စာသင်ခန်းထဲမှာ ဆံပင်ညှပ်ဆိုင်ဖွင့်ပြီး လူငယ်မျိုးဆက်ရဲ့စွန့်ဦးတီထွင်မှုစိတ်ဓာတ်ကို ပြသခဲ့တဲ့ ခြောက်တန်းကျောင်းသူတစ်စု (ရုပ်သံ)

ဒါကတော့ ထိုင်းနိုင်ငံ Maha Sarakham ကျောင်းရှိ စာသင်ခန်းထဲမှာ ဆံပင်ညှပ်ဆိုင်ဖွင့်နေတဲ့ ကျောင်းသူတစ်စုအား လက်ပူးလက်ကြပ်မိခဲ့တဲ့အဖြစ်အပျက်တစ်ခုပါဘဲ။ ဗီဒီယိုထဲမှာ ထိုကျောင်းသူလူငယ်တစ်စုက ၎င်းတို့ရဲ့ဆံပင်ကို ဆံပင်ဖြောင့်စက်တစ်ခုနဲ့ ဖြောင့်နေကြတာကို တွေ့ခဲ့ရပါတယ်။ ထိုကျောင်းသူတစ်စုက ၎င်းတို့ဆံပင်ကို ပြီးပြည့်စုံအောင် ဖြောင့်နေတုန်း ဆရာမတစ်ဦးက ၎င်းတို့အတန်းထဲသို့ ဝင်ရောက်လာပြီး ကျောင်းသူများအား အံ့အားသင့်သွားစေခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ ဆံပင်ဖြောင့်ပြီးသား ကျောင်းသူတစ်ဦးက ဆရာမ ကင်မရာဖြင့်ဝင်ရောက်လာတာကိုသတိပြုမိတော့ ကင်မရာဆီသို့ချဉ်းကပ်ပြီး လှပတဲ့အပြုံးနဲ့ ပြုံးပြနေခဲ့ပါတယ်။

.

ထို့ပြင် သူမရဲ့သူငယ်ချင်းများကလည်း မထင်မှတ်ဘဲ ဆရာမ ရောက်ချလာတာကိုအံ့သြသွားခဲ့ပြီး ထိုစားပွဲခုံမှ အဝေးသို့ အမြန်ပြေးထွက်သွားခဲ့ကြပါတယ်။ ၎င်းတို့က စာကျက်ဖို့ဘဲ ပြေးသွားတာလား ဒါမှမဟုတ် အခန်းထဲကနေ ထွက်မပြေးဘူးလားဆိုတာ သေချာမသိခဲ့ရပေမယ့် ဆံပင်ဖြောင့်စက်ကို ဖြုတ်ပြီး စားပွဲပေါ်တင်ထားခဲ့တာကိုတော့ သဘောကျမိပါတယ်။ အဆိုပါဗီဒီယိုကTikTok မှာ ပျံ့နှံ့သွားပြီးနောက် လိုက်ခ်ပေါင်း 181K ကျော် နှင့် အင်တာနက်အသုံးပြုသူအများအပြားက အဆိုပါကျောင်းသားများကို ရယ်မောကြပြီး ၎င်းတို့ရဲ့မှတ်ချက်များကို မျှဝေခဲ့ကြပြီး ” ကင်မရာဆီ ချဉ်းကပ်လာတဲ့ ကောင်မလေးကြောင့် ကျွန်တော် ရယ်မိသွားခဲ့တယ် ” ၊

.

” ချစ်စရာလေးတွေပါ၊ သူတို့အားလုံးက ဆယ်ကျော်သက်အရွယ်တွေဖြစ်တဲ့အတွက် လှပချင်ကြတာ ပုံမှန်ပါပဲ ” ၊ ” ကျွန်မငယ်ငယ်တုန်းကလည်း အဲဒီလိုပဲ လုပ်ခဲ့ဖူးတယ် ” လို့လည်း တုံ့ပြန်ခဲ့ကြပါတယ်။ ကင်မရာကို ပြုံးပြနေတဲ့ ကျောင်းသူရဲ့ဆံပင်ပုံစံကို ကြည့်ခြင်းအားဖြင့် ထက်မြက်တဲ့ ဆံပင်ညှပ်ဆရာ မျိုးဆက်သစ်ကို ရှာဖွေတွေ့ရှိခဲ့သည်မှာ သေချာပါတယ်။

.

၎င်းတို့က ၎င်းတို့ရဲ့ ဆံပင်ဖြောင့်ခြင်းစွမ်းရည်ကို ကျွမ်းကျင်စွာ တန်မြောက်ပြီးတာနဲ့ ၎င်းတို့ရဲ့အခြားအလှပြုပြင်ဖန်တီးမှုများကို ဒီ့ထက်မက ချဲ့ထွင်နိုင်မယ်ဆိုရင် အနာဂတ်မှာ ပရော်ဖက်ရှင်နယ် ဆံပင်ညှပ်ဆရာတွေဖြစ်လာမယ်လို့ ယုံကြည်မိပါတယ်လေ။

Mia (Mckzone daily)

Reference : thesmartlocal

Be the first to comment on "စာသင်ခန်းထဲမှာ ဆံပင်ညှပ်ဆိုင်ဖွင့်ပြီး လူငယ်မျိုးဆက်ရဲ့စွန့်ဦးတီထွင်မှုစိတ်ဓာတ်ကို ပြသခဲ့တဲ့ ခြောက်တန်းကျောင်းသူတစ်စု (ရုပ်သံ)"

Leave a comment

Your email address will not be published.


*