ခ်စ္သူဆီက ထားသြားခံရၿပီးေနာက္မွာ အခ်စ္ကို နာက်ဥ္းသြားတဲ့ မွတ္စုရွည္တစ္ခုျဖင့္ ခႏၶာကိုယ္ေပၚ တက္တူးထိုးခ်ပစ္လိုက္တဲ့ အမ်ိဳးသားတစ္ဦး

မၾကာေသးမီက အသည္းကြဲလူငယ္တစ္ဦးဟာ ၎၏ခ်စ္သူေကာင္မေလး ထားသြားတာခံလိုက္ရၿပီးေနာက္မွာ ၎၏ခႏၶာကိုယ္ေပၚမွာ ရွည္လ်ားတဲ့မွတ္စုရွည္တစ္ခုျဖင့္ တက္တူးထိုးပစ္လိုက္ပါတယ္။ သူ႔ရည္းစားနဲ႔ လမ္းခြဲၿပီးတဲ့ေနာက္မွာေတာ့ အဆိုပါေကာင္ေလးက သူ႔ခႏၶာကိုယ္မွာ အခ်စ္အတြက္ ဘယ္လိုအစီအစဥ္ေတြရွိခဲ့လဲဆိုတာကို ျပန္ေျပာျပတဲ့ ရွည္လ်ားတဲ့ မွတ္စုတစ္ခုကိ ေဆးမွင္ေၾကာင္ျဖင့္ ေရးခ်ခဲ့ပါတယ္။ ေရးတဲ့စာမွာေတာ့ သူဟာ လြယ္လြယ္နဲ႔ သူမကို ေမ့သြားမွာမဟုတ္ေပမယ့္ သူမလုပ္ခဲ့တဲ့လုပ္ရပ္ေၾကာင့္ သူ႔အထင္ သူဟာ အျခားေကာင္မေလးေတြကိုပါ ဘယ္ေတာ့မွ ျပန္မခ်စ္ႏိုင္ေတာ့ဘူးလို႔ေရးသားထားခဲ့ပါတယ္။

” မင္းကို ခ်စ္ရဖို႔ အစီအစဥ္ေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ မၾကာခင္မွာ မင္းကို အျမန္ႀကီး ဆုံးရႈံးလိုက္ရမယ္လို႔ မထင္ခဲ့ဘူး။ ဒါေပမယ့္ မင္းက ငါ့ကို အရည္အခ်င္းေတြ ရွာေတြ႕ေအာင္ လုပ္ေပးခဲ့လို႔ မင္းကို ေမ့လို႔မရဘူး။ မင္းက ငါ့ကို ထပ္မခ်စ္ႏိုင္ေတာ့တဲ့ ေကာင္ေလးတစ္ေယာက္လို အမာ႐ြတ္ က်န္ေစခဲ့တယ္ (အခ်စ္တု)” လို႔ တက္တူးမွာ ေရးထားပါတယ္။ အျခားသတင္းမ်ားအရေတာ့ အဆိုပါ ႏိုင္ဂ်ီးရီးယားအမ်ိဳးသားဟာ ၎ရဲ႕သတို႔သမီးေလာင္းက သူမဖခင္ရဲ႕စကားကိုသာ နားေထာင္တဲ့အတြက္ေၾကာင့္ ၎တို႔ရဲ႕မဂၤလာပြဲကို ဖ်က္သိမ္းလိုက္ေၾကာင္း သိရပါတယ္။

ထို႔ျပင္ Twitter အသုံးျပဳသူ @thepoetpreneur ၏အဆိုအရေတာ့ အဆိုပါအမ်ိဳးသားဟာ ၎၏အရင္းႏွီးဆုံးသူငယ္ခ်င္းျဖစ္ၿပီး သူ႔ရဲ႕သတို႔သမီးေလာင္းက သူမ၏မိခင္အပါအဝင္ မိသားစုဝင္ ဘယ္တစ္ဦးတစ္ေယာက္ကိုမွ မထိန္းခ်ဳပ္ႏိုင္ခဲ့တဲ့အတြက္ေၾကာင့္ မဂၤလာပြဲကို ဖ်က္သိမ္းခဲ့ရေၾကာင္းလည္း သိရွိရပါတယ္။

