\ရှေးဆိုရိုးစကားအတိုင်း အမျိုးသားတစ်ဦးရဲ့စိတ်နှလုံးသားသို့သွားရာလမ်းက ဗိုက်မှတဆင့်ဖြစ်တယ်လို့ဆိုကြပါတယ်။ ဒါ့ကြောင့် နိုင်ငံအဆင့်အထိပြတ်လပ်မှုကြားတွင် အမျိုးသမီးတစ်ဦးရဲ့ နှလုံးသားအတွက် သော့ချက်မှာ ဟင်းချက်ဆီလို့ ဆိုလိုမယ်ထင်ပါတယ်။ မကြာသေးမီက ၎င်းရဲ့သတို့သမီးအတွက် ခန်းဝင်ပစ္စည်းပေးတဲ့ အင်ဒိုနီးရှားအမျိုးသားတစ်ဦးဟာ 2022 အစောပိုင်းရှိ နိုင်ငံရဲ့ဟင်းချက်ဆီပြတ်လပ်မှုကြောင့် သတို့သမီးဖြစါသူအား ရှားပါးဟင်းချက်ဆီတစ်ထုပ်ဖြင့် တင်တောင်းခဲ့ပါတယ်။
.
အရှေ့ဂျာဗားပြည်နယ် Ponorogo မြို့ရှိ Sooko ခရိုင်မှ အသက် ၆၀ အရွယ် Supadi အမည်ရှိသတို့သား နှင့် ၊၅၄ နှစ်အရွယ် Sumarati အမည်ရှိသတို့သမီးတို့ဟာ ပြီးခဲ့တဲ့ Twosday ( 22.2.2022 -နှစ်ခြောက်လုံး) နေ့မှာ ရိုးရာထုံးတမ်းစဉ်လာအတွက် ဒေသခံ KUA (သာသနာရေးရုံး) ၌ တိတ်တိတ်ဆိတ်ဆိတ် လက်ထပ်လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ သို့ပေမဲ့ Supadi ၏ Sumarariti အတွက် ခန်းဝင်ပစ္စည်းဖြစ်သော ဟင်းချက်ဆီ 1 လီတာထုပ်ကျေးဇူးကြောင့် ၎င်းကြင်စဦးဇနီးမောင်နှံနှစ်ဦးတို့ဟာ ၁၅ မိနစ်တည်းနဲ့ အွန်လိုင်းပေါ်မှာ နာမည်ကြီး လူပြောများသွားခဲ့ပါတယ်။ “ သတို့သားရဲ့ ဒဿနက ရိုးရှင်းတယ်။ သူက ဟင်းချက်ဆီ ရှားပါးပြီး ဈေးကြီးတဲ့အတွက် အဲ့တာက မိသားစုအတွက် ပိုတန်ဖိုးရှိတယ်လို့ ပြောခဲ့သေးတယ် ၊ ၎င်းတို့ရဲ့သက်ဆိုင်ရာ လက်တွဲဖော်တွေက ကွယ်လွန်သွားခဲ့ပြီဖြစ်လို့ ဒီစုံတွဲက မုဆိုးဖိုနဲ့ မုဆိုးမတွေပါ ” ဟု Sooko KUA အကြီးအကဲ Meki Hasan Tachtarudin က မင်္ဂလာပွဲအပြီးတွင် ပြောကြားခဲ့ပါတယ်။
.
၎င်းဟင်းချက်ဆီထုပ်အပြင် Supadi ၏ ခန်းဝင်ပစ္စည်းဟာ ငွေသား IDR ၁ သန်း ( ၁ သိန်းကျော် ) ပါဝင်ပါသေးတယ်။ ကမ္ဘာပေါ်မှာ စားအုန်းဆီအများဆုံးထုတ်လုပ်သည့် အင်ဒိုနီးရှားအတွက် ဟင်းချက်ဆီပြတ်လပ်မှုဟာ အံဩဖွယ်ရာတစ်ခုလိုပါဘဲ။ မကြာသေးမီရက်သတ္တပတ်များအတွင်းက ရွှေရည်လို့တောင်မြင်နေရသည့် စားအုန်းဆီလက်လီဈေးနှုန်းများက နှစ်ဆနီးပါးတက်လာပြီး ၊ ရိုးရာဈေးကွက်များနှင့် စူပါမားကတ်များမှ ပျောက်ကွယ်သွားတဲ့အတွက်ကြောင့် အင်ဒိုနီးရှားလူမျိုးများဟာ အစိုးရမှ ပံ့ပိုးပေးထားသည့် ဟင်းချက်ဆီများကို အပြေးအလွှား သွားရောက်လက်ခံရယူနေကြရပါတယ်။
.
ပြည်တွင်းစားသုံးမှု မြင့်တက်ခြင်းနှင့် စားအုန်းဆီဈေးများ တဟုန်ထိုးတက်ခြင်းဟာ အကျပ်အတည်း၏ အဓိက အကြောင်းရင်း ဖြစ်နိုင်ဖွယ်ဖြစ်ပေမဲ့လည်း လက်ရှိမှာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဈေးကွက်ကိုခြယ်လှယ်ပြီး နောက်ပိုင်းတွင် ဈေးပိုမြင့်ကာရောင်းချရန်ရည်ရွယ်သည့် ဟင်းချက်ဆီသိုလှောင်ထားရှိသူများကိုလည်း လိုက်လံနှိမ်နင်းနေလျက်ရှိပါတယ်။
Mia (Mckzone daily)
Reference : coconuts
Be the first to comment on "ကုန်ဈေးနှုန်းမြင့်တက်လာမှုကြောင့် ဟင်းချက်ဆီတစ်ထုပ်ဖြင့် သတို့သမီးအား ခန်းဝင်ပစ္စည်းအဖြစ် တင်တောင်းလက်ထပ်ခဲ့တဲ့ သတို့သား"