ခ်စ္သူမ်ားေန႔အတြက္ ခင္ပြန္းက ေပးလိုက္တဲ့ထီလက္မွတ္က မထင္မွတ္ဘဲ ေဒၚလာ ၁၀ သန္းထီေပါက္လက္မွတ္ျဖစ္ေနခဲ့

ခင္ပြန္းျဖစ္သူဆီက Valentine’s Day အတြက္ သန္းခ်ီတန္မဲ့ ထီလက္မွတ္တစ္ေစာင္ကို လက္ေဆာင္ရလိုက္ၿပီးေနာက္ အေမရိကန္ Virginia ျပည္နယ္ Prince William County ရွိ အမ်ိဳးသမီးတစ္ဦးအတြက္ ၎ထီလက္မွတ္ဟာ “ေပ်ာ္႐ႊင္ျခင္း” အျဖစ္သို႔ လ်င္ျမန္စြာ ေျပာင္းလဲသြားခဲ့ပါတယ္။ ၎က ေဒၚလာ ၁၀ သန္း တန္တယ္လို႔ ထီအရာရွိေတြက ဆိုထားၾကပါတယ္။ အိမ္ရွင္မတစ္ဦးျဖစ္တဲ့ အဆိုပါ Maria Chicas အမည္ရွိအမ်ိဳးသမီးက ခင္ပြန္းျဖစ္သူဟာ ၎ထီလက္မွတ္အား စစ္ၾကည့္ၿပီးေနာက္ သူမအား ထီေပါက္ေၾကာင္း ေခၚေျပာခဲ့တုန္းက မယုံခဲ့ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။ အဆိုပါခင္ပြန္းျဖစ္သူဟာ Manassas ၿမိဳ႕ရွိ In & Out Mart တစ္ခုမွ ၊ Valentine’s Day မတိုင္မီရက္အနည္းငယ္အလိုမွာ အဆိုပါထီလက္မွတ္ကို ဝယ္ယူခဲ့တာပါ။

၎ထီလက္မွတ္က ေပါက္ထီလက္မွတ္ျဖစ္ေနတာကို ေတြ႕လိုက္ေတာ့ ခင္ပြန္းျဖစ္သူက ဖုန္းေခၚတဲ့အခါ Chicas ကလည္း ပထမေတာ့ ခင္ပြန္းသည္ လိမ္ညာေနတယ္လို႔သာ ထင္ေနခဲ့ေၾကာင္း ထီအရာရွိေတြရဲ႕ ေျပာၾကားခ်က္အရ သိရပါတယ္။ Virginia ထီ၏အဆိုအရ Chicas ဟာ ႏွစ္ 30 ေက်ာ္အတြင္း ေဒၚလာ 10 သန္းအျပည့္ရယူရန္ ၊ သို႔မဟုတ္ ေငြသား လက္ငင္းအျပည့္ရယူၿပီး အခြန္ေဆာင္အၿပီး က်န္တဲ့ေငြသားကို တစ္ႀကိမ္တည္းရယူရန္ဆိုၿပီး ေ႐ြးခ်ယ္ခြင့္ႏွစ္ခုရွိခဲ့ကာ Chicas ဟာ အခြန္ေဆာင္ၿပီးေငြသားကို ေ႐ြးခ်ယ္ခဲ့ေၾကာင္း Virginia Lottery မွ ေဖာ္ျပခဲ့ပါတယ္။

ထို႔ျပင္ In & Out Mart ကလည္း လက္မွတ္ေရာင္းခ်မႈအတြက္ ေကာ္မရွင္ခ ေဒၚလာ ၅၀,၀၀၀ ကိုလည္း ရရွိခဲ့သလို Virginia ထီ၏အဆိုအရ ၎ထိပ္တန္းဆုကိုအႏိုင္ရရန္အခြင့္အလမ္းက ထီအေစာင္ ၂,၉၃၇,၆၀၀ ေစာင္မွာ တစ္ေစာင္သာ အႏိုင္ရႏိုင္ပါတယ္။

