JRose (KB Chimmy one)
Reference : thainewsonline
Unicode
ပိုက်ဆံအတုမဟုတ်ဘဲ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ငွေအမြောက်အမြားရဲ့ပုံကို ဝေမျှပြီးနောက် အွန်လိုင်းလောကမှာ လှုပ်လှုပ်ရွရွဖြစ်စေခဲ့တဲ့ သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပါတယ် ။ TokTok အသုံးပြုသူတစ်ဦးက အမေရိကနိုင်ငံ ဗင်နီဇွဲလားမှာ စစ်မှန်တဲ့ ငွေစက္ကူပုံကြီးကို လမ်းအစွန်းမှာ ထားခဲ့တဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့သော်လည်း ဘာမှတန်ဖိုးမရှိသလို တစ်ဦးတစ်ယောက်မျှ သိမ်းဆည်းခြင်းမရှိပါဘူး ။ ကလစ်မှာ ငွေစက္ကူက ဗင်နီဇွဲလား ဘိုလီဗာငွေကြေးဖြစ်ကြောင်း ပြသပါတယ် ။
ငွေကြေးဖောင်းပွမှုပြဿနာကို တွေ့ကြုံနေရဆဲဖြစ်တဲ့ဗင်နီဇွဲလားက ဆိုးရွားတဲ့ ငွေကြေးဖောင်းပွမှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် နောက်ဆုံးပေါ်ငွေလဲနှုန်း၊ 1 US ဒေါ်လာ = 458,257 ဘိုလီဗာ ဖြစ်ပါတယ် ။ ဒါပေမဲ့ အရေအတွက်များ တိုးတက်နေသော်လည်း၊ အထူးသဖြင့် အစားအသောက်နဲ့ ဆေးဝါးဝယ်ယူမှုမှာ လူတို့ရဲ့ဘဝအပေါ် သက်ရောက်မှုရှိနေဆဲဖြစ်ပါတယ် ။ အနည်းဆုံးလုပ်ခက လက်ရှိမှာ ၁.၅ ဒေါ်လာ သို့မဟုတ် တစ်လလျှင် ဘတ် ၅၀ ခန့်ဖြစ်ပါတယ် ။
JRose (KB Chimmy one)
Be the first to comment on "ပိုက်ဆံအတုမဟုတ်ဘဲ လမ်းဘေးမှာ စွန့်ပစ်ထားတဲ့ ပိုက်ဆံပုံးကြီးကို ဘယ်သူမှမလိုချင်တဲ့အတွက် အင်တာနက်သုံးသူများ အံ့သြနေကြတဲ့အဖြစ်"