JRose (Mckzone daily)
Reference : khaosod
Unicode
မကြာသေးခင်က Maesa Elephant Camp မှ ချင်းမိုင်ခရိုင်မှာ smart ဆင်ကြီးစုံတွဲဖြစ်တဲ့ အသက် 39 နှစ်အရွယ်ဆင်ထီး “Plai Od” နဲ့ အသက် 23 နှစ်အရွယ်ဆင်မ”Mae Pan” တို့ လက်ထပ်ထိမ်းမြားပွဲကို ကျင်းပခဲ့ပါတယ် ။ ဒီမင်္ဂလာပွဲကို Maesa Elephant Camp ရဲ့ စီမံခန့်ခွဲသူ Ms. Anchalee Kalmaphichit နဲ့ သတို့သားရဲ့မိတ်ဆွေအဖြစ် Plai Odd ရဲ့ဆင်ဦးစီးသူ Mr. Daeng Min နဲ့ ဆင်စခန်းမန်နေဂျာ မစ္စ Rattana Srimok တို့ မှ စီစဉ်ကျင်းပခဲ့ပါတယ် ။
Ms Anchalee က မင်္ဂလာပွဲ တရားဝင် မကြေငြာခင်မှာ ဇနီးမောင်နှံ နှစ်ယောက် ရဲ့ အမျိုးအနွယ် နဲ့ ဆင်ဦးရေများကိုလည်း ရေရှည်ချစ်ဖို့ ဆုတောင်းပေးပါတယ် ။ ထို့နောက် မင်္ဂလာဆောင်လက်ဆောင်အဖြစ် ဖရဲသီး၊ငှက်ပျောသီးစတဲ့ သစ်သီးကိတ်မုန့်ကို ပေးပါတယ် ။ မင်္ဂလာဆောင်မှာ Ploi Od နဲ့ Mae Paen တို့ဟာ တစ်ချိန်လုံး လက်တွဲပြီး ချစ်ခြင်းမေတ္တာကို ပြသခဲ့ကြပါတယ် ။ ဆင်ဦးစီးသူများက ဒီဆင်ဇနီးမောင်နှံကို ပြုစုပျိုးထောင်ပြီး 6 လအကြာမှာတော့ သူတို့ရဲ့ ခင်မင်ရင်းနှီးမှုက အချစ်အဖြစ် ပြောင်းလဲလာပုံပါပဲ ။
JRose (Mckzone daily)
Be the first to comment on "ထပ်ပြီးမဝေးကွာရအောင် တစ်ချိန်လုံးလက်တွဲနိုင်ဖို့ ထိမ်းမြှားလက်ထပ်ခဲ့ကြရတဲ့ ဆင်စုံတွဲ"