ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ မွေးရပ်မြေက အိမ်သို့မပြန်နိုင်ကြပါဘူး။ ဤအခြေအနေဟာ နှစ်အနည်းငယ်ကြာတိုင်း အိမ်ပြန်နိုင်ပြီး ၎င်းတို့ရဲ့ မိသားစုများနှင့်သာ အချိန်ဖြုန်းခွင်းတဲ့ ပြည်ပလုပ်သားများအတွက် အထူး ကြေကွဲဖွယ်ရာပါဘဲ။ သို့ပေမဲ့ ၎င်းက အိမ်ပြန်လာမှာကို ကြိုမသိနေတဲ့ ၎င်းတို့၏မိဘများကို အံ့အားသင့်စေမည့် ပြည်ပလုပ်သား အများအပြားကိုလည်း အခွင့်အရေးပေးထားပြီး ၎င်းက အိမ်သို့ ရုတ်တရက်ရောက်ချလာပြီး စပရိုက်လုပ်ပေးနိုင်ဖို့ ခရီးသွားကန့်သတ်ချက်များကြောင့် အိမ်ပြန်မရနိုင်ကြောင်း မိဘတွေကိုပြောရလွယ်ကူစေပါတယ်။
.
မကြာသေးမီက Sharmaine Santos လို့အမည်ရတဲ့ ပြည်ပလုပ်သားအမျိုးသမီးတစ်ဦးက သူမ၏မိဘများနှင့် အိမ်ပြန်သည့်နောက်ပြောင်သည့် ဗီဒီယိုကိုမျှဝေပြီးနောက် ၊ အင်တာနက်သုံးစွဲသူများက ငိုကြွေးသွားခဲ့ကြပါတယ်။ Sharmaine ဟာ အချိန်အကြာကြီး အိမ်မပြန်လာနိုင်ခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် သူမ အိမ်ပြန်ရောက်လာတဲ့အခါမှာ Shopee ပစ္စည်းပို့သမားအဖြစ် ၀တ်ဆင်ကာ order အတုဖြင့် သူမရဲ့မိဘများကို စပရိုက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အခြားမိသားစုဝင်များက ၎င်းလျှို့ဝှက်စပရိုက်ကိုသိနေကြပေမဲ့လည်း Sharmaine ရဲ့နောက်ပြောင်မှုနှင့်အတူ ကစားခဲ့ကြပါတယ်။
.
နောက်ပြောင်မှုမှာ Sharmaine က သူမ၏မိဘများပေးဆောင်ရမည့် Pp 4,900 တန် ပါဆယ်ထုပ်အတုဖြင့် သူမတို့ရဲ့အိမ်သို့ ရောက်ချလာခဲ့ပေမယ့် ဉာဏ်ကောင်းလွန်းတဲ့မိဘတွေက ၎င်းတို့မှာ အွန်လိုင်းစတိုးကနေ မှာတာမျိုးတွေမရှိခဲ့တဲ့အတွက် ၎င်းအတွက် ငွေပေးချေဖို့ ငြင်းဆိုခဲ့ပါတယ်။
.
ထို့နောက် အခြားမိသားစုဝင်တွေကလည်း အကယ်လို့သာ အဆိုပါ ပစ္စည်းပို့သမားနဲ့ဓာတ်ပုံတွဲရိုက်ရင် ပစ္စည်းဖိုးမပေးရဘူးလို့ Sharmaine ရဲ့မိခင် Nanay Aida Del Rosario Santos အား ပြောခဲ့ကြပါတယ်။ ထို့နောက်မှာတော့ Sharmaine ကလည်း ဆိုင်ကယ်ဦးထုပ်ချွတ်ပြီး မိခင်ဖြစ်သူနဲ့ဓာတ်ပုံရိုက်လိုက်ပါတယ်။ မိခင် Nanay က ပစ္စည်းပို့သမားက အမှန်တကယ်ဘဲ သူမရဲ့သမီးဖြစ်ကြောင်းကို သတိပြုမိဖို့ အချိန်အနည်းငယ်ကြာခဲ့ပေမဲ့လည်း နောက်ဆုံးမှာ မတွေ့တာကြာလှပြီဖြစ်တဲ့ သမီးဖြစ်သူကို သတိပြုမိလိုက်တော့ ဝမ်းသာအားရစွာနဲ့ သမီးဖြစ်သူကို တင်းကျပ်စွာ လှမ်းဖက်လိုက်ပြီး Sharmaine နှင့်အတူ အခြားသူတွေမျက်ရည်ကျသွားစေမဲ့ လှပတဲ့အခိုက်အတန့်လေးတစ်ခုကို ဖန်တီးခဲ့ပါတော့တယ်။
Mia (Mckzone daily)
Reference : ofwtambayan
Be the first to comment on "သမီးရဲ့စပရိုက်ကြောင့် ရင်ထဲမဆန့်အောင် ဝမ်းသာပျော်ရွှင်သွားခဲ့တဲ့ မိခင်တစ်ဦးရဲ့ကြည်နူးဖွယ်အခိုက်အတန့်"