ကိုယ်ကာယဗလသမားတစ်ဦးဖြစ်တဲ့ချစ်သူကို နှစ်နာရီခြား တစ်ကြိမ် မိခင်နို့တိုက်ကျွေးဖို့အတွက် သူမရဲ့အလုပ်မှ နုတ်ထွက်ခဲ့တဲ့ အမျိုးသမီး

မကြာသေးမီက အမျိုးသမီးတစ်ဦးဟာ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်သူ ချစ်သူကို နှစ်နာရီခြား တစ်ကြိမ် နို့တိုက်ကျွေးရန် မိခင်နို့အလုံအလောက်စုပ်ထုတ်ဖို့လိုအပ်တာကြောင့် သူမရဲ့အလုပ်မှ နုတ်ထွက်ခဲ့ကြောင်း ထုတ်ဖော်ပြောပြခဲ့ပါတယ်။ မီဒီယာတစ်ခု၏ဖော်ပြချက်အရ အဆိုပါ အသက် ၃၆ နှစ်အရွယ် Jennifer Mulford အမည်ရှိသူမဟာ သူမ၏ချစ်သူ Brad Leeson နှင့် Adult Breastfeeding Relationship (ABR) ကို စတင်လိုခဲ့တာကြောင့် သူမရဲ့ဘားတင်ဒါအလုပ်မှ နုတ်ထွက်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူမဟာ ချစ်သူအတွက် နို့အလုံအလောက်ထုတ်ဖို့ အချိန်ပြည့် ကြိုးစားနေပါတယ်။ သူမ single ဖြစ်စဉ်က Mulford ဟာ Adult Breastfeeding Relationships (ABR) အကြောင်း ဝဘ်ဆိုဒ်တစ်ခုကို ရှာတွေ့သွားခဲ့ပြီးနောက် ၊ ၎င်းကိုစမ်းကြည့်ချင်တာနဲ့ သူမရဲ့ကျောင်းတုန်းကရည်းစားဟောင်း Leeson နှင့် စတင်စကားပြောခဲ့ပါတယ်။

.

ထိုစဉ်က သူမရဲ့စကားကိုကြားကြားပြီးချင်းနောက်မှာ Leeson ရဲ့အသံက စိတ်လှုပ်ရှားပြီး တုန်လှုပ်နေခဲ့ကြောင်း သူမက ရှင်းပြခဲ့ပါတယ်။ ထို့နောက် Mulford က သူမဟာ အရွယ်ရောက်ပြီးသူအား မိခင်နို့တိုက်ကျွေးခြင်းက ၎င်းတို့ကြား ‘မှော်ဆန်သောနှောင်ကြိုး’ ကို ဖန်တီးပေးမယ်လို့ ယုံကြည်နေချိန်မှာဘဲ ထိုကဲ့သို့သောက်သုံးခြင်းက ကာယဗလသမားတစ်ဦးအနေဖြင့် သူ့ရဲ့ခန္ဓာကိုယ်ကျန်းမာရေးအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်လိမ့်မယ်လို့တွေးတဲ့ Leeson ကလည်း Mulford ရဲ့အကြံကို သဘောတူလိုက်ပါတယ်။

.

ထို့နောက်မှာ Mulford ဟာ အနှစ် 20 ကျော် နို့မတိုက်ခဲ့ရတာကြောင့် Leeson အား နှစ်နာရီခြား တစ်ကြိမ် စတင်နို့တိုက်ခဲ့ရပြီး နို့တိုက်ရန်အတွက် ခန္ဓာကိုယ်ကိုလှည့်စားရန် နို့စုပ်စက်ကို အသုံးပြုခဲ့ကြောင်း Daily Mail သတင်းဖော်ပြချက်အရ သိရပါတယ်။ သူမဟာ ဆေးဖက်ဝင်အပင်တစ်မျိုးကို သောက်သုံးနေပြီး နို့ဆီထောက်ပံ့ရန် အထောက်အကူဖြစ်စေသည်ဟု ယူဆရသည့် သူမရဲ့အစားအစာမှာ ပိုက်ဆန်စေ့များထည့်ထားကြောင်းလည်း ပြောပြခဲ့ပါတယ်။ Mulford ဟာ သူမတို့ရဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူပေမဲ့လည်း လူမြင်ကွင်းမှာတော့ နို့မတိုက်ချင်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

.

၎င်းတို့စုံတွဲဟာ မကြာခင်မှာ လက်ထပ်ဖို့ မျှော်လင့်နေကြပြီး ၎င်းတို့နှစ်ဦးလုံးဟာ အရင်ကဆက်ဆံရေးကပါတဲ့ သားသမီးတွေရှိကြပေမဲ့ ၎င်းတို့နှစ်ဦးသားပိုင် သားသမီးတွေတော့ မရှိသေးပါဘူး။ Mulford က သူမတို့စုံတွဲဟာ ဤဆက်ဆံရေးကို ဆက်ထိန်းထားရန်စိတ်ပိုင်းဖြတ်ထားကြောင်းကို “ ဒါက ကျွန်မတို့ရွေးချယ်ထားတဲ့ နေထိုင်မှုပုံစံပါ။ ကျွန်မတို့က ယခုချိန်ကစပြီး အချင်းချင်း လိုအပ်နေသေးတဲ့နှစ်တွေကို မျှော်လင့်စောင့်စားနေကြပြီး ကျွန်မအတွက် Leeson ကို နို့တိုက်ရတဲ့ခံစားချက်ထက် ပိုနှစ်သိမ့်စရာဘာတစ်ခုမှ မခံစားရသေးဘူး၊ ကျွန်မတို့ အချင်းချင်းကြားထဲ ဘယ်သူမှမဝင်လာနိုင်တဲ့နှောင်ကြိုးတစ်ခုလိုပေါ့ ” လို့လည်း ဖြေကြားခဲ့ပါသေးတယ်။

Mia (Mckzone daily)

Reference : 9gag

Be the first to comment on "ကိုယ်ကာယဗလသမားတစ်ဦးဖြစ်တဲ့ချစ်သူကို နှစ်နာရီခြား တစ်ကြိမ် မိခင်နို့တိုက်ကျွေးဖို့အတွက် သူမရဲ့အလုပ်မှ နုတ်ထွက်ခဲ့တဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*