ဇိမ်ခံစူပါမော်တော်ကားအစီးပေါင်း ၃,၆၉၅ စီးတင်ဆောင်လာတဲ့ သင်္ဘောတစ်စီး အတ္တလန္တိတ်သမုဒ္ဒရာအလယ်မှာ မီးစွဲလောင်သွားခဲ့

ဂျာမနီမှ အမေရိကန် (US) သို့ Porsche ၊ Audi နှင့် Bentley စတဲ့စူပါမော်တော်ကားများ တင်ဆောင်လာသည့် သင်္ဘောတစ်စီးဟာ အတ္တလန္တိတ်သမုဒ္ဒရာအတွင်းရှိ ပေါ်တူဂီနိုင်ငံ Azores ကျွန်းများကမ်းရိုးတန်းအနီးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ကားထုတ်လုပ်ကုမ္ပဏီ Volkswagen မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ကြေငြာပြောကြားခဲ့ပါတယ်။ Volkswagen ရဲ့စက်ရုံရှိရာ ဂျာမနီနိုင်ငံ Emden မှ Panamanian အလံကိုင်သင်္ဘောတစ်စီးဟာ US ရှိ Davisville သို့ ရွက်လွင့်နေစဉ် မီးလောင်သွားခဲ့ပြီး သင်္ဘောသား စုစုပေါင်း ၂၂ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသလို ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ကြောင်း ပေါ်တူဂီနိုင်ငံရေတပ်၏ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ပါတယ်။

.

.

Porsches ၁,၁၀၀ စီး နှင့် Bentley ၁၈၉ စီးခန့် လိုက်ပါလာခဲ့ကြောင်း ကားအမှတ်တံဆိပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။ သို့ပေမဲ့ အဆိုပါသင်္ဘော ဟာ VW ၊ Porsche ၊ Audi နှင့် Lamborghini အမှတ်တံဆိပ် မော်တော်ကား ၃,၉၆၅ စီး တင်ဆောင်လာကြောင်း ဂျာမန်သတင်းစာ Handelsblatt က အမေရိကန် Volkswagen မှ ပြည်တွင်းအီးမေးလ်များတွင် ဖော်ပြခဲ့ပါတယ်။ Volkswagen ကုမ္ပဏီဟာ ၎င်းမှာပါရှိတဲ့ ကားအရေအတွက်ကို အတည်မပြုသေးဘဲ နောက်ထပ်အချက်အလက်များကို စောင့်မျှော်နေသည်ဟု ဆိုထားပါတယ်။

.

.

ကပ္ပတိန်က Azorean ကျွန်းရှိ Horta ဆိပ်ကမ်းမှ မီးစတင်လောင်ကျွမ်းခဲ့ပေမဲ့လည်း ထိုစဉ်က ထိန်းချုပ်နိုင်ခဲ့ကြောင်း ကြာသပတေးနေ့ည၌ ပေါ်တူဂီသတင်းဌာန Lusa သို့ ပြောကြားခဲ့ပေမဲ့ လက်ရှိမှာ ၎င်းအဖြစ်အပျက်ရဲ့အသေးစိတ်အတွက် Azorean ရှိအာဏာပိုင်များကို ဆယ်သွယ်လို့မရသေးပါဘူး။

.

.

ကူးသန်းရောင်းဝယ်ရေးအငြင်းပွားမှုများနှင့် နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေးဆိုင်ရာ အထူးပြုရှေ့နေ James Turner က လျှပ်စစ်ပျက်စီးမှုဟာ ယခုကဲ့သို့ မီးလောင်ရခြင်း၏ အဖြစ်များကြောင်းနှင့် ၊lithium-ion ဘက်ထရီပါရှိတဲ့ လျှပ်စစ်ကားတစ်စီးဟာ မီးငြှိမ်းသတ်ရန်အတွက် ကျွမ်းကျင်မီးငြှိမ်းသတ်ကိရိယာများ လိုအပ်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ထို့ပြင် မော်တော်ယာဉ်တင် သင်္ဘောများ ဟာ အများအားဖြင့် အထပ်ပေါင်းများစွာ ကားပါကင်များကဲ့သို့ တည်ဆောက်ထားကြပြီး အထပ်တစ်ခုစီကြားမှာ ကုန်တင်ကုန်ချပျက်စီးမှုကို ကန့်သတ်နိုင်တဲ့ အတားအဆီးများ ထားရှိထားတတ်ကြောင်းလည်း ရှေ့နေက ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "ဇိမ်ခံစူပါမော်တော်ကားအစီးပေါင်း ၃,၆၉၅ စီးတင်ဆောင်လာတဲ့ သင်္ဘောတစ်စီး အတ္တလန္တိတ်သမုဒ္ဒရာအလယ်မှာ မီးစွဲလောင်သွားခဲ့"

Leave a comment

Your email address will not be published.


*