စာအိတ်ပေါ် ပိုက်ဆံတောင်းတဲ့စာရေးပေးဖို့ လာရောက်အကူအညီတောင်းတဲ့ စာမတတ်တဲ့အဘိုးအား စာသားတစ်လွှဲတွေရေးပေးလိုက်ကြတဲ့ အကြင်နာမဲ့လူတစ်စု

နေရာတော်တော်များများမှာ ဘယ်လိုစာရေးပြီး ဘယ်လိုဖတ်ရမှာကို မသိတဲ့သူတွေ ရှိနေတာက ဝမ်းနည်းစရာကောင်းတဲ့ အမှန်တရားတစ်ခုပါပဲ။ ဟုတ်ပါတယ်၊ သူတို့မှာ ရွေးချယ်စရာမရှိလို့ကျောင်းနဲ့ဝေးကွာနေရတာ ဒါမှမဟုတ် ပညာသင်ကြားဖို့ အခွင့်အလမ်းမရှိလို့ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စာမရေး၊ဖတ်နိုင်လို့ ဝမ်းနည်းနေချိန်မှာတော့ ဒါဟာ ကျွန်တော်တို့ ပျက်ရယ်မပြုဘဲ ၊ မလှောင်ပြောင်သင့်တာ သေချာပါတယ်။ ဝမ်းနည်းစရာကောင်းတာက သူတို့က တခြားသူတွေထက် ပိုတော်တယ်လို့ ထင်နေကြတဲ့သူတွေရှိနေပြီး စာရေး၊စာမဖတ်တတ်သူတွေဟာ တရားမျှတတဲ့ ကစားနည်းလို့ ထင်နေကြတဲ့သူတွေလည်း ရှိနေပါတယ်။ စိတ်မကောင်းစွာဘဲ ၎င်းအဖြစ်အပျက်ဟာ စာအိတ်ပေါ်မှာ စာသားတစ်ခုဖန်တီးဖို့ တစ်နေရာရာမှာ နားနေသူများကို အကူအညီတောင်းခဲ့တဲ့ အဘိုးတစ်ဦးမှာ ဖြစ်ပျက်ခဲ့ပါတယ်။

.

အဆိုပါအဘိုးက စားနပ်ရိက္ခာအတွက် သူ့ကိုပိုက်ဆံပေးဖို့ လူတွေကို အသနားခံနေရမှာဖြစ်တဲ့အတွက် နားနေသူတွေအား “ အလှူငွေလေး ပေးသနားပါ ” လို့ရေးခိုင်းခဲ့ပါတယ်။ သို့ပေမဲ့ Red Horse ဆိုတာဟာ ဖိလစ်ပိုင်မှာ လူကြိုက်များတဲ့ ဘီယာအမှတ်တံဆိပ်တစ်ခုဖြစ်ပြီး နားနေသူများက “ Red Horse လေးပေးသနားပါ ” လို့ စာအိတ်ပေါ်ရေးသားကာ အဘိုးကို လှောင်ပြောင်ပျက်ရယ်ပြုခဲ့ကြပါတယ်။ အဘိုးက ဘာဖြစ်နေမှန်းကို မသိတာ ထင်ရှားနေပေမယ့် လမ်းသွားလမ်းလာတချို့က သူကိုယ်တိုင် အရက်သောက်ဖို့ ပိုက်ဆံသုံးတော့မှာမို့ ပိုက်ဆံမထည့်ထိုက်ဘူးလို့ ဒေါသတကြီးပြောတဲ့အခါ သူ အံ့ဩသွားခဲ့ရပါတယ်။

.

သက်ဆိုင်ရာ နိုင်ငံသားတစ်ဦးမှ ၎င်းစာသားရဲ့အဓိပ္ပါယ်အကြောင်း ပြောပြပြီး ဘယ်သူက ရေးပေးလိုက်တဲ့အကြောင်းမေးမြန်းလိုက်မှ အကြင်နာတရားမဲ့တဲ့နားနေသူအချို့က ထိုကဲ့သို့ အမှန်တကယ် လုပ်ဆောင်ခဲ့တာကို သိရှိခဲ့ရပါတယ်။

.

အင်တာနက်အသုံးပြုသူများက ၎င်းအဖြစ်အပျက်အပေါ် ဒေါသဖြစ်ကာ အဘိုးလည်း သူလိုအပ်သောအကူအညီကို ရရှိလာစေဖို့နှင့် နောင်အခါမှာ ၎င်းနာနေသူတွေကဲ့သို့သော အကြင်နာတရားမဲ့သူတွေရဲ့လှောင်ပြောင်ခြင်းမခံရအောင် မျှော်လင့်ချက်ဖြင့် ၎င်း ပိုစ့်ကို အလျင်အမြန် ပြန်လည်မျှဝေပေးခဲ့ကြပါတယ်။

Jasmine (Mckzone daily)

Reference : rachfeed

Be the first to comment on "စာအိတ်ပေါ် ပိုက်ဆံတောင်းတဲ့စာရေးပေးဖို့ လာရောက်အကူအညီတောင်းတဲ့ စာမတတ်တဲ့အဘိုးအား စာသားတစ်လွှဲတွေရေးပေးလိုက်ကြတဲ့ အကြင်နာမဲ့လူတစ်စု"

Leave a comment

Your email address will not be published.


*