တောမီးလောင်မှုကြောင့် ကြောက်လန့်နေခဲ့ရပြီးနောက် ကယ်ဆယ်ပေးလိုက်တဲ့မီးသတ်သမားရဲ့ပုခုံးပေါ်ကနေ မဆင်းတမ်း တွယ်ကပ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကယ်လီဖိုးနီးယားရှိ Paradise မြို့မှာ ဖြစ်ပွါးခဲ့တဲ့ မီးလောင်ကျွမ်းမှုက sunny ပြည်နယ်ရဲ့သမိုင်းမှာ အသေအပျောက်အများဆုံး မီးလောင်ကျွမ်းမှုအဖြစ် မှတ်ယူထားပါတယ်။ ထိုမီးလောင်ကျွမ်းမှုက နိုဝင်ဘာ ၈ ရက်နေ့၌စတင်ကာ Butte မြို့မှာ စုစုပေါင်း ၁၇ ရက်ကြာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်သမားများက ၁၀၀ ရာခိုင်နှုန်းပြည့် မထိန်းနိုင်ခဲ့တဲ့အတွက် ပထမ ခြောက်နာရီအတွင်း ပျက်စီးမှုများခဲ့ရပါတယ်။ Ryan Coleman အမည်ရှိမီးသတ်သမားက မီးလောင်ပြီးခါစ မြေယာအပျက်အစီးထဲသို့ ဝင်ရောက်တဲ့အခါမှာ ပတ်ဝန်းကျင်ရှိ ပျက်စီးခြင်းနှင့် သေဆုံးခြင်းများနှင့်အတူ ဒုက္ခရောက်နေတဲ့ မီးခိုးရောင်ကြောင်တစ်ကောင်က သူ့အား လာနှုတ်ဆက်နေခဲ့တဲ့အကြောင်းကို မျှဝေခဲ့ပါတယ်။

.

ထိုချိန် Coleman က သူ့ဖုန်းကို အမြန်ဆွဲထုတ်လိုက်ပြီး နှုတ်ဆက်ဖို့စိတ်အားထက်သန်ပုံရတဲ့ကြောင်လေးရဲ့ချစ်စရာကောင်းတဲ့ ဓါတ်ပုံလေးကို ရိုက်ယူလိုက်ပြီး Coleman ပထမဆုံးအကြိမ်အဖြစ် တွေ့ဆုံတဲ့ထိုကြောင်လေးက သူနဲ့နီးစပ်ဖို့ ဒါမှမဟုတ် သူ့ရဲ့ခြေထောက်မှာလာပွတ်ဖို့နဲ့ မလုံလောက်နေခဲ့ဘဲ ၎င်းအား ဘေးကင်းအောင်စောင့်ရှောက်ပေးမယ်ဆိုတာ သိနေပုံရတဲ့ကြောင်လေးက မတ်တပ်ရပ်နေတဲ့ Coleman ပေါ်ပြေးတက်သွားခဲ့ပါတယ်။ Coleman က ကြောင်လေးကို သူ့ရင်ခွင်ထဲပွေ့ဖက်ထားပေးခဲ့ပေမဲ့ ကြောင်လေးက အဲ့မှာတင်မကျေနပ်ဘဲ Coleman ရဲ့ပုခုံးပေါ်တက်ထိုင်ပြီး Coleman ကို ထိုပုံစံအတိုင်းလမ်းလျှေက်စေခဲ့ပါတယ်။

.

Coleman က ၎င်းတို့အနီးနားမှာ အန္တရာယ်ကင်းရှင်းကြောင်းသိပြီးနောက် ထိုကြောင်နှင့်အတူ ဓာတ်ပုံများနှင့် ဗီဒီယိုအတိုလေးရိုက်ယူခဲ့ပါတယ်။ Coleman က နိုဝင်ဘာ ၁၈ ရက်နေ့၌ သူ့ Facebook စာမျက်နှာမှာ ၎င်းဗီဒီယိုအတိုလေးနဲ့အတူ ” ပူစိ ကယ်ဆယ်ရေး ။ ကျွန်တော် လမ်းလျှောက်ရင်း ကျွန်တော့်လည်ပင်းနဲ့ ပုခုံးပေါ်မှာ အေးစက်စက် ခံစားရတယ်!” လို့ရေးသားပြီး တင်ခဲ့ပါတယ်။ အင်ဂျင်ကပ္ပတိန်တစ်ဦးဖြစ်တဲ့ Coleman က တောမီးများကိုငြိမ်းသတ်ဖို့ ရက်အတော်ကြာအောင် ရုန်းကန်ခဲ့ရတဲ့အတွက် မောပန်းနွမ်းနယ်နေပေမဲ့ သူ့ပုခုံးတက်ထိုင်တဲ့ ချစ်ခြင်းမေတ္တာနှင့်ပြည့်နေတဲ့ကြောင်လေးကြောင့် ပျော်ရွှင်နေပုံရပါတယ်။

.

ဗီဒီယိုမှာ စိတ်အားထက်သန်တဲ့ကြောင်လေးက သူမရဲ့ကယ်တင်ရှင်ကို ကျေးဇူးတင်ဖို့ တတ်နိုင်တဲ့နည်းနဲ့ လုပ်ဆောင်နေတာကိုတွေ့မြင်နိုင်ပါတယ်။ ထိုကြောင်လေးက Coleman ပုခုံးပေါ်တက်စီးရင်း Coleman ရဲ့မီးသတ်ဦးထုပ်ကိုလည်း ၎င်းရဲ့ခေါင်းနှင့်မျက်နှာဖြင့် ပွတ်သပ်နေခဲ့ပါတယ်။

အခုလို မီးသတ်သမားများက လူသားများထံ ရထိုက်တဲ့ ချစ်ခြင်းမေတ္တာနဲ့ ကျေးဇူးတရားများကိုသာမက လူသားမဟုတ်တဲ့ တိရိစ္ဆာန်များထံ၌လည်း ရရှိနေတာကို မြင်တွေ့ရတာကလည်း ကြည်နူးစရာပါဘဲဗျာ ။

Mia (Mckzone daily)

Reference : 3lstories

Be the first to comment on "တောမီးလောင်မှုကြောင့် ကြောက်လန့်နေခဲ့ရပြီးနောက် ကယ်ဆယ်ပေးလိုက်တဲ့မီးသတ်သမားရဲ့ပုခုံးပေါ်ကနေ မဆင်းတမ်း တွယ်ကပ်နေခဲ့တဲ့ ကြောင်လေး (ရုပ်သံ)"

Leave a comment

Your email address will not be published.


*