မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံ Numancia ခရိုင် Bulwang မူလတန်းကျောင်းမှ င်္သချာဆရာတစ်ဦးဖြစ်တဲ့ Rodney Nicodemus က သူ့ရဲ့စာသင်ခန်းအတွင်း စာသင်ကြားပေးနေသည့်ဓာတ်ပုံအချို့ကို ဆိုရှယ်မီဒီယာပေါ် တင်ပေးခဲ့ပါတယ်။ ၎င်း၏တစ်ဦးတည်းသောကျောင်းသားကတော့ အသက် 79 နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဘွား Lola Merlita Militar ဖြစ်တဲ့အတွက်ကြောင့် ၎င်းဟာ ထူးခြားတဲ့ face-to-face အတန်းလည်းဖြစ်နေပါတယ်။ ဆရာ Rodney က အဘွား Lola အကြောင်းနဲ့ပတ်သက်ပြီး ၎င်း၏ Facebook ပို့စ်မှာ “ အဘွားက သူ့မြေးလေးတွေရဲ့ အိမ်စာတွေကို ကူဖြေရှင်းပေးချင်လို့တဲ့ ၊ ကျွန်တော့်ဆီ အတန်းလာတက်တာပါ ၊ ဒါက အဘွားရဲ့စိတ်အားထက်သန်မှုပါဘဲ ” လို့ရေးသားဖော်ပြခဲ့တာပါ။
.
တကယ်တော့ ဆရာ Rodney ဟာ Lola Merlita က သူမရဲ့မြေးလေးတွေကို ပြန်သင်ပေးဖို့ သင်္ချာပုဒ်စာတွေကို ကြိုသင်ထားတဲ့သဘောပါ။ ဆရာ Rodney က “ အရင်က အဘွား Lola ဟာ နုပျိုစဉ်က ကျူရှင်ဆရာမလုပ်ခဲ့ဖူးပေမဲ့ စာတွေကိုမမှတ်မိတော့လို့ သူမ ကျွန်တော့်ကို ဒီလို သင်္ချာပုဒ်စာတွေနဲ့ အကူအညီတောင်းတာ ဒါနဲ့ဆို ဒုတိယအကြိမ်ပါ ” လို့လည်း ဆိုထားပါတယ်။ ထို့ပြင် အဘွား Lola က အထူးသဖြင့် သင်္ချာနှင့်ပတ်သက်လာသောအခါ သူမရဲ့ 11 နှစ်နှင့် 4 နှစ်အရွယ် မြေးလေးတွေကို ၎င်းတို့၏သင်ခန်းစာတွေကို ပြန်သင်ကြားပေးဖို့ သူမအတွက်ခက်ခဲကြောင်း ဝန်ခံခဲ့ပါတယ်။
.
အဘွား Lola ဟာ သူမရဲ့ပညာရေးကိုအပြီးမသတ်နိုင်ခဲ့သလို မိဘဖြစ်သူတွေက Cebu မြို့မှာအလုပ်သွားလုပ်နေတဲ့အတွက် သူမရဲ့မြေးလေးတွေကိုလည်း တစ်ဦးတည်း ပြုစုနေတာပါ။ အဘွား Lola ဟာ အသက်ကြီးရင့်လည်း သူမရဲ့မြေးလေးတွေကိုပညာပေးနိုင်သေးကြောင်းပြသခဲ့ပါတယ်။
.
Netizens များစွာက ကျောင်းသားများအတွက် ၎င်းတို့၏အနစ်နာခံမှုအတွက် ဆရာ Rodney နှင့် အဘွား Lola တို့အား ချီးကျူးခဲ့ကြသလို အချို့က လူကိုယ်တိုင်သင်ကြားတဲ့စာသင်ခန်းများကို ခွင့်မပြုသေးပေမဲ့လည်း အဘွား Lola လို မိဘများ သို့မဟုတ် အုပ်ထိန်းသူများအနေဖြင့် ကလေး သို့မဟုတ် မြေးလေးများကို ပြုစုစောင့်ရှောက်ရန် မည်မျှခက်ခဲတဲ့အကြောင်းလည်း မျှဝေခဲ့ကြပါတယ်။
JRose (Mckzone daily)
Reference : everytruenews24
Be the first to comment on "မြေးလေးတွေရဲ့သင်္ချာအိမ်စာတွေကို ကူဖြေရှင်းပေးနိုင်ဖို့အတွက် စိတ်အားထက်သန်စွာ ဆရာတစ်ဦးနဲ့ သီးသန့်စာပြန်သင်နေတဲ့ အသက် ၇၉ နှစ်အရွယ်အဘွား"