ခင်ပွန်းက သားလေးလိုချင်တဲ့အတွက် သားမွေးလာဖို့ သူမရဲ့ဦးခေါင်းထဲကို ၂လက်မရှည်တဲ့ သံချောင်းထိုးထည့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး(ရုပ်သံ)




JRose (Mckzone daily)

Reference : odditycentral

Unicode

ပါကစ္စတန်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးဟာ ခင်ပွန်းဖြစ်သူက နောက်ထပ်သမီးမိန်းကလေးမွေးရင် ထွက်သွားမယ်လို့ ခြိမ်းခြောက်ထားတာကြောင့် သားတစ်ယောက်ရဖို့ အမျိုးသောနည်းတွေကို လုပ်ဖို့ သူမစိတ်အားထက်သန်ခဲ့ပါတယ် ။ အိမ်နီးချင်းတစ်ဦးက faith-healer (ယုံကြည်မှုသက်သက်ဖြင့်ကုစားပေးသူ)တစ်ဦးဆီကို သွားဖို့ အကြံပြုခဲ့ပြီး သူမ စမ်းသပ်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။

အဆိုပါကုစားပေးသူက ကိုယ်ဝန်သည်အမျိုးသမီးကို ၂လက်မအရှည်ရှိတဲ့ သံတစ်ချောင်းကို သူ့ခေါင်းမှာ ထိုးထည့်မယ်ဆိုရင် သားလေးမွေးလိမ့်မယ်လို့ ညွှန်ကြားခဲ့ပါတယ် ။ နောက်တော့ ခေါင်းက အတော်လေးနာကျင်လာပြီး အမျိုးသမီးရဲ့ မိသားစုဝင်များက သံပစ္စည်းကို ဖယ်ရှားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပါ ။ X-ray စစ်ဆေးမှုပြုလုပ်ပြီး သံချောင်းက သူမရဲ့ ဦးနှောက်ထဲသို့ မဝင်ကြောင်း အတည်ပြုပြီးနောက် ဆရာဝန်များက သူမရဲ့ ဦးခေါင်းခွံမှ အရာဝတ္ထုကို ဖယ်ရှားနိုင်ခဲ့ပါတယ် ။

ရဲတပ်ဖွဲ့ကို သတိပေးမယ့်အစား ဆရာဝန်တွေက ဓာတ်မှန်ရိုက်ပြီး ထူးထူးဆန်းဆန်းအဖြစ်ကို အွန်လိုင်းမှာ လွှင့်တင်ခဲ့ရာမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပါတယ် ။ Peshawar ရဲတပ်ဖွဲ့က နောက်ဆုံးမှာ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပြီး နောက်ဆုံးမှာ သူမကို လှည့်စားခဲ့တဲ့ ယုံကြည်မှုသက်သက်ဖြင့် ကုစားသူကို တရားမျှတမှုဆီသို့ ပို့ဆောင်နိုင်ရန် မျှော်လင့်ချက်ဖြင့် သားကောင်ကို ဖော်ထုတ်ရန် ကြိုးပမ်းလျက်ရှိနေပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ခင်ပွန်းက သားလေးလိုချင်တဲ့အတွက် သားမွေးလာဖို့ သူမရဲ့ဦးခေါင်းထဲကို ၂လက်မရှည်တဲ့ သံချောင်းထိုးထည့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*