JRose (Mckzone daily)
Reference : khaosod
Unicode
တရုတ်အမျိုးသားတစ်ဦးက မိန်းကလေးတစ်ဦးကို ချစ်ကြောင်း ဝန်ခံဖို့ ရှပ်အင်္ကျီကို ချွတ်ပြီး အေးစက်တဲ့လေထဲမှာ သတ္တိရှိရှိနဲ့ မတ်တပ်ရပ်ဖို့ ဆုံးဖြတ်လိုက်ပေမဲ့ ငြင်းပယ်ခံခဲ့ရပါတယ် ။ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့ရှိ လျှပ်စစ်စက်ရုံတစ်ခုရဲ့ တံခါးဝမှာ ပန်းစည်းကိုင်ဆောင်ထားတဲ့ လူငယ်တစ်ဦးကို မြင်ရပါတယ် ။ ထိုအချိန်မှာ အချစ်က သူ့အတွက် အရေးကြီးဆုံးအရာမို့လို့ ချစ်ခြင်းမေတ္တာကို အရှုံးမပေးဘဲ ကတိကဝတ်ပြုကာ သူဟာ အင်္ကျီကိုချွတ်ပြီး စက်ရုံရှေ့တွင် စက်ရုံရှေ့မှာ ရပ်ခဲ့ပါတယ် ။
လူငယ်လေးက အအေးထဲမှာ သုံးနာရီကျော်ကြာအောင် ရပ်နေခဲ့ပါတယ် ။ သူ့အချစ်ကို ဝန်ခံဖို့ စောင့်နေတဲ့ အမျိုးသမီးက ပေါ်မလာသေးပေမဲ့ သူက စောင့်မျှော်ဆဲဖြစ်ပြီး စက်ရုံတစ်ရုံလုံး သူနာမည်တွေ နာမည်ကြီးလာတဲ့အထိ ဖြတ်သွားတဲ့လူတွေရဲ့ မျက်လုံးတွေကို လျစ်လျူရှုနေခဲ့ပါတယ် ။ နောက်ပိုင်းမှာ စက်ရုံက မိန်းကလေး နှစ်ယောက်ထွက်လာကာ လူငယ်ကို အင်္ကျီ ဝတ်ခိုင်းပြီး အိမ်ပြန်ခိုင်းခဲ့ပါတယ် ။
ဒီလုပ်ရပ်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ အကြီးအကျယ် ပျံ့နှံ့ခဲ့ပါတယ် ။ ဒီလူငယ်လေးဟာ စက်ရုံကမိန်းကလေးကို သိပ်ချစ်တယ်လို့ အင်တာနက်သုံးစွဲသူတွေက ယူဆကြပါတယ် ။ ဒါပေမဲ့ အရမ်းခေါင်းမာတဲ့ အပြုအမူတွေ များလေလေ မိန်းကလေးတွေအပေါ် အာရုံစူးစိုက်မှု နည်းလေလေပါပဲ ။ ဘယ်လို့ဆို စိတ်အနှောက်အယှက်ဖြစ်စေပြီး ကြောက်ရွံ့မှုဖြစ်စေတာကြောင့်ပါ ။
JRose (Mckzone daily)
Be the first to comment on "သဘောကျတဲ့ မိန်းကလေးတစ်ယောက်ကို ချစ်ကြောင်းဝန်ခံဖို့ သူ့အင်္ကျီကိုချွတ်ပြီး အအေးထဲမှာ ၃နာရီကြာ ရပ်စောင့်နေခဲ့တဲ့ အမျိုးသား"