ဆိုင်တိုင်းက လက်မခံကြတဲ့ မျက်မမြင်မောင်နှမနှစ်ဦးကို နွေးနွေးထွေးထွေးကြိုဆိုပြီး ကူညီပေးခဲ့တဲ့ အကင်ဆိုင်ရှင်မိန်းကလေး



JRose (Mckzone daily)

Reference : khaosod

Unicode

Milk Sedjai စာမျက်နှာမှ အမြင်အာရုံချို့ယွင်းတဲ့ ဖောက်သည်နှစ်ဦးစလုံးကို နွေးနွေးထွေးထွေးဆက်ဆံနေတဲ့ အကင်ဆိုင်ပိုင်ရှင်ရဲ့ ဓာတ်ပုံကို မျှဝေပြီး အဲ့ဒီအခိုက်အတန့်က ကြည့်ရှုသူများကို နွေးထွေးစေခဲ့ပါတယ် ။ အဆိုပါမျက်မမြင်နှစ်ဦးကို ဆိုင်ပိုင်က အကင်တွေချပေးပြီး ပုဇွန်ရဲ့အခွံတွေ ထုတ်ပေးခဲ့ပါတယ် ။ အချင်းအချင်း စကားစမြည်ပြောကြပြီး ဒီမျက်မမြင်နှစ်ဦးဟာ ညီအစ်ကို မောင်နှမဖြစ်ကြောင်းသိရပါတယ် ။ ၂ နာရီနီးပါး စကားစမြည်ပြောကြပြီး မျက်မမြင်မောင်နှမနှစ်ဦးက အမြဲပြုံးရယ် ရယ်မောခဲ့ကြပါတယ် ။

တကယ်ပျော်နေပေမယ့် စားသောက်ဆိုင်တိုင်းက ဒီမျက်မမြင်မောင်နှမ အဖိုးအဖွားတွေစားဖို့ လက်ခံမှာမဟုတ်ပါဘူး ။ အမှန်တော့ ကျွန်ုပ်တို့ လူသားချင်းစာနာစိတ်နဲ့ တစ်ယောက်အပေါ်တစ်ယောက် စာနာနားလည်သင့်ပါတယ် ။ သူတို့တွေကလည်း ငါတို့လို လူတွေပါပဲ ခွဲခြားနေစရာမလိုပါဘူး ။ ဒီအကင်ဆိုင်ပိုင်ရှင်ရဲ့ ကြင်နာတရားကို လူတော်တော်များများက စိတ်ကျေနပ်ကြပြီး အဆိုပါမျက်မမြင်အဖိုးအဖွားတို့ကို စားခွင့်ပြုလို့ သူမကို ကျေးဇူးတင်နေကြပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဆိုင်တိုင်းက လက်မခံကြတဲ့ မျက်မမြင်မောင်နှမနှစ်ဦးကို နွေးနွေးထွေးထွေးကြိုဆိုပြီး ကူညီပေးခဲ့တဲ့ အကင်ဆိုင်ရှင်မိန်းကလေး"

Leave a comment

Your email address will not be published.


*