Mia (Mckzone daily)

Reference : yabaleftonline

Unicode

မကြာသေးမီက အသည်းကွဲလူငယ်တစ်ဦးဟာ ၎င်း၏ချစ်သူကောင်မလေး ထားသွားတာခံလိုက်ရပြီးနောက်မှာ ၎င်း၏ခန္ဓာကိုယ်ပေါ်မှာ ရှည်လျားတဲ့မှတ်စုရှည်တစ်ခုဖြင့် တက်တူးထိုးပစ်လိုက်ပါတယ်။ သူ့ရည်းစားနဲ့ လမ်းခွဲပြီးတဲ့နောက်မှာတော့ အဆိုပါကောင်လေးက သူ့ခန္ဓာကိုယ်မှာ အချစ်အတွက် ဘယ်လိုအစီအစဉ်တွေရှိခဲ့လဲဆိုတာကို ပြန်ပြောပြတဲ့ ရှည်လျားတဲ့ မှတ်စုတစ်ခုကိ ဆေးမှင်ကြောင်ဖြင့် ရေးချခဲ့ပါတယ်။ ရေးတဲ့စာမှာတော့ သူဟာ လွယ်လွယ်နဲ့ သူမကို မေ့သွားမှာမဟုတ်ပေမယ့် သူမလုပ်ခဲ့တဲ့လုပ်ရပ်ကြောင့် သူ့အထင် သူဟာ အခြားကောင်မလေးတွေကိုပါ ဘယ်တော့မှ ပြန်မချစ်နိုင်တော့ဘူးလို့ရေးသားထားခဲ့ပါတယ်။

” မင်းကို ချစ်ရဖို့ အစီအစဉ်တွေ အများကြီးရှိခဲ့ပေမယ့် မကြာခင်မှာ မင်းကို အမြန်ကြီး ဆုံးရှုံးလိုက်ရမယ်လို့ မထင်ခဲ့ဘူး။ ဒါပေမယ့် မင်းက ငါ့ကို အရည်အချင်းတွေ ရှာတွေ့အောင် လုပ်ပေးခဲ့လို့ မင်းကို မေ့လို့မရဘူး။ မင်းက ငါ့ကို ထပ်မချစ်နိုင်တော့တဲ့ ကောင်လေးတစ်ယောက်လို အမာရွတ် ကျန်စေခဲ့တယ် (အချစ်တု)” လို့ တက်တူးမှာ ရေးထားပါတယ်။ အခြားသတင်းများအရတော့ အဆိုပါ နိုင်ဂျီးရီးယားအမျိုးသားဟာ ၎င်းရဲ့သတို့သမီးလောင်းက သူမဖခင်ရဲ့စကားကိုသာ နားထောင်တဲ့အတွက်ကြောင့် ၎င်းတို့ရဲ့မင်္ဂလာပွဲကို ဖျက်သိမ်းလိုက်ကြောင်း သိရပါတယ်။

ထို့ပြင် Twitter အသုံးပြုသူ @thepoetpreneur ၏အဆိုအရတော့ အဆိုပါအမျိုးသားဟာ ၎င်း၏အရင်းနှီးဆုံးသူငယ်ချင်းဖြစ်ပြီး သူ့ရဲ့သတို့သမီးလောင်းက သူမ၏မိခင်အပါအဝင် မိသားစုဝင် ဘယ်တစ်ဦးတစ်ယောက်ကိုမှ မထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ကြောင့် မင်္ဂလာပွဲကို ဖျက်သိမ်းခဲ့ရကြောင်းလည်း သိရှိရပါတယ်။

Mia (Mckzone daily)

Be the first to comment on "ခ်စ္သူဆီက ထားသြားခံရၿပီးေနာက္မွာ အခ်စ္ကို နာက်ဥ္းသြားတဲ့ မွတ္စုရွည္တစ္ခုျဖင့္ ခႏၶာကိုယ္ေပၚ တက္တူးထိုးခ်ပစ္လိုက္တဲ့ အမ်ိဳးသားတစ္ဦး"

Leave a comment

Your email address will not be published.


*