JRose (Mckzone daily)
Reference : khaosod
Unicode
အွန်လိုင်းပေါ်ရှိ ကမ္ဘာတစ်ဝှမ်းက လူတွေစိတ်ဝင်စားနေတဲ့ ဗိုင်းရပ်စ်တစ်ခုက အသက် 109 နှစ်အရွယ် Luang Ta အမည်ရှိ ဘုန်းဘုန်းတစ်ပါးဟာ မြေးငယ်ကို ကောင်းချီးပေးတဲ့ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ် ။ ဒီကလစ်ကို လွှင့်တင်လိုက်တဲ့အခါမှာ လူပေါင်း 58.3 သန်း ကြည့်ရှုခဲ့ကြပါတယ် ။ ဗွီဒီယိုကို Tik Tok အသုံးပြုသူ auyary13 က လွှင့်တင်ခဲ့ပြီး Nakhon Ratchasima ဗိမာန်ကျောင်းမှာ နေထိုင်တဲ့ အသက် 109 နှစ်အရွယ် ‘Luang Ta Yai’ ရဲ့ ဗီဒီယိုဖိုင်များကို မကြာခဏတင်လေ့ရှိပါတယ် ။ ဒီ Tik Tok ပိုင်ရှင်ကတော့ Luangta ဘုန်းဘုန်းကို ကြည့်ရှုစောင့်ရှောက်ပေးသူပါ ။
Luang Ta ဘုန်းဘုန်းက ရေချိုးခန်းထဲမှာ မတော်တဆမှုတစ်ခု ဖြစ်ပွားပြီးနောက် ရုပ်ပိုင်းဆိုင်ရာ ကုထုံးအကူအညီ အပါအဝင် ဆေးရုံ သွားခဲ့ရပါတယ် ။ ဒါပေမယ့် အင်တာနက်သုံးစွဲသူတွေ စိတ်ဝင်စားမှုအများဆုံး ဗီဒီယိုကတော့ Luang Ta က သူ့မြေးလေးကို ကောင်းချီးပေးနေတဲ့ ဗီဒီယိုဖိုင်ပါပဲ ။ Luang Ta ဘုန်းဘုန်းကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးတဲ့ Tiktok အကောင့်ပိုင်ရှင် Oui ရဲ့ ကြင်နာမှုကို ချီးမွမ်းခြင်းနဲ့အတူ အင်တာနက်အသုံးပြုသူအချို့က ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ် ။
JRose (Mckzone daily)
Be the first to comment on "မြေးငယ်လေးကို ကောင်းချီးပေးနေတဲ့ အသက် 109 နှစ်အရွယ် သန်မာနေသေးတဲ့ ဘုန်းကြီးတစ်ပါးရဲ့ ဗီဒီယိုလေးဟာ ဆိုရှယ်မီဒီယာမှာ စိတ်ဝင်စားစရာဖြစ်လာခဲ့"