Mia (Mckzone daily)

Reference : thenewstribune

Unicode

ခင်ပွန်းဖြစ်သူဆီက Valentine’s Day အတွက် သန်းချီတန်မဲ့ ထီလက်မှတ်တစ်စောင်ကို လက်ဆောင်ရလိုက်ပြီးနောက် အမေရိကန် Virginia ပြည်နယ် Prince William County ရှိ အမျိုးသမီးတစ်ဦးအတွက် ၎င်းထီလက်မှတ်ဟာ “ပျော်ရွှင်ခြင်း” အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပါတယ်။ ၎င်းက ဒေါ်လာ ၁၀ သန်း တန်တယ်လို့ ထီအရာရှိတွေက ဆိုထားကြပါတယ်။ အိမ်ရှင်မတစ်ဦးဖြစ်တဲ့ အဆိုပါ Maria Chicas အမည်ရှိအမျိုးသမီးက ခင်ပွန်းဖြစ်သူဟာ ၎င်းထီလက်မှတ်အား စစ်ကြည့်ပြီးနောက် သူမအား ထီပေါက်ကြောင်း ခေါ်ပြောခဲ့တုန်းက မယုံခဲ့ဘူးလို့ ပြောကြားခဲ့ပါတယ်။ အဆိုပါခင်ပွန်းဖြစ်သူဟာ Manassas မြို့ရှိ In & Out Mart တစ်ခုမှ ၊ Valentine’s Day မတိုင်မီရက်အနည်းငယ်အလိုမှာ အဆိုပါထီလက်မှတ်ကို ဝယ်ယူခဲ့တာပါ။

၎င်းထီလက်မှတ်က ပေါက်ထီလက်မှတ်ဖြစ်နေတာကို တွေ့လိုက်တော့ ခင်ပွန်းဖြစ်သူက ဖုန်းခေါ်တဲ့အခါ Chicas ကလည်း ပထမတော့ ခင်ပွန်းသည် လိမ်ညာနေတယ်လို့သာ ထင်နေခဲ့ကြောင်း ထီအရာရှိတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။ Virginia ထီ၏အဆိုအရ Chicas ဟာ နှစ် 30 ကျော်အတွင်း ဒေါ်လာ 10 သန်းအပြည့်ရယူရန် ၊ သို့မဟုတ် ငွေသား လက်ငင်းအပြည့်ရယူပြီး အခွန်ဆောင်အပြီး ကျန်တဲ့ငွေသားကို တစ်ကြိမ်တည်းရယူရန်ဆိုပြီး ရွေးချယ်ခွင့်နှစ်ခုရှိခဲ့ကာ Chicas ဟာ အခွန်ဆောင်ပြီးငွေသားကို ရွေးချယ်ခဲ့ကြောင်း Virginia Lottery မှ ဖော်ပြခဲ့ပါတယ်။

ထို့ပြင် In & Out Mart ကလည်း လက်မှတ်ရောင်းချမှုအတွက် ကော်မရှင်ခ ဒေါ်လာ ၅၀,၀၀၀ ကိုလည်း ရရှိခဲ့သလို Virginia ထီ၏အဆိုအရ ၎င်းထိပ်တန်းဆုကိုအနိုင်ရရန်အခွင့်အလမ်းက ထီအစောင် ၂,၉၃၇,၆၀၀ စောင်မှာ တစ်စောင်သာ အနိုင်ရနိုင်ပါတယ်။

Mia (Mckzone daily)

Be the first to comment on "ခ်စ္သူမ်ားေန႔အတြက္ ခင္ပြန္းက ေပးလိုက္တဲ့ထီလက္မွတ္က မထင္မွတ္ဘဲ ေဒၚလာ ၁၀ သန္းထီေပါက္လက္မွတ္ျဖစ္ေနခဲ့"

Leave a comment

Your email address will not be published.


*