ထွက်သက်မတိုင်မီ နောက်ဆုံးအကြိမ်အဖြစ် လတ်ဆတ်တဲ့လေကိုရှုရှိုက်ခံစားနေခဲ့တဲ့မျက်နှာအမူအရာကြောင့် မိသားစုကို မျက်ရည်များစီးကျစေခဲ့တဲ့ နာမကျန်းခွေးလေး(ရုပ်သံ)

Kramer အမည်ရှိအမျိုးသမီးတစ်ဦးက Pit Bull ရောနှောတဲ့ Libra အမည်ရှိခွေးလေးတစ်ကောင်ကို သူမအိမ်သို့ခေါ်ဆောင်လာခဲ့တဲ့အချိန်တုန်းက Libra ဟာ ချစ်စဖွယ်ခွေးပေါက်လေးအရွယ်မျှသာ ရှိပါသေးတယ်။ ထိုအချိန်မှာ Libra က အသက် ၈ နှစ်သာရှိသေးတဲ့ April အမည်ရှိသူမရဲ့သမီး နှင့် အထူးနှောင်ကြိုးကို ဖန်တီးခဲ့ကြပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ Libra လေးက April ရဲ့ Maxwell အမည်ရှိချစ်စရာကြောင်ပေါက်တစ်ကောင်နှင့်လည်း အကောင်းဆုံးသူငယ်ချင်းများဖြစ်လာခဲ့ပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ April ဟာ ကြီးပြင်းလာခဲ့ပြီး Libra ကလည်း သူမအတွက် ခိုင်မာတဲ့ အထောက်အပံ့အရင်းအမြစ်ဖြစ်လာခဲ့ပါတယ်။

.

ဒါပေမယ့် Libra က သူမရဲ့အနားမှာ 15 နှစ်ကြာ ရွှင်လန်းလာခဲ့ပြီးနောက်မှာတော့ သက်ကြီးရွယ်အိုဖြစ်လာပြီး သူမရဲ့ကျန်းမာရေးပြဿနာတချို့လည်း စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ Libra ရဲ့ကျန်းမာရေးပြဿနာများက ပြင်းထန်သောအတက်ရောဂါဖြစ်ခြင်းများဖြင့် စတင်ခဲ့ပြီး ကင်ဆာဖြစ်စေတဲ့အဆုတ်အကျိတ်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။ Libra ကို တိရိစ္ဆာန်ဆေးကုဆရာဝန်များထံ အကြိမ်ကြိမ်သွားရောက်ပြသခဲ့ပြီးနောက်မှာ သူမရဲ့အခြေအနေက အချိန်များစွာ မကျန်တော့တဲ့ ရှင်းလင်းတဲ့အဖြေတစ်ခုထွက်လာခဲ့ပါတယ်။

.

နာမကျန်းဖြစ်လာတဲ့ Libra ရဲ့ဆီးအိမ်က လျင်မြန်စွာ ပျက်ပြယ်သွားခဲ့ပြီး သူမအား မခံစားနိုင်တဲ့ဝေဒနာကိုဖြစ်ပေါ်စေတဲ့အတွက် Kramer တို့မိသားစုက Libra လေးအား ဆေးထိုးပြီး ထာဝရအိပ်စက်သွားစေမဲ့ နောက်ဆုံးအခြေအနေတစ်ခုကိုရင်ဆိုင်ရန် ဆုံးဖြတ်ခဲ့ကြရပါတယ်။ သို့ပေမဲ့ April က Libra အပေါ် သူမရဲ့ခြွင်းချက်မရှိတဲ့ထာဝရချစ်ခြင်းအတွက် Libra အမြဲနှစ်သက်တဲ့အရာတစ်ခုကို နောက်ဆုံးအကြိမ် ပြုလုပ်ပေးဖို့ဆုံးဖြတ်ကာ ကားစီးရတာကြိုက်တဲ့ Libra လေးအတွက် April က တိရိစ္ဆာန်ဆေးကုဆရာဝန်ထံသို့သွားနေတဲ့ Libra လေးရဲ့နောက်ဆုံးအကြိမ် ကားစီးနေတုန်း ကားမှန်ကိုချပေးကာ Libra လေးရဲ့အကြိုက်ဆုံးအတွေ့အကြုံကို ခံစားခွင့်ပေးခဲ့ပါတယ်။

နောက်ထပ် မိနစ် 30 လောက်အကြာမှာတော့ Libra လေးက ရှုခင်းများကို ငြိမ်သက်စွာ ကြည့်ရင်း နောက်ဆုံးအကြိမ်အဖြစ် လတ်ဆတ်တဲ့လေပြေလေးကိုရှုရှိုက်ခံစားကာ သူမရဲ့မျက်လုံးများကိုမှိတ်ရင်း ထာဝရအိပ်စက်သွားခဲ့ပါတယ်။ Libra လေးက အခုတော့ သက်တံ့ကိုဖြတ်ကျော်ရင်း သူမရဲ့ ဝိညာဉ်လည်း နာကျင်ခြင်း (သို့) ခံစားရခြင်းမှ ဝေးကွာသွားခဲ့ပါပြီ။ နောက်ဆုံးမှာ ဝမ်းနည်းကြေကွဲနေတဲ့ April က သူမရဲ့အကောင်းဆုံး ငယ်သူငယ်ချင်းလေးကို ဂုဏ်ပြုတဲ့အနေနဲ့ Libra လေးရဲ့နောက်ဆုံးကားစီးခဲ့တဲ့ စိတ်ခံစားမှုဆိုင်ရာပုံရိပ်ကို မျှဝေပေးခဲ့ပါတယ်။ Libra လေး မိုးကောင်းကင်မှာ အေးငြိမ်းစွာ အနားယူနေမယ်လို့ မျှော်လင့်မိပါတယ်ဗျာ ။

Mia (Mckzone daily)

Reference : fascinating

Be the first to comment on "ထွက်သက်မတိုင်မီ နောက်ဆုံးအကြိမ်အဖြစ် လတ်ဆတ်တဲ့လေကိုရှုရှိုက်ခံစားနေခဲ့တဲ့မျက်နှာအမူအရာကြောင့် မိသားစုကို မျက်ရည်များစီးကျစေခဲ့တဲ့ နာမကျန်းခွေးလေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*