မင်္ဂလာပွဲတစ်ခုရှိ သတို့သမီးရဲ့ မဖြစ်နိုင်သလို ရယ်စရာကောင်းလွန်းနေတဲ့ တောင်းဆိုမှုကြောင့် လူအများ ဒေါသထွက်ခဲ့ကြ

တရုတ်လူမျိုးတို့ရဲ့ မင်္ဂလာဆောင်ထုံးတမ်းများက ဒေသအလိုက် ထူးခြားတဲ့နည်းလမ်းများရှိတဲ့အတွက် ရှုပ်ထွေးပေမဲ့ သတို့သားနဲ့သတို့သမီးအတွက် မင်္ဂလာလက်ဆောင်များက တရုတ်နိုင်ငံရဲ့နေရာတိုင်းမှာ မရှိမဖြစ်ရှိရတဲ့အရာပါဘဲ။ မကြာသေးမီက တရုတ်နိုင်ငံ Henan ခရိုင် Kaifeng မြို့မှာ မင်္ဂလာပွဲတစ်ခုကျင်းပခဲ့ပြီး သတင်းများအရ ၎င်းမင်္ဂလာစုံတွဲဟာ ၎င်းတို့ရဲ့ဆွေမျိုးများကစီစဉ်ပေးတဲ့ blind date မှာ ပထမဆုံးတွေ့ဆုံခဲ့ကြပြီး အချင်းချင်း ခင်မင်ရင်းနှီးပေမဲ့ တစ်လမပြည့်ခင်မှာပဲ မိဘများရဲ့စေ့ဆော်မှုကြောင့် လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြကာ မိသားစုနှစ်စုရဲ့စေ့စပ်ညှိနှိုင်းမှုအပြီးမှာ သတို့သားမိဘများက သတို့သမီးအတွက် အိမ်တစ်လုံး ၊ ကားတစ်စီးနှင့် အခြားအဖိုးတန်လက်ဆောင်များပြင်ဆင်ပေးရမှာဖြစ်ပါတယ်။

.

တောင်းဆိုမူကဈေးကြီးပေမဲ့ သတို့သားမိဘများက ၎င်းတို့ရဲ့သားလည်း နောက်တချိန် ပြန်လည်အသုံးပြုမှာဖြစ်တဲ့အတွက် နောက်ဆုံးမှာ သဘောတူခဲ့ကြပါတယ်။ သို့ပေမဲ့ ၎င်းတို့နှစ်ဦး တရားဝင်ဇနီးမောင်နှံမဖြစ်မီ ခြေလှမ်းအနည်းငယ်သာလိုတော့တဲ့အချိန်မှာဘဲ မထင်မှတ်ထားတဲ့အရာဖြစ်လာခဲ့ပါတယ်။ သတို့သမီးဟာ သူမ မင်္ဂလာကားပေါ်တက်ဖို့ သူမအား ယွမ် 148,000 ယွမ်ပေးမှာလား ဒါမှမဟုတ် မင်္ဂလာပွဲကို ဆက်မလုပ်ဘဲနေမလားလို့ သတို့သားအား တောင်းဆိုလာခဲ့ပါတယ်။ ထိုအချိန်မှာ လက်ထပ်ပွဲပြီးမြောက်ဖို့အရေး သတို့သားမိဘများက တောင်းဆိုမှုကိုသဘောတူဖို့ သတို့သားအား ချေးလို့ရတဲ့နေရာတွေမှာ ငွေချေးယူဖို့ တွန်းအားပေးခဲ့ရပါတယ်။

.

ဒါပေမယ့် ဒီမှာတင် မပြီးသေးဘဲ သတို့သားအိမ်သို့ရောက်လာတဲ့အခါ သတို့သမီးက ဒီအကြိမ်မှာတော့ သူမကားပေါ်မှဆင်းဖို့အတွက် ယွမ် 66,000 ထပ်မံတောင်းဆိုကာ ၊ သူမရဲ့တောင်းဆိုမူကိုမဖြည့်ဆည်းပေးရင် သူမ ကားထဲမှာပဲနေခဲ့မှာဖြစ်ကြောင်း ပြောပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ သတို့သားမိဘများက ဒေါသထွက်ကာ စိတ်ပျက်စွာဖြင့် ၎င်းတို့ရဲ့ဆွေမျိုးများနှင့် သူငယ်ချင်းများရှေ့မှာ အော်ဟစ်ကြိမ်းမောင်းပစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ သတို့သမီးနဲ့ ကြိုးစားညှိနှိုင်းခဲ့ကြရပြီး သူမအား ငွေကို နောက်ပိုင်းမှပေးမယ်လို့ကတိပြုကာ ကျန်တဲ့မင်္ဂလာဆောင်ပွဲအစီအစဉ်များဆက်လုပ်ဖို့ အိမ်ထဲကို ခေါ်ဆောင်လာခဲ့ပါတယ်။

.

အခြားသူများရဲ့အကြံပေးမှုကြောင့် သတို့သမီးကလည်း “ ရှင့်ရဲ့ စကားတွေကို မှတ်ထားပါ။ ကျွန်မက တစ်ဦးတည်းသောသမီးမို့ ကျွန်မရဲ့မိဘတွေကို စောင့်ရှောက်စရိတ်ပေးရမယ်၊ သူများတွေရှေ့မှာ ကတိတည်ပါစေ “ လို့ ကြိမ်းဝါးကာ အိမ်ထဲလိုက်ဝင်သွားခဲ့ပေမဲ့ နောက်ဆုံးမှာ သတို့သားမိသားစုက မင်္ဂလာပွဲအတွက် ယွမ် 260,000 (ဒေါ်လာ ၄၁,၀၀၀) အပြင် ထပ်ပေါင်း ယွမ် 148,000 အထိ သုံးစွဲခဲ့ရပါတယ်။ အဆိုပါ မဖြစ်နိုင်လွန်းတဲ့မင်္ဂလာပွဲအကြောင်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပြီးနောက် netizen များစွာက အံ့ဩဒေါသထွက်ခဲ့ကြပြီး ငွေမက်လွန်းတဲ့သတို့သမီးကို ဝေဖန်ခဲ့ကြသလို အဲ့လိုတောင်းဆိုပြီဆိုကတည်းက သတို့သားနဲ့ သူ့မိဘတွေက ဒီလက်ထပ်ပွဲကို ဖျက်ပစ်လိုက်သင့်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

Mia (Mckzone daily)

Reference : everytruenews24

Be the first to comment on "မင်္ဂလာပွဲတစ်ခုရှိ သတို့သမီးရဲ့ မဖြစ်နိုင်သလို ရယ်စရာကောင်းလွန်းနေတဲ့ တောင်းဆိုမှုကြောင့် လူအများ ဒေါသထွက်ခဲ့ကြ"

Leave a comment

Your email address will not be published.


*