အမှိုက်သိမ်းသမားများရဲ့အကူအညီကြောင့် မတော်တဆ စွန့်ပစ်မိခဲ့တဲ့ သူမရဲ့တန်ဖိုးကြီးရတနာများကို ပြန်လည်ရယူနိုင်ခဲ့တဲ့ အိမ်ရှင်မတစ်ဦး

စွန့်ပစ်ရန်မရည်ရွယ်သော ကျွန်တော်တို့ရဲ့ပစ္စည်းတွေကို မတော်တဆစွန့်ပစ်မိပြီးနောက်မှာ ပြန်လည်ရရှိရန် ကြိုးစားခဲ့ကြပေမဲ့ အများစုဟာ ပြန်ရခဲတတ်ပါတယ်။ ဖေဖေါ်ဝါရီလ 20 ရက်နေ့က Yaya အမည်ရှိအမျိုးသမီးတစ်ဦး က သူမရဲ့လွဲမှားစွာ စွန့်ပစ်ထားမိတဲ့ ရွှေထည်လက်ဝတ်ရတနာများအား သွေးတိုးမတတ် ပြန်ရှာခဲ့ရတဲ့စိတ်လှုပ်ရှားဖွယ်ရာ အတွေ့အကြုံကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ထိုနေ့မှာ Yaya က သူမရဲ့လွှဲမှားသွားတဲ့လုပ်ရပ်ကို သဘောပေါက်ပြီးနောက် အိမ်အပြင်ရှိအမှိုက်ပုံးမှာ ချက်ချင်းသွားစစ်ဆေးဖို့ ခင်ပွန်းဖြစ်သူကို တောင်းဆိုခဲ့ပေမယ့် ကံမကောင်းစွာပဲ ထိုအမှိုက်များကို အမှိုက်ကားက ကောက်ယူသွားခဲ့ပြီဖြစ်ပါတယ်။

.

ထိုအခါ ထိတ်လန့်သွားတဲ့ Yaya က ထိုရတနာများက သူမအတွက် အရေးကြီးတဲ့အတွက် ၎င်းအမှိုက်ကားကို အစွမ်းကုန်ကြိုးစားရှာရန် ခင်ပွန်းအား ထပ်မံတောင်းဆိုခဲ့ရပါတယ်။ Majlis Perbandaran Seberang Prai (MPSP) ရဲ့အမှိုက်ထရပ်ကားက ၎င်းတို့နေထိုင်ရာအရပ်မှအမှိုက်များစွာကို လိုက်လံစုဆောင်းတာကြောင့် ၎င်းအမှိုက်ကားကိုရှာဖွေရန် အချိန်အတော်ကြာခဲ့ရပါတယ်။

.

၎င်းအမှိုက်ထရပ်ကားကိုတွေ့တော့ Yaya က အမှိုက်သိမ်းသမားများအား သူမရဲ့ပျောက်ဆုံးနေတဲ့ ရွှေလက်ဝတ်ရတနာများကိုရှာဖွေရာမှာ ကူညီပေးနိုင်မလားဆိုလို့မေးခဲ့ပေမဲ့ ၎င်းတို့က အစပိုင်းမှာ ကောက်ရိုးပုံထဲက အပ်တစ်ချောင်းကိုရှာရသလိုပဲ သူမကိုကူညီဖို့ ချီတုံချတုံ ဖြစ်နေခဲ့ပါတယ်။

Yaya လည်း လက်လျှော့လုနီးပါးဖြစ်သွားခဲ့ရပေမဲ့ ကံကောင်းထောက်မစွာပဲ အမှိုက်သိမ်းသမားတစ်ဦးကကူညီဖို့ဆုံးဖြတ်လိုက်မှ ခင်ပွန်းသည်က အမှိုက်သိမ်းသမားရဲ့ညွှန်ကြားချက်အတိုင်း Tasek Gelugor ရဲ့သန့်ရှင်းရေးလုပ်ငန်းဌာနသို့ ချက်ချင်းသွားရောက်ခဲ့ပြီးနောက် အဖိုးတန် ရွှေလက်ဝတ်လက်စားတွေကိုပြန်ရှာတွေ့သွားတဲ့အခါ ခင်ပွန်းဖြစ်သူကလည်း သူမအား ဗီဒီယို call ခေါ်ပြီး ပြလိုက်မှ ခေါင်းကြီးနေတဲ့ Yaya ကလည်း ရင်ထဲကအလုံးကြီးကျသွားခဲ့ရပါတယ်။

ထို့နောက် Yaya က အမှိုက်သိမ်းသမားများရဲ့ ဘဏ်အသေးစိတ်အချက်အလက်များကို ချက်ခြင်းတောင်းယူပြီး ၊ ၎င်းတို့ရဲ့ရိုးသားမှုနှင့် ကြိုးစားမှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ထုတ်ဖော်ပြောဆိုခြင်းမရှိတဲ့ငွေပမာဏတစ်ခုကို လွှဲပြောင်းပေးခဲ့ပါတယ်။ သတင်းမီဒီယာတစ်ခုမှ Yaya သို့ဆက်သွယ်ခဲ့ချိန်မှာတော့ Yaya က သူမရဲ့ရွှေထည်လက်ဝတ်လက်စားများ ထာဝရပျောက်ဆုံးသွားနိုင်ကြောင်းသိလိုက်ရတဲ့အခါ သူမရဲ့ရင်တွင်းမှာ ချက်ချင်းဗလာဖြစ်သွားကြောင်း ပြောပြခဲ့တဲ့အပြင် အဆိုပါအမှိုက်သိမ်းသမားများက ၎င်းတို့ရဲ့အချိန်ကို အမှိုက်ပုံးပေါ်မှာဘဲ စတေးထားခဲ့သည့်အတွက် လိမ္မော်ရောင်သူရဲကောင်းများလို့လည်း ချီးကျူးခေါ်ဆိုခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : worldofbuzz

Be the first to comment on "အမှိုက်သိမ်းသမားများရဲ့အကူအညီကြောင့် မတော်တဆ စွန့်ပစ်မိခဲ့တဲ့ သူမရဲ့တန်ဖိုးကြီးရတနာများကို ပြန်လည်ရယူနိုင်ခဲ့တဲ့ အိမ်ရှင်မတစ်ဦး"

Leave a comment

Your email address will not be published.


*