ကျောင်းသားများရဲ့စမတ်ဖုန်းများကို မီးပုံထဲပစ်ထည့်ပြီး လွန်ကဲစွာ အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာများ

စည်းကမ်းဖောက်ဖျက်သော ကျောင်းသားများက ထပ်မံမပြုလုပ်ဖို့ တားမြစ်ရန် ဆရာများရဲ့ ပြစ်ဒဏ်ကို မကြာခဏ ခံရလေ့ရှိပေမဲ့လည်း ဒီပညာပေးဆရာများကတော့ ပြစ်ဒဏ်ကို လွန်ကဲစွာ လုပ်ဆောင်နေပါတယ်။ မကြာသေးမီက ပျံ့နှံ့ခဲ့သည့် ဗိုင်းရပ်စ်ဗီဒီယိုတစ်ခုတွင် ၎င်းတို့ရဲ့နောက်ကွယ်က ကျောင်းသားများရဲ့ထိုသို့မလုပ်ရန် အော်ဟစ်တောင်းဆိုနေတဲ့အသံများကြားမှ ကျောင်းဆရာအချို့ဟာ သိမ်းဆည်းရမိထားသော ကျောင်းသားများရဲ့လက်ကိုင်ဖုန်းများကို မီးတွင်းထဲသို့ ပစ်ချနေခဲ့တာကို ပြသထားပါတယ်။ အနည်းဝါးထားတဲ့ ၎င်းမှတ်တမ်းဗီဒီယိုမှာ ဆရာများက မီးလောင်နေသော စည်ပုံးထဲသို့ iPhone အပါအဝင် မိုဘိုင်းလ်ကိရိယာ အများအပြားကို ပစ်ချခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။

.

ထို့ပြင် ၎င်းတို့ရဲ့ စမတ်ဖုန်းတွေ မီးပုံထဲ ပစ်ချခံလိုက်တာနဲ့ အခင်းဖြစ်နေရာက ကျောင်းသား တော်တော်များများ အော်ဟစ်ငိုယိုသံတွေ ကြားနေခဲ့ရပါတယ်။ သို့သော်လည်း အင်တာနက်အသုံးပြုသူများက အဆိုပါဗီဒီယိုကို ရိုက်ကူးထားသည့်နေရာအတိအကျကို သေချာမသိခဲ့ရဘဲ အချို့က မလေးရှားမှာ လို့ဆိုသလို အချို့ကလည်း အင်ဒိုနီးရှားမှာ ဖြစ်နိုင်ကြောင်း ဆိုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီဗီဒီယိုကို မြင်တဲ့ အင်တာနက်သုံးစွဲသူတွေက ကျောင်းသားတွေ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ဖုန်းကို မီးရှို့လိုက်ခြင်းဖြင့် ပြဿနာကို ဖြေရှင်းနိုင်မှာမဟုတ်ဘူးလို့ ဒေါသတကြီးပြောဆိုနေကြတာကလည်း သံသယဖြစ်စရာမရှိနေပါဘူး။

.

ထို့ပြင် ကျောင်းသားများဟာ နောက်ပိုင်းမှာ လက်စားချေလိုသည့် အတွက်ကြောင့် ပိုကြီးတဲ့ ပြဿနာတစ်ခုတောင်ဖြစ်လာနိုင်ကြောင်းလည်း အချို့က ပြောဆိုခဲ့ကြသလို ဤစက်ပစ္စည်းများက ကျောင်းသားများအတွက် ကျောင်းသားဘဝက အစားထိုးလို့မရတဲ့ အမှတ်တရအချို့ကိုသိမ်းဆည်းထားပေးနိုင်တယ်လို့ ထောက်ပြခဲ့ကြသူများလည်း ရှိခဲ့ပါတယ်။

.

ဒီအဖြစ်အပျက်အရ ဆရာတွေရဲ့လုပ်ရပ်က လွန်လွန်းတယ်လို့ ထင်ပါတယ်။ ဘယ်လိုဘဲ အပြစ်လုပ်ထားပါစေ ကျောင်းသားတွေရဲ့စမတ်ဖုန်းကိုတော့ မီးမရှို့သင့်ဘူးလို့ထင်ပါတယ် ။ စာဖတ်သူတို့ကော ဘယ်လိုထင်မိလဲဗျာ ။

Mia (Mckzone daily)

Reference : therakyatpost

Be the first to comment on "ကျောင်းသားများရဲ့စမတ်ဖုန်းများကို မီးပုံထဲပစ်ထည့်ပြီး လွန်ကဲစွာ အပြစ်ပေးခဲ့တဲ့ ကျောင်းဆရာများ"

Leave a comment

Your email address will not be published.


*