အဝလွန်သောကြောင့် ရည်းစားမှစွန့်ပစ်ခံလိုက်ရတဲ့ လူငယ်ဟာ အံ့သြသွားစေတဲ့အထိ သူကိုယ်သူ ပြောင်းလဲနိုင်ခဲ့တဲ့ ပုံရိပ်
.
.
.
.
.
.
.
JRose (Mckzone daily)
Reference : khaosod
Unicode
မကြာသေးမီက အင်ဒိုနီးရှားလူငယ်တစ်ဦးဟာ ကိုယ်အလေးချိန်မချခင်နဲ့ ချပြီးနောက်မှာ ဓာတ်ပုံတစ်ပုံကို မျှဝေခဲ့ပြီး ပျံ့နှံ့ခဲ့ပါတယ် ။ ဒီပြောင်းလဲမှုကြောင့် အင်တာနက်သုံးစွဲသူတွေကို အံ့အားသင့်စေခဲ့ပါတယ် ။ အဆိုပါဗီဒီယိုကို Tiktok အသုံးပြုသူ @thisisds_ မှ တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းပြောင်းလဲရခြင်းအကြောင်းရင်းကို သူကိုယ်တိုင်ဖော်ပြခဲ့ပါတယ် ။ အစပိုင်းမှာ သူအရမ်းဝနေလို့ ရည်းစားဟောင်းက သူ့ကိုလမ်းခွဲသွားလိုက်တဲ့နောက် ကိုယ်အလေးချိန်လျှော့ချဖို့ သူ အပြင်းအထန်လုပ်ခဲ့တယ်လို့ ဆိုပါတယ် ။ အရင်ကတော့ သူ့မှာ တော်တော်ကြီးတဲ့ရုပ်ပုံသဏ္ဍာန်ရှိတာကို ဗီဒီယိုထဲက မြင်နိုင်ပါတယ် ။
အလွန်ဝတုတ်ကြီးထွားပြီး ရုပ်ဆိုးလွန်းနေပေမဲ့ နောက်ပိုင်းမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲများကို မြင်တွေ့ရပါတယ် ။ ပိန်းသွားရုံသာမကဘဲ သူက ပိုတောက်ပပြီး သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိစေခဲ့ပါတယ် ။ ဒါ့အပြင် သူ့ရဲ့ ဝိတ်ချနည်းကိုပါ မျှဝေခဲ့ပါတယ် ။ ” မနက်အိပ်ရာနိုးတာနဲ့ ရိုးရိုးရေသောက်တယ်။ မနက်စာမစားတော့ဘဲ နေ့လယ်စာကိုသာ စားတယ်။ အချိုရည်များ၊ အရက်နဲ့ အငန် သို့မဟုတ် အဆီများတဲ့ အစားအစာများကို ရှောင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့အတူ အရေးကြီးဆုံးအချက်မှာ စိတ်အားထက်သန်မှုဖြစ်တယ်။ ဒီအတိုင်းလိုက်လုပ်မယ်ဆိုရင် ရလဒ်တွေက ထိုက်တန်ပါတယ် ။” လို့ ပြောပါတယ် ။
JRose (Mckzone daily)
Be the first to comment on "အဝလွန်သောကြောင့် ရည်းစားမှစွန့်ပစ်ခံလိုက်ရတဲ့ လူငယ်ဟာ အံ့သြသွားစေတဲ့အထိ သူကိုယ်သူ ပြောင်းလဲနိုင်ခဲ့တဲ့ ပုံရိပ်"
Leave a comment
Your email address will not be published.
*