ဘဝရဲ့နေ့စဉ်အကြောင်းကို တိုက်ရိုက်ထုတ်လွှင့်ပြီး အမှတ်မထင် အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိခဲ့တဲ့ မသန်မစွမ်းအမျိုးသား




JRose (KB Chimmy one)

Reference : goodtimes

Unicode

ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုမှာ မတော်တဆမှုတစ်ခုကြောင့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ခါးအောက်ပိုင်းသေတဲ့ တရုတ်အမျိုးသား Hao Panpan ဟာ သူ့ရဲ့ Live ထုတ်လွှင့်မှု အစီအစဉ်တစ်ခုကနေ သူ့ဘဝရဲ့ လက်တွဲဖော်ကို တစ်နေ့မှာ ဆုံတွေ့လိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့မိဘူးလို့ ဆိုပါတယ် ။ အခုဆို သူရဲ့ဇနီးသည်နဲ့ ပျော်ရွှင်စွာ လက်ထပ်လိုက်ပါပြီ ။ Hao က တရုတ်နိုင်ငံ မြောက်ပိုင်း၊ Handan ရှိ Huanggou ရွာမှ Hao က 2017 ခုနှစ် ဖေဖော်ဝါရီလမှာ Live ထုတ်လွှင့်တဲ့ ပလပ်ဖောင်းတစ်ခုမှ သူ့ရဲ့ဇနီး Fu Chengjun နဲ့ တွေ့ဆုံခဲ့တာပါ ။

“သူ့ကို အွန်လိုင်းပေါ်မှာ အချိန်အတော်ကြာ လိုက်ကြည့်ပြီးတဲ့နောက်မှာတော့ သူက သန်မာပြီး အကောင်းမြင်တတ်တဲ့သူတစ်ယောက်ဆိုတာ ကျွန်မ တွေ့ရှိခဲ့ပါတယ်။ အဲ့ကနေ ကျွန်မက သူ့ကို တဖြည်းဖြည်း ချစ်လာခဲ့တယ်” လို့ Fu က ဆိုပါတယ် ။ Hao တို့မှာ ကလေးနှစ်ဦးရှိပြီး Hao ရဲ့ မွေးရပ်မြေမှာ အခြေချရန် ဆုံးဖြတ်ခဲ့ကြပါတယ် ။Hao ကတော့ သူ့လို့မသန်မစွမ်းဖြစ်နေသူများအတွက် လှုံ့ဆော်ပေးတဲ့ ပလက်ဖောင်းတစ်ခုဖွင့်ပြီး Live ထုတ်လွှင့်မှုမှတစ်ဆင့် အသက်မွေးဝမ်းကြောင်းပြုခဲ့ပါတယ် ။

ယခုအချိန်အထိ သူ့ရဲ့ချန်နယ်မှာ Follower 70,000 ကျော်ရှိပြီး အများစုမှာ မသန်စွမ်းသူများဖြစ်ပါတယ် ။ သူတို့လင်မယားနှစ်ယောက်ဟာ အွန်လိုင်းမှာ စီးပွားရေးလုပ်ပြီးတော့ မျက်နှာသုတ်ပဝါနဲ့ အတွင်းခံတွေလိုမျိုး ထုတ်ကုန်တွေကို ရောင်းချပါတယ် ။

JRose (KB Chimmy one)

Be the first to comment on "ဘဝရဲ့နေ့စဉ်အကြောင်းကို တိုက်ရိုက်ထုတ်လွှင့်ပြီး အမှတ်မထင် အချစ်စစ်ကိုပါ ရှာဖွေတွေ့ရှိခဲ့တဲ့ မသန်မစွမ်းအမျိုးသား"

Leave a comment

Your email address will not be published.


*