အမြဲလိုလို ကြည့်လိုက်တိုင်း ရေချိုးဖို့ လိုအပ်နေပုံပေါက်နေတဲ့ မီးရထားရုံက ကြောင်လေး

Nevada မီးရထားဟာ ” အမေရိကရှိ အထီးကျန်ဆုံးလမ်း” ပေါ်မှာတည်ရှိပါတယ်။ ထိုနေရာမှာ Dirt the Railway Cat လို့ ခေါ်တဲ့ ကြောင်တစ်ကောင်ရှိပြီး Dirt က ရထားလမ်းပေါ်မှာ တနေကုန် အလုပ်လုပ်နေတဲ့ မီးရထားဝန်ထမ်းများနဲ့အတူ အမြဲတမ်း အတူရှိပါတယ်။ အမှန်မှာ East Ely ရထားလမ်းရဲ့အင်ဂျင်အိမ်က Dirt ရဲ့ထာဝရနေအိမ်ပါဘဲ။ အမှန်တကယ်တော့ Dirt ကို လွန်ခဲ့တဲ့ 11 နှစ်ကျော်က ဘူတာရုံမှာ လှည့်ပတ်သွားလာနေတဲ့ ကြောင်မလေးတစ်ကောင်က မီးရထားအောက်မှာ မွေးခဲ့တာပါ။ အမေဖြစ်သူနဲ့ Dirt ရဲ့အခြားမွေးချင်းများက ထိုနေရာမှ ထွက်ခွါသွားခဲ့ကြပေမဲ့လည်း ထိုချိန် Dirt လေးက ထိုနေရာမှထွက်ခွါသွားရန် ကြောက်ရွံ့နေခဲ့ပါတယ်။

.

ဒီလိုနဲ့ဘဲ ရထားဝန်ထမ်းများက ၎င်းအထီးကျန်ကြောင်လေးအတွက် ညတိုင်း တူနာဗူးကို ထိုင်ခုံပေါ်မှာထားခဲ့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ နောက်ဆုံးမှာ အချိန်ကြာလာသည်နှင့်အမျှ Dirt က ရထားဝန်ထမ်းများအပေါ် ပိုယုံကြည်မှုရှိလာပြီး ပို၍လည်း ရင်းနှီးလာခဲ့ပါတယ်။ Dirt ရဲ့ကိုယ်ပေါ်ရှိအညစ်အကြေးများက အင်ဂျင်အိမ်ရဲ့ဖုန်ကြမ်းပြင်များပေါ်မှာ လှည့်ပတ်သွားလာနေရတာကို နှစ်သက်တဲ့အကျင့်ကြောင့်ပါဘဲ။ ပိုသန့်ရှင်းလာတဲ့အခါဆို Dirt ရဲ့အရောင်က လိမ္မော်ရောင်နှင့် ကြောင်ဖြူတစ်ကောင်လိုပြောင်းသွားတက်ပေမဲ့ Dirt က ဖုန်တွေထဲမှာ လူးလိမ့်ရတာကိုသိပ်ကြိုက်ပြီး ၊

.

ကျောက်မီးသွေးတွေပေါ် လျှောက်တက်တတ်တာကြောင့် ၎င်းရဲ့အမွေးဖြူများက ချက်ချင်း မီးခိုးရောင်အကွက်များ စွန်းထင်းသွားလေ့ရှိပါတယ်။ ထို့ပြင် အလွန်ငယ်ရွယ်တဲ့ Dirt က သူ့ကိုယ်သူ သန့်ရှင်းရေးလုပ်နည်းကို မသင်ယူခဲ့ပုံရပြီး Dirt ရဲ့ပုံစံက သူ့ရဲ့လူသားလုပ်ဖော်ကိုင်ဖက်အချို့နှင့် ခပ်ဆင်ဆင်တူချင်တူနေတတ်ပါတယ်။ “ ရထားလမ်း ဆောက်လုပ်တဲ့အလုပ်က ကမ္ဘာပေါ်မှာ ဒုတိယ အန္တရာယ်အများဆုံး အလုပ်ပါ၊ ဒါ့ပြင် ကျွန်တော်တို့က ပထမဆုံးအန္တရာယ်အရှိဆုံးသတ္တုတွင်းအလုပ်ကိုလုပ်ကိုင်နေရပြီး နိုင်ငံရဲ့ပထမနှင့်ဒုတိယအန္တရာယ်အရှိဆုံးအလုပ်တွေကို တစ်ချိန်တည်း၊ တစ်နေရာတည်းမှာဘဲ လုပ်ခဲ့ကြရတယ်။

.

ကမ္ဘာကို လျှပ်စစ်ဓာတ်အားပေးနိုင်ဖို့ ကြေးနီကိုအရည်ကျိုရပြီး ကြေးနီဖြစ်အောင်လုပ်ဖို့ ကျောက်တန်ချိန်သန်းပေါင်းများစွာကို ရထားလမ်းနဲ့ ရွှေ့ရတယ်။ ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း 100 ခန့်က ကြမ်းတမ်းခက်ထန်တဲ့ အမျိုးသားများကိုဘဲ သုံးခဲ့ကြတာပေါ့၊ အဲဒီလူတွေရဲ့ ပုံဟောင်းတွေကိုကြည့်ရင် သူတို့မျက်လုံးထဲမှာပြောစရာ ပုံပြင်တွေရှိနေမယ်လို့ ကျွန်တော် အသေအချာပြောနိုင်တယ်။ သင် Dirt ရဲ့မျက်လုံးတွေကို ကြည့်လိုက်တာနဲ့ ၎င်းတို့နဲ့တူတဲ့ အကြည့်မျိုးရှိမှာပါ ” လို့ ဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါတယ်။

Dirt ဟာ နောက်ဆုံးမှာ သူ့ရဲ့ထာဝရအိမ်လေးကို တွေ့ရှိခဲ့သလို အများစုမှာ Dirt ရဲ့အရောင်က လိမ္မော်ရောင် နှင့် အဖြူရောင်ဖြစ်ပေမဲ့ သူ့သခင်ဝန်ထမ်းများနှင့်အတူရှိရင် Dirt ရဲ့အမွေးက ဖုန်မှုန့်အညစ်အကြေးများ ပေကျန်နေတတ်တဲ့အကျင့်ကြောင့် Steve Crise အမည်ရှိဓာတ်ပုံဆရာကလည်း Dirt ရဲ့ အံ့ဩဖွယ်ကောင်းတဲ့ ဓာတ်ပုံအချို့ကို ရိုက်ယူခဲ့ရင်း အခြားသောတိရိစ္ဆာန်များကဲ့သို့ Dirt လေးရဲ့ပေတူးနေတဲ့ဖုန်ရောင်က ယခုလို ဆိုရှယ်မီဒီယာရဲ့အာရုံစိုက်မှုကို ရရှိလာခဲ့တာဘဲဖြစ်ပါတယ်။

Mia (Mckzone daily)

Reference : thebestcatpage

Be the first to comment on "အမြဲလိုလို ကြည့်လိုက်တိုင်း ရေချိုးဖို့ လိုအပ်နေပုံပေါက်နေတဲ့ မီးရထားရုံက ကြောင်လေး"

Leave a comment

Your email address will not be published.


*