ကိတ်မုန့်ထဲကို ဘတ်ငွေ ၁သန်းထည့်ထားပြီး ချစ်သူကောင်မလေးကို စပရိုက်တိုက်လိုက်တဲ့ ကောင်လေး(ရုပ်သံ)



JRose (Mckzone daily)

Reference : khaosod

Unicode

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်မှာရှိတဲ့ ယိုင်မိုင်းကိတ်မုန့်ဆိုင်ပိုင်ရှင် အသက် ၂၈နှစ်အရွယ် မစ္စ Watida Tainta က ချစ်သူကောင်မလေးရဲ့မွေးနေ့အတွက် စပရိုက်လုပ်ဖို့ ကိတ်လာမှာတဲ့ အမျိုးသားအကြောင်း တင်ပြလာခဲ့ပါတယ် ။ ကိတ်ထဲမှာ ကောင်လေးက ငွေပမာဏ ၁,၀၀၀,၀၀၀ ထည့်ထားခဲ့ပါတယ် ။ ဒီအမျိုးသားရဲ့ ကောင်မလေးကို ဆိုင်က 3-layer ကိတ်မုန့်လက်ခံမှာလားလို့ ဖုန်းဆက်မေးခဲ့ပါတယ် ။

ပထမတော့ ကောင်မလေးက ကိတ်မုန့်ကို လက်ခံသင့် မသင့် ဇဝေဇဝါဖြစ်နေပါတယ် ။ နောက်ဆုံးမှာ ရုတ်တရက် စိတ်ပြောင်းသွားပြီး ကိတ်မုန့်ကို လက်ခံလိုက်ပါတယ် ။ ထိုအချိန်မှာ ကိတ်ထဲမှာပါတဲ့ ငွေတွေကိုမြင်ပြီး ဒီလောက်များပြားတဲ့ ငွေပမာဏကို တစ်ခါမှ မမြင်ဖူးလို့ အံ့သြသွားခဲ့ပါတယ် ။ ဒါကို မုန့်လုပ်ငန်းအဖွဲ့က တင်ပြီး လူတွေရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ကိတ်မုန့်ထဲကို ဘတ်ငွေ ၁သန်းထည့်ထားပြီး ချစ်သူကောင်မလေးကို စပရိုက်တိုက်လိုက်တဲ့ ကောင်လေး(ရုပ်သံ)"

Leave a comment

Your email address will not be published.


*