Mia (Mckzone daily)
Reference : aubtu
Unicode
ဒီရယ်စရာကောင်းနေတဲ့အခိုက်အတန့်မှာ ခြင်္သေ့မတစ်ကောင် ဟာ မိတ်လိုက်နိုင်ဖို့ တောရိုင်းတို့ဘုရင်ဖြစ်တဲ့ ခြင်္သေ့ထီးတစ်ကောင်ရဲ့အာရုံကို ဖမ်းစားနိုင်ရန် တတ်သလောက် ကြိုးပမ်းခဲ့ပေမဲ့လည်း မအောင်မြင်ခဲ့ပါဘူး။ ဒီရယ်စရာကောင်းတဲ့ ဗီဒီယိုမှာ ခြင်္သေ့မတစ်ကောင်က မြေပြင်ပေါ်မှာထိုင်နေတဲ့ ကျောချမ်းဖွယ်ကောင်းတဲ့ ခြင်္သေ့ထီးတစ်ကောင် ရဲ့အနား တဝဲလည်လည် လုပ်ပြီး လှည့်ပတ်နေတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ထိုခြင်္သေ့ထီးက သူမအပေါ် အာရုံမစိုက်လာတဲ့အခါ ၎င်းခြင်္သေ့မဟာ ခြင်္သေ့ထီးရဲ့မျက်လုံးများကို ဖမ်းစားနိုင်ဖို့ ၎င်းရှေ့တည့်တည့်က မြေပြင်ပေါ် လှဲချပြလိုက်ပါတယ်။
ဒါပေမဲ့လည်း ထိုခြင်္သေ့ထီးက ဘယ်လိုနည်းနဲ့မှကို လုံးဝ မတုံ့ပြန်နေခဲ့ပါဘူး။ ဒါ့ကြောင့် သူမက ၎င်းခြင်္သေ့ထီးရဲ့ ကျောကုန်းပေါ်အထိ တက်ခွထိုင်ခဲ့ပေမဲ့လည်း ၎င်းက လုံးဝကို စိတ်ဝင်စားမှုမပြနေခဲ့ပြန်ပါဘူး။ ထို့နောက်မှာ ခြင်္သေ့မကလည်း လုံးဝ လက်မလျှော့ဘဲ ၎င်းရဲ့ဘေးမှာ ပြန်လှဲချလိုက်ပြန်ပါတယ်။ ထိုအချိန်ထိ ခြင်္သေ့ထီးကလည်း ခြင်္သေ့မရဲ့ ဆွဲဆောင်မှုနှင့် ရိုမန့်တစ်ဆန်လွန်းတဲ့ အမူအရာအားလုံးကို လွန်စွာ စိတ်မ၀င်စားနေဘဲ ၊ သူ့ပတ်ဝန်းကျင်မှာ ဘာမှဖြစ်မလာသကဲ့သို့ ထိုနေရာ၌သာ စိတ်အေးလက်အေး မလှုပ်မယှက်နဲ့ လှဲသာလှဲနေခဲ့ပါတယ်။
အဆုံးမှာတော့ ၎င်းခြင်္သေ့ထီးက ထလာပြီး ချေမိုးကာ ခြင်္သေ့မအနားကနေ ထွက်သွားခဲ့ပါတယ်။ ဒီတော့ အထီး၊အမ တို့သဘာဝနဲ့ ၎င်းရဲ့ဇနီးအား ငြင်းပယ်အကြည့်ရှောင်နေတဲ့ ခြင်္သေ့ထီးတစ်ကောင်ရဲ့ ချေမိုးမှုပုံရိပ်တွေကို ဆက်လက်ကြည့်ရှုသွားခဲ့ကြပါအုံးဗျ ။
Mia (Mckzone daily)
Be the first to comment on "ခြင်္သေ့ထီးရဲ့အာရုံကိုဖမ်းစားဖို့ ၎င်းရဲ့ ကျောကုန်းပေါ်အထိ တက်ခွထိုင်နေပေမဲ့လည်း လျစ်လျူရှုခြင်းခံထားရတဲ့ ခြင်္သေ့မတစ်ကောင် (ရုပ်သံ)"