လေဖြတ်ပြီး အိပ်ရာပေါ်လဲနေရတဲ့ ခင်ပွန်းသည်ရဲ့ရှေ့ကနေ အပျော်တမ်း ကပြနေခဲ့လို့ ဝေဖန်တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့လက်တွေ့အဖြစ်

အသက် ၄၆ နှစ်အရွယ် Cui Fangli အမည်ရှိအမျိုးသမီးတစ်ဦးဟာ လေဖြတ်ရောဂါကြောင့် အိပ်ရာထပ်မှာလဲနေရတဲ့ Fang Jianhui အမည်ရှိသူမခင်ပွန်းဖြစ်သူရဲ့ရှေ့မှာ ကပြနေတဲ့ သူမရဲ့ဗီဒီယိုတွေကိုတင်လိုက်ပြီးနောက်မှာတော့ သူမအား ဆိုရှယ်မီဒီယာအသုံးပြုသူတော်တော်များများက ပြစ်တင်ဝေဖန်လာခဲ့ကြပါတယ်။ South China Morning Post ရဲ့အဆိုအရ Weibo အသုံးပြုသူတစ်ဦးက Cui ကို “ အသည်းနှလုံးမရှိတဲ့လူ” လို့ခေါ်တွင်ခဲ့ပြီး အခြားတစ်ဦးက ” Fang ကို စိတ်မချမ်းမသာဖြစ်အောင်လုပ်ပြီး ခင်ပွန်းအသစ်ရှာဖို့ ကြိုးစားနေတာလား” လို့ Cui အား မေးခွန်းထုတ်ခဲ့ပါတယ်။

.

သို့ပေမဲ့ Cui က 2019 ခုနှစ်မှာ ဦးနှောက်သွေးယိုစီးမှုကြောင့် ဦးနှောက်သွေးကြောပိတ်ကာ လေဖြတ်သွားပြီးနောက် အိပ်ရာပေါ်လဲလျောင်းလာခဲ့ရသည့် သူမရဲ့ခင်ပွန်းဖြစ်သူကို ပြုစုစောင့်ရှောက်ရန် သူမဘဝကိုမြှုပ်နှံထားခဲ့ကြောင်း ဝေဖန်မှုများကြားမှ ထုတ်ဖော်ပြောခဲ့ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာအသုံးပြုသူများရဲ့တုံ့ပြန်မှုက အနည်းငယ် ပြောင်းလဲလာခဲ့ပါတယ်။ Cui ရဲ့နေ့စဉ်လုပ်ရိုးလုပ်စဉ်မှာ ခင်ပွန်းဖြစ်သူအား အစာကျွေးခြင်း နှင့် ကိုယ်ခန္ဓာထဲမှ အရည်များထုတ်ယူရတဲ့ပြွန်သေးကိုအသုံးပြုထားရတာကြောင့် သူမဟာ နှစ်နာရီခြား တစ်ကြိမ် ခင်ပွန်းသည်ရဲ့လေလမ်းကြောင်းများကို ရှင်းလင်းပေးရပါတယ်။

.

ထိုအကက သူမအား စိတ်ဖိစီးမှုသက်သာစေရန်ကူညီပေးကြောင်းနှင့် ခင်ပွန်းဖြစ်သူ ဒီရောဂါမခံစားရသေးမီကတည်းက သူမတို့နှစ်ဦးသားက ရွာသားများနှင့်အတူ အမြဲကလေ့ရှိခဲ့ကြောင်း Cui က ရှင်းပြခဲ့ပြီး ယခုအခါလည်း သူမက အကောင်းမြင်သူအဖြစ်ဆက်ရှိနေစေရန် အိမ်မှာနေပြီး ခင်ပွန်းသည်အား ကပြလေ့ရှိခဲ့ကြောင်း TNP သတင်းမှာ ဖော်ပြထားခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ Fang က နောင်လာမဲ့ သူ့ဘဝတစ်သက်တာလုံး အိပ်ရာပေါ်မှာဘဲ ရှိနေရလိမ့်မယ်လို့ ဆရာဝန်များက Cui အားပြောကြားခဲ့ပေမဲ့လည်း Cui က သူမခင်ပွန်းအား ဆက်လက် ဂရုစိုက်ပြီး စွန့်လွှတ်ရန် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

.

သူမတို့စုံတွဲရဲ့ဇာတ်လမ်းအပြည့်အစုံကို ပြည်တွင်းမီဒီယာများက ထုတ်ဖော်လိုက်ပြီးနောက်မှာတော့ ဆိုရှယ်မီဒီယာသုံးစွဲသူများစွာက Cui နှင့် Fang တို့အား အားပေးစကားပြောခဲ့ကြပြီး Cui ရဲ့အပြုသဘောဆောင်မှုနှင့် ခင်ပွန်းအပေါ် ချစ်ခြင်းမေတ္တာအတွက် ချီးကျူးမှုများနှင့်အတူ လူအများရဲ့တုံ့ပြန်မှုမှာ အပြုသဘောဆောင်တဲ့ အလှည့်အပြောင်းများဖြစ်လာခဲ့ပါတယ်။ ထို့ပြင် Alibaba ရဲ့အပြုသဘောဆောင်သည့်လှုပ်ရှားမှုတစ်ခုမှတစ်ဆင့် Fang အား ယွမ် 10,000 ( ဒေါ်လာ 1,580) ဆုချီးမြှင့်ခဲ့ကြောင်းလည်း Alibaba-owned Morning Post က ဖော်ပြခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : nextshark

Be the first to comment on "လေဖြတ်ပြီး အိပ်ရာပေါ်လဲနေရတဲ့ ခင်ပွန်းသည်ရဲ့ရှေ့ကနေ အပျော်တမ်း ကပြနေခဲ့လို့ ဝေဖန်တိုက်ခိုက်ခံခဲ့ရတဲ့ အမျိုးသမီးရဲ့လက်တွေ့အဖြစ်"

Leave a comment

Your email address will not be published.


*