၃ခါလောက်ဘဲ Date လုပ်ဖူးပေမဲ့ ဘယ်သူနဲ့ရထားမှန်းမသိတဲ့ ကိုယ်ဝန်ကို တာဝန်ယူပြုစုစောင့်ရှောက်ရန် ကူညီပေးခဲ့တဲ့ အမျိုးသား




JRose (Mckzone daily)

Reference : khaosod

Unicode

သြစတြေးလျနိုင်ငံ၊ Brisbane ပြည်နယ်မှ အသက် 20 နှစ်အရွယ် မိခင် “Alyssa Hosjed” ဟာ Tinder မှ အသက် 25 နှစ်အရွယ် အမျိုးသား “Max Silvi” နဲ့ တွေ့ဆုံခဲ့ပါတယ် ။ သူတို့နှစ်ယောက်က Ollie လေးကို မမွေးခင် ချိန်းတွေ့တာ သုံးခါသာရှိပါတယ် ။ ထိုအချိန်မှာ Alyssa ဟာ ကိုယ်ဝန် ၆ လရှိပြီဖြစ်ပြီး သူမမှာ ကိုယ်ဝန်ရှိနေတယ်လို့ တစ်ခါမှ မပြောခဲ့ပါဘူး ။ စက်တင်ဘာလမှာ ကိုယ်ဝန် ၈ လရှိပြီဖြစ်တဲ့ Alyssa က ရေမြွှာရည်က အရင်ကွဲသွားဒါကြောင့် သူမ ဆေးရုံကို အမြန်သွားခဲ့ရပါတယ် ။

Alyssa က ထိုအချိန်မှာ ငယ်ရွယ်ပြီး တစ်ကိုယ်တည်းဖြစ်နေသောကြောင့် Max က သူမကို အဲ့နေရာမှာ အတူမရှိမှာကို သူမက စိတ်ပူနေပါတယ် ။ ဒါပေမဲ့ Max က ပို့ဆောင်စဉ်အတွင်း သူက သူမနဲ့အတူ ၇နာရီကြာအောင် အတူနေခဲ့ပါတယ် ။ ထိုအချိန်မှာ ဆေးရုံဝန်ထမ်းများက Max ကို ကလေးရဲ့ဖခင်ဖြစ်တယ်လို့ ထင်ကာ သူမနဲ့ အတူနေထိုင်ရန် တောင်းဆိုခဲ့ပါတယ် ။ ဒီကလေးဟာ ဘယ်သူနဲ့ရထားမှန်းမသိပေမဲ့ အဖလို့ ခေါ်တဲ့အခါမှာ Max က ငြင်းဆိုခြင်းမရှိတဲ့အပြင် ကလေးမွေးပြီးတာနဲ့ သူမနဲ့ကလေးကို ပြုစုစောင့်ရှောက်ဖို့ တစ်ပတ်လောက် အလုပ်ခွင့်ယူခဲ့ပါတယ် ။

ဒီကြည်နူးစရာကောင်းတဲ့ သတင်းလေးဟာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ် ။ အင်တာနက်အသုံးပြုသူများက Max ရဲ့မေတ္တာနဲ့ကြင်နာမှုကို ချီးကျူးကြပါတယ် ။ Alyssa ဟာ သူမရဲ့ tiktok ဗီဒီယိုကို ကြည့်ရှုရာမှ သူတို့နှစ်ဦးစလုံးက တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်နေကြဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ် ။ ယခုတော့ Max ဟာ Alyssa နဲ့ ကလေးနဲ့အတူ ပြောင်းရွှေ့နေထိုင်နေပြီဖြစ်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "၃ခါလောက်ဘဲ Date လုပ်ဖူးပေမဲ့ ဘယ်သူနဲ့ရထားမှန်းမသိတဲ့ ကိုယ်ဝန်ကို တာဝန်ယူပြုစုစောင့်ရှောက်ရန် ကူညီပေးခဲ့တဲ့ အမျိုးသား"

Leave a comment

Your email address will not be published.


*