မိဘတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အင်တာနက်မှာ တွေ့တဲ့ အမျိုးသားနဲ့ လက်ထပ်လိုက်ရာမှ နောက်ဆုံးမှာ သူဟာ ချမ်းသာတဲ့စီးပွားရေးသမားဖြစ်ကြောင်း သိလိုက်ရတဲ့ မိန်းကလေး
JRose (Mckzone daily)
Reference : goodtimes
Unicode
ဗီယက်နမ်အလှဘုရင်မ Nguyen Van Anh ဟာ သူ့ရဲ့မိဘများရဲ့ ဆန္ဒကိုဆန့်ကျင်ပြီး အွန်လိုင်းမှာ တွေ့ဆုံခဲ့တဲ့ ရုရှားနိုင်ငံမှ သူမရဲ့အိမ်မက်ထဲက Deng Gang ဆိုတဲ့ အမျိုးသားတစ်ဦးနဲ့ လက်ထပ်ခဲ့လိုက်ပါတယ် ။ နောက်ဆုံးမှာ အဆိုပါအမျိုးသားဟာ အောင်မြင်ပြီး ချမ်းသာတဲ့ စီးပွားရေးသမားဖြစ်ကြောင်း မိိန်းကလေးရဲ့မိသားစုမှသိလိုက်ရတော့ အားလုံးအံ့ဩသွားကြပါတယ် ။ သူတို့နှစ်ယောက်ဟာ အင်တာနက်မှာ ဆုံတွေ့ခဲ့တာ ၁၀ လလောက်သာရှိတော့ပြီး လက်ထပ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာပါ ။
သူတို့နှစ်ယောက်ဟာ ချစ်သူဖြစ်ကြပေမဲ့ Deng Gang က သူရဲ့ လူမှုအဆင့်အတန်း အစိတ်အပိုင်းအားလုံးကို ဖုံးကွယ်ထားပါတယ် ။ ဒီလို Long Distant relationship ကို မိဘများက သဘောမတူပေမယ့် သူမက လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပါတယ် ။ Nguyen Van Anh က ကျောင်းမှာ ထူးခြားစွာ ဖျော်ဖြေခဲ့ပြီး ဟနွိုင်းနည်းပညာ တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ကြောင်း နိုင်ငံခြားမီဒီယာများရဲ့ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြချက်အရ သိရပါတယ် ။
Deng Gang နဲ့လက်ထပ်ဖို့ ရုရှားနိုင်ငံကို ပြေးသွားချိန်မှာ သူမရဲ့ စေ့စပ်ထားသူက အမှန်တကယ် အလွန်ချမ်းသာတဲ့ စီးပွားရေးသမားတစ်ဦးဖြစ်ကြောင်း သူမ သိလိုက်ရတဲ့အခါ အံ့အားသင့်ခဲ့ရပါတယ် ။ ဒီအမျိုးသားက ဗီယက်နမ်ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိတဲ့ ကြယ်ငါးပွင့်ဟိုတယ်မှာ မင်္ဂလာပွဲကို ကျင်းပပြီး လက်ထပ်လိုက်ကြပါတယ် ။
ရင်သပ်ရှုမောဖွယ်ရာ စေ့စပ်ပွဲဓာတ်ပုံများ ရိုက်ကူးရန် နိုင်ငံသုံးနိုင်ငံသို့ ခရီးထွက်ခဲ့ကြပါတယ် ။ ချစ်စရာကောင်းတဲ့ စုံတွဲလေးကတော့ အခုဆို ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်လေးဖြစ်ပြီး သားလေးနှစ်ယောက်လည်း ပိုင်ဆိုင်ထားပါပြီ ။
JRose (Mckzone daily)
Be the first to comment on "မိဘတွေရဲ့ဆန္ဒကို ဆန့်ကျင်ပြီး အင်တာနက်မှာ တွေ့တဲ့ အမျိုးသားနဲ့ လက်ထပ်လိုက်ရာမှ နောက်ဆုံးမှာ သူဟာ ချမ်းသာတဲ့စီးပွားရေးသမားဖြစ်ကြောင်း သိလိုက်ရတဲ့ မိန်းကလေး"
Leave a comment
Your email address will not be published.
*