ချစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းတို့ရဲ့နောက်ကွယ်က ခိုးလက်ထပ်ထားတဲ့ထိ ဖြစ်နေတဲ့ဖောက်ပြန်မှုကြောင့် ၄ လအတွင်း ကိုယ်အလေးချိန် ၃၀ ကီလိုဂရမ် လျော့ချပစ်လိုက်တဲ့ မိန်းကလေး

K-drama တွေမှာ ကံဆိုးတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရပြီးနောက် အဝလွန်နေတဲ့ ဇာတ်ဆောင်အမျိုးသမီးများက ပြောင်းလဲလှပလာကြတဲ့ရုပ်ရှင်များကို ကြည့်ဖူးကြမှာပါ။ ခုလည်း ဒီအမျိုးသမီးတစ်ဦးအတွက်၊ ဤအခြေအနေက လက်တွေ့ဖြစ်လာခဲ့ပါတယ်။ လက်တလောမှာ ၄ ​​လအတွင်း ၃၀ ကီလိုဂရမ် ဝိတ်ကျသွားခဲ့တဲ့ ဗီယက်နမ်ရှိ ကောလိပ်ကျောင်းသူတစ်ဦးရဲ့အဖြစ်အပျက်က ရေပန်းစားလာခဲ့ပါတယ်။ ၎င်းအတွက် သူမရဲ့ ကနဦး စေ့ဆော်မှုကတော့ သူမရဲ့ အခင်ဆုံးသူငယ်ချင်းနဲ့ ချစ်သူဖြစ်သူတို့ရဲ့နောက်ကွယ်က ဖောက်ပြန်မှုကြောင့်ပါဘဲ။ စိတ်ပျက်အားငယ်စွာ မျိုချနေမည့်အစား အခြေအနေက သူမကို ကိုယ်အလေးချိန် လျှော့ချရန် တွန်းအားပေးခဲ့ပါတယ်။

.

ETToday ၏ အဆိုအရ Ho Chi Minh City မှ အဆိုပါ ၂၂ နှစ်အရွယ် Nguyễn Thị Thảo Nhi ဟာ ငယ်စဉ်ကပင် ကိုယ်အလေးချိန်ကြောင့် အမြဲလှောင်ပြောင်ခံခဲ့ရပြီး ဖက်ရှင်ဒီဇိုင်းကို ဝါသနာပါပေမဲ့ Nguyễn ဟာ သူမရဲ့ ပုံသဏ္ဍာန်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် အဝတ်အစားတွေကိုသာ မကြာခဏ ဝတ်ဆင်လေ့ရှိပါတယ်။ ဒီလို ကံဆိုးတဲ့ အခြေအနေတွေက သူမကို ကိုယ့်ကိုယ်ကို အထင်ကြီးလေးစားမှု နည်းပါးစေခဲ့တယ်။ အထက်တန်းကျောင်းတက်နေစဉ်အတွင်း Nguyễn ဟာ သူမအားလှတယ်လို့ ပထမဆုံးပြောတဲ့ ကောင်လေးတစ်ယောက်နှင့် တွေ့ဆုံခဲ့ပြီး အံ့အားသင့်စရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုကြောင့် မပြတ်ခင်အထိ သူမတို့စုံတွဲဟာ 3 နှစ်ကြာ တွဲခဲ့ကြပါတယ်။

.

ထင်ရှားတာက သူမရဲ့ချစ်သူဟာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းနှင့် လက်ထပ်ထားတဲ့အထိ ဆက်ဆံရေးရှိနေခဲ့ပါတယ်။ ဒါပေမဲ့ စိတ်အားထက်သန်တဲ့ အမျိုးသမီး ဇာတ်ဆောင်များကဲ့သို့ပင်၊ Nguyễn ဟာ သူမရဲ့ကိုယ်အလေးချိန် လျှော့ချရေး ခရီးအတွက် တွန်းအားပေးမှုအဖြစ် ၎င်းအခြေအနေကိုအသုံးချကာ သူမ၏အစားအသောက်ကို ထိန်းချုပ်ဖို့အတွက် နို့လက်ဖက်ရည်နှင့် ကယ်လိုရီပါဝင်သည့် သရေစာများကိုစွန့်လွှတ်ခဲ့သလို သူမရဲ့ပန်းတိုင်ဆီရောက်ဖို့ ပြင်းထန်တဲ့လေ့ကျင့်ခန်းများကိုလည်း မကြာခဏပြုလုပ်ခဲ့ပါတယ်။ 4 လအကြာမှာ ၊ Nguyễn ရဲ့ကိုယ်အလေးချိန်ဟာ 80 ကီလိုဂရမ်မှ 50 ကီလိုဂရမ်သို့ကျဆင်းသွားပြီး အချိန်တိုလေးအတွင်း 30 ကီလိုဂရမ်ကို သိသိသာသာ လျော့ချနိုင်ခဲ့ပါတယ်။

.

သူမရဲ့ ရုပ်ထွက်အသစ်ကြောင့် Nguyễn ဟာ အခုဆို သူမအမြဲဝတ်ချင်နေခဲ့တဲ့ဝတ်စုံအားလုံးကိုဝတ်ဖို့ ယုံကြည်မှုတွေပိုရှိလာပါပြီ။ အင်တာဗျူးတစ်ခုမှာတော့ သူမက “ အခုတော့ ရည်းစားဟောင်းကို အရမ်းကျေးဇူးတင်နေတယ်။ ကိုယ်အလေးချိန် လျှော့ချပြီးနောက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာပြီး အရမ်းပျော်ပါတယ် ” လို့ဖြေခဲ့ပါတယ်။ တစ်ခါတစ်ရံမှာ ကောင်းမွန်တဲ့ဘဝဖြင့် နေထိုင်ခြင်းကလည်း အကောင်းဆုံးလက်စားချေခြင်းပါဘဲ။ Nguyễn ရဲ့နှလုံးသားလေး ကွဲကြေသွားခဲ့တာသေချာပေမဲ့လည်း ၎င်းကိုအသုံးချပြီး ကိုယ်အလေးချိန်လျှော့ချကာ သူမရဲ့အိပ်မက်များကို အကောင်အထည်ဖော်နိုင်ခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်။

JRose (Mckzone daily)

Reference : mustsharenews

Be the first to comment on "ချစ်သူနဲ့ အချစ်ဆုံးသူငယ်ချင်းတို့ရဲ့နောက်ကွယ်က ခိုးလက်ထပ်ထားတဲ့ထိ ဖြစ်နေတဲ့ဖောက်ပြန်မှုကြောင့် ၄ လအတွင်း ကိုယ်အလေးချိန် ၃၀ ကီလိုဂရမ် လျော့ချပစ်လိုက်တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*