တစ္ေယာက္တည္းေနရတာကို ႏွစ္သက္ေၾကာင္း ရင္ဖြင့္လာတဲ့ ႂကြက္သားခႏၶာကိုယ္နဲ႔ မိန္းကေလးတစ္ဦး

လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ဗီယက္နမ္ႏိုင္ငံရွိ Ny Ny Tran ဆိုတဲ့ မိန္းကေလးဟာ ထူးထူးျခားျခား အသြင္အျပင္ကို ပိုင္ဆိုင္ထားတာေၾကာင့္ လူမ်ားကို အထင္ႀကီးေစခဲ့ပါတယ္ ။ လတ္တေလာမွာေတာ့ သူမဟာ အခ်စ္နဲ႔ ပတ္သက္တဲ့ မွတ္ခ်က္ေတြကို တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္ ။ Ny Ny Tran က လက္ရွိမွာ ကိုယ္ကာယဗလလုပ္သူျဖစ္ၿပီး လူအမ်ားက “muscle doll” လို႔ေခၚတြင္ၾကပါတယ္ ။ အဆိုပါနာမည္က သူမရဲ႕ႂကြက္သားခႏၶာကိုယ္နဲ႔ 6-pack abs မွဆင္းသက္လာတာပါ ။

လက္ရွိခႏၶာကိုယ္ကို ရရွိဖို႔အတြက္ Ny Ny Tran ဟာ ေလ့က်င့္ခန္းလုပ္ၿပီး တင္းတင္းက်ပ္က်ပ္ စားေသာက္ ေနထိုင္ရပါတယ္ ။ သူမက Gym မွာပထမဆုံးေလ့က်င့္ခန္းစလုပ္တဲ့အခါ သူမက 47 ကီလိုဂရမ္သာအေလးခ်ိန္ရွိပါတယ္ ။ ယခုမွာေတာ့ ၿပီးျပည့္စုံတဲ့ခႏၶာကိုယ္ကို ပိုင္ဆိုင္ထားၿပီး မိန္းကေလးသူငယ္ခ်င္းေတာ္ေတာ္မ်ားမ်ားကေတာင္ Ny Ny Tran ကို သေဘာက်ၾကပါတယ္ ။ ဒါေပမဲ့ Ny Ny Tran လို သန္မာတဲ့ မိန္းကေလးက ရည္းစားရွာဖို႔ အလြန္ခက္ခဲမယ္လို႔ အခ်ိဳ႕က ထင္ျမင္ၾကပါတယ္ ။

Ny Ny Tran က ” ေဒါသ၊ ျငင္းခုံမႈေတြနဲ႔ ခ်စ္မိမွာ ၿငီးေငြ႕ေနတယ္ ။ ငါ အိမ္ေထာင္မျပဳဘူးလို႔ ေျပာတာ မဟုတ္ဘူး၊ ဒါေပမယ့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ လိုခ်င္တဲ့အခ်ိန္ ရွိေကာင္းရွိလာႏိုင္တာမို႔လို႔ပါ။ အခုကေတာ့ လြတ္လြတ္လပ္လပ္ ေနတာကိုႀကိဳက္တယ္။ စီးပြားေရးကိစၥေတြမွာ တစ္ေယာက္ေယာက္ကို ပခုံးမွီဖို႔ မေတြးဖူးဘူး။ ကိုယ့္ကိုကိုယ္ဘဲ အားကိုးခ်င္တယ္” လို႔ Ny Ny က ရင္ဖြင့္ပါတယ္ ။ လက္ရွိမွာေတာ့ Ny Ny Tran က သူမရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ေတြကို အာ႐ုံစိုက္ေနၿပီး Single ျဖစ္ေနခ်ိန္မွာ ပိုေပ်ာ္တယ္ လို႔ ထပ္မံဆိုထားပါတယ္ ။

JRose (Mckzone daily)

Reference : yan

Unicode

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဗီယက်နမ်နိုင်ငံရှိ Ny Ny Tran ဆိုတဲ့ မိန်းကလေးဟာ ထူးထူးခြားခြား အသွင်အပြင်ကို ပိုင်ဆိုင်ထားတာကြောင့် လူများကို အထင်ကြီးစေခဲ့ပါတယ် ။ လတ်တလောမှာတော့ သူမဟာ အချစ်နဲ့ ပတ်သက်တဲ့ မှတ်ချက်တွေကို တုံ့ပြန်ပြောဆိုခဲ့ပါတယ် ။ Ny Ny Tran က လက်ရှိမှာ ကိုယ်ကာယဗလလုပ်သူဖြစ်ပြီး လူအများက “muscle doll” လို့ခေါ်တွင်ကြပါတယ် ။ အဆိုပါနာမည်က သူမရဲ့ကြွက်သားခန္ဓာကိုယ်နဲ့ 6-pack abs မှဆင်းသက်လာတာပါ ။

လက်ရှိခန္ဓာကိုယ်ကို ရရှိဖို့အတွက် Ny Ny Tran ဟာ လေ့ကျင့်ခန်းလုပ်ပြီး တင်းတင်းကျပ်ကျပ် စားသောက် နေထိုင်ရပါတယ် ။ သူမက Gym မှာပထမဆုံးလေ့ကျင့်ခန်းစလုပ်တဲ့အခါ သူမက 47 ကီလိုဂရမ်သာအလေးချိန်ရှိပါတယ် ။ ယခုမှာတော့ ပြီးပြည့်စုံတဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး မိန်းကလေးသူငယ်ချင်းတော်တော်များများကတောင် Ny Ny Tran ကို သဘောကျကြပါတယ် ။ ဒါပေမဲ့ Ny Ny Tran လို သန်မာတဲ့ မိန်းကလေးက ရည်းစားရှာဖို့ အလွန်ခက်ခဲမယ်လို့ အချို့က ထင်မြင်ကြပါတယ် ။

Ny Ny Tran က ” ဒေါသ၊ ငြင်းခုံမှုတွေနဲ့ ချစ်မိမှာ ငြီးငွေ့နေတယ် ။ ငါ အိမ်ထောင်မပြုဘူးလို့ ပြောတာ မဟုတ်ဘူး၊ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ လိုချင်တဲ့အချိန် ရှိကောင်းရှိလာနိုင်တာမို့လို့ပါ။ အခုကတော့ လွတ်လွတ်လပ်လပ် နေတာကိုကြိုက်တယ်။ စီးပွားရေးကိစ္စတွေမှာ တစ်ယောက်ယောက်ကို ပခုံးမှီဖို့ မတွေးဖူးဘူး။ ကိုယ့်ကိုကိုယ်ဘဲ အားကိုးချင်တယ်” လို့ Ny Ny က ရင်ဖွင့်ပါတယ် ။ လက်ရှိမှာတော့ Ny Ny Tran က သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေကို အာရုံစိုက်နေပြီး Single ဖြစ်နေချိန်မှာ ပိုပျော်တယ် လို့ ထပ်မံဆိုထားပါတယ် ။

JRose (Mckzone daily)

Be the first to comment on "တစ္ေယာက္တည္းေနရတာကို ႏွစ္သက္ေၾကာင္း ရင္ဖြင့္လာတဲ့ ႂကြက္သားခႏၶာကိုယ္နဲ႔ မိန္းကေလးတစ္ဦး"

Leave a comment

Your email address will not be published.


*