ပျံသန်းနေသည့် လင်းယုန်ဌက်တစ်ကောင်ရဲ့နောက်ကျောပေါ်ကို အလွယ်လိုက်ပြီး အသာလေး လမ်းကြုံခိုစီးနေခဲ့တဲ့ ကျီးကန်းတစ်ကောင်တို့ရဲ့ရှားပါးမြင်ကွင်း

မကြာသေးမီက အရဲတင်းလွန်းတဲ့ ကျီးကန်းတစ်ကောင်ဟာ ပျံသန်းနေတဲ့ လင်းယုန်ဌက်တစ်ကောင်ရဲ့ကျောပြင်ပေါ်တက်ပြီး အခမဲ့ လိုက်စီးနေတဲ့ ထူးခြားမြင်ကွင်းကို မြင်တွေ့ခဲ့ရပြီး ရယ်စရာကောင်းတာက လင်းယုန်ဌက်ကိုယ်တိုင်ကလည်း ကျီးကန်းကို လုံးဝစိတ်မ၀င်စားသလို အရေးလည်းလုပ်မနေခဲ့ပါဘူး။ ကျေးဇူးတင်စွာဖြင့်၊ အရည်အချင်းရှိတဲ့ ကယ်လီဖိုးနီးယားအခြေစိုက် ဓာတ်ပုံဆရာ Phoo Chan ဟာ တစ်သက်မှာ တစ်ကြိမ်သာ မြင်တွေ့နိုင်တဲ့ ၎င်းအခိုက်အတန့်တစ်ခုကို ရိုက်ကူးနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို မျှဝေပေးနိုင်ခဲ့ပါတယ်။ ၎င်းကျီးကန်း၏ ပုံမှန်မဟုတ်သော အပြုအမူကိုရှင်းပြရာမှာ Cornell ဓာတ်ခွဲခန်းမှ ကျီးကန်းအပြုအမူကိုအထူးပြုသည့် ဇီဝဗေဒပညာရှင် Kevin McGowan က ကျီးကန်းလိုဌက်မျိုးက ၎င်းတို့ရဲ့ပိုင်နက်နေရာတွေအတွက် ခြိမ်းခြောက်ခြင်း ၊

.

ကြီးမားသော ကျူးကျော်ဝင်ရောက်လာခြင်းခံရသည့်အခါမျိုးမှာ အလွန်ရန်လိုလာတတ်တာကြောင့် ဒေါသထွက်နေတဲ့ ကျီးကန်းက တိုက်ပွဲအတွက် ပြင်ဆင်နေပုံရပေမယ့် အကြောင်းတစ်ခုခုကြောင့် လင်းယုန်ငှက်ကြီးပေါ် ချောချောမောမော ဆင်းသက်ပြီးနောက် ဘာဆက်လုပ်ရမလဲ မသိခဲ့ပုံရကြောင်း ရှင်းပြရင်း “ ဒါက ကားတစ်စီးကို လိုက်ဖမ်းနေတဲ့ ခွေးတစ်ကောင်နဲ့တူတယ် ၊ ခွေးတွေက ကားကို အမြဲဖမ်းချင်ပေမယ့် သူတို့ရရင် ဘာလုပ်ရမှန်းမသိကြဘူးလေ ” လို့လည်း ဆိုခဲ့ပါတယ်။ McGowan ၏အဆိုအရ ၊

.

အကြီးဆုံးသားကောင်များဖြစ်သည့် လင်းယုန်ငှက်တွေဟာ အခြားငှက်များ၏ နှောင့်ယှက်မှုကို အမြဲခံရလေ့ရှိတဲ့အတွက် ၎င်းတို့ဟာ ၎င်းကို ကြီးကြီးမားမားပြဿနာလို့ မယူဆထားကြပါဘူး။ သို့ပေမဲ့ ဌက်များနှင့်သဘာဝဓာတ်ပုံဆရာ Chan ကတော့ ကျီးကန်းက ၎င်းရဲ့ရန်သူလင်းယုန်ဌက်ကိုနှောင့်ယှက်ဖို့ ကြိုးစားနေတဲ့ထင်မြင်ချက်ကို သဘောမတူခဲ့ပါဘူး။ “ ကျီးကန်းတွေဟာ သူတို့ရဲ့နယ်မြေတွေမှာ တွေ့တဲ့အခါ အရွယ်အစားပိုကြီးတဲ့ တခြားဌက်တွေကို ပြင်းပြင်းထန်ထန် နှောင့်ယှက်တဲ့အတွက် လူသိများပြီး ၊

.

များသောအားဖြင့် ဒီ “ကျူးကျော်သူတွေ” ဟာ စိတ်ရှုပ်စရာမရှိဘဲ ဆုတ်ခွါသွားတတ်ကြတယ် ၊ ဒါပေမဲ့လည်း ဤဘောင်ထဲက ကျီးကန်းက ထိုကဲ့သို့ နီးကပ်စွာ လင်းယုန်ကို နှောင့်ယှက်ပုံမပေါ်သလို လင်းယုန်ကလည်း သူက ကျီးကန်းရဲ့ကိုယ်ပိုင်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာတာကို သတိမထားမိနေခဲ့ဘူး ၊ ပိုထူးဆန်းတာက ကျီးကန်းက လင်းယုန်ရဲ့နောက်ကျော်ပေါ်ကို အသာလေး လမ်းကြုံတက်စီးပြီး လင်းယုန်ကလည်း ဘယ်လိုမှကို တုံ့ပြန်မနေခဲ့တာပါဘဲ ” လို့ Chan က ငြင်းဆိုထားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "ပျံသန်းနေသည့် လင်းယုန်ဌက်တစ်ကောင်ရဲ့နောက်ကျောပေါ်ကို အလွယ်လိုက်ပြီး အသာလေး လမ်းကြုံခိုစီးနေခဲ့တဲ့ ကျီးကန်းတစ်ကောင်တို့ရဲ့ရှားပါးမြင်ကွင်း"

Leave a comment

Your email address will not be published.


*