ချစ်သူများနေ့မတိုင်မီ ချစ်သူဆီကနေ ထားသွားခံလိုက်ရလို့ ညတခေါင်ယံအချိန်မတော်ကြီးမှာ မူးရူးပြီး လမ်းဘေးတစ်နေရာမှာ ငိုကြွေးနေခဲ့တဲ့ မိန်းကလေး

အသည်းကွဲခြင်းက မည်သူမဆိုအတွက် အလွန်စိတ်ထိခိုက်စရာ အတွေ့အကြုံတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါဟာ ကုစားဖို့ အချိန်ယူရတဲ့ ဘဝရဲ့ နာကျင်မှုတွေထဲက တစ်ခုပါ။ “အချိန်က ဒဏ်ရာအားလုံးကို ကုစားပေးလိမ့်မယ်” လို့ ဆိုရိုးစကားရှိပေမယ့်လည်း ကမ္ဘာတဝှမ်းက လူတွေကတော့ ဒီကိစ္စကို ငြင်းခုံနေကြတုန်းပါပဲ။ သူမရဲ့ချစ်သူဟာ ၎င်းနေ့မတိုင်ခင် ရက်ပိုင်းအလိုမှာ သူမကို ရုတ်တရက် ထားသွားခဲ့တာကြောင့် ထိုင်ဝမ်နိုင်ငံ၊ Kaohsiung မြို့မှာ နေထိုင်တဲ့ အသက် 23 နှစ်အရွယ် အမျိုးသမီးတစ်ဦးအတွက် ပြီးခဲ့တဲ့ချစ်သူများနေ့ဟာ ဝမ်းနည်းကြေကွဲဖွယ်ရာ နေ့တစ်နေ့ဖြစ်နေခဲ့ပါတယ်။ ထိုနေ့မှာ အသည်းကွဲနေတဲ့ သူမဟာ အထီးကျန်သလို ခံစားရပြီး ဘားတစ်ခုမှာ အရက်သောက်ပြီး မူးလာခဲ့ပါတယ်။

.

အိမ်အပြန်လမ်းမှာ တက္ကစီတစ်စီးစီးရင်း ငိုကြွေးပြီး ကျယ်လောင်စွာ အော်ဟစ်နေတာကြောင့် တက္ကစီသမားလည်း စိတ်ပူလာပြီး ရဲကို ဖုန်းဆက်အကူအညီတောင်းခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ည ၁၁ နာရီခွဲမှာ တက္ကစီယာဉ်မောင်းက Kaohsiung မြို့ရှိ Wujia ဌာနခွဲ၏ Fengshan ရဲဌာနသို့ ဖုန်းဆက်ခဲ့ပြီး ကံကောင်းစွာပဲ၊ အဆိုပါဌာနခွဲမှ ကင်းလှည့်ကားတစ်စီးက အနီးနားမှာ ရှိနေခဲ့ပါတယ်။ ရဲတွေရောက်လာတော့ တိုက်ခန်းရှေ့လမ်းဘေးမှာ ထိုင်နေရင်း အော့အန်နေတဲ့သူမကို တွေ့ရှိခဲ့ရပါတယ်။ ရဲတွေ ချဉ်းကပ်လာတာကိုတွေ့တဲ့ အမျိုးသမီးက “ ကျွန်မ အသည်းကွဲနေတယ်၊ ​​ဝမ်းနည်းမှု သက်သာစေဖို့ အရက်သောက်လိုက်တာပါ ” လို့ ပြန်ဖြေနေခဲ့ပါတယ်။

.

ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး Qiu Shihao က သူမကိုနှစ်သိမ့်ပေးဖို့ အကောင်းဆုံးကြိုးစားရင်း သူမကိုအကြံဉာဏ်ပေးကာ အသည်းကွဲနေချိန်မှာ အလွန်အကျွံမသောက်ဖို့ ” အဆင်ပြေပါတယ်၊ ဘာမှမဖြစ်ပါဘူး။ ဘဝက ပျော်စရာတွေရှိနေသေးတယ်။ နောက်တစ်ကြိမ်ကျ့ရင်၊ အများကြီးမသောက်ဖို့ သတိရပြီး ယုံကြည်ရတဲ့သူငယ်ချင်းကို မင်းနဲ့အတူခေါ်သွားပါ ” လို့ သတိပေးခဲ့ပါတယ်။ ထို့နောက် အရာရှိ Shihao က သူမရဲ့အိတ်ကိုစစ်ဆေးကြည့်တော့ တက္ကစီသမားကလည်း သူမကို နေရာမှန်ဆီခေါ်ဆောင်လာတာကို သိလိုက်ရပါတယ်။ သူမဟာ သူမရှေ့က အဆောက်အဦးမှာ နေထိုင်ပေမဲ့လည်း သူမရဲ့တိုက်ခန်းနံပါတ်ကိုမသိသလို အရမ်းနောက်ကျနေပြီဖြစ်တဲ့အတွက် ၊

.

တာဝန်ကျအစောင့်ကလည်း အိပ်ပျော်သွားတော့ အဆောက်အဦအပြင်ဘက်မှာ လူလည်းရှိမနေခဲ့ပါဘူး။ နောက်ဆုံး အရာရှိ Shihao ဟာ အဆောက်အဦးရဲ့ဧည့်ခန်းရှေ့ကနေ သူမရဲ့မိသားစုကိုရှာဖွေရန် ကြိုးစားအော်ဟစ်ခဲ့ရပါတယ်။ ကံကောင်းစွာနဲ့ဘဲ ရဲ့များရဲ့ကျယ်လောင်တဲ့ခေါ်သံကြောင့် တိုက်ခန်းများရှိလူများက အပြေးအလွှား ထွက်လာကြပြီး အိမ်နီးနားချင်းများက အဆိုပါအမျိုးသမီးရဲ့မိသားစုကို ဖုန်းလှမ်းဆက်ပေးခဲ့ကြပါတယ်။ နောက်ဆုံး မိသားစုဝင်တစ်ဦးက ဆင်းလာတဲ့အခါမှာ အဆိုပါအမျိုးသမီးငယ်က အနည်းငယ် ငြိမ်သက်သွားပြီး ၊ သူမရဲ့တိုက်ခန်းဆီမသွားခင်လေးမှာ ရဲအရာရှိများနှင့် တက္ကစီယာဉ်မောင်းကို “ တောင်းပန်ပါတယ်! တောင်းပန်ပါတယ်! တောင်းပန်ပါတယ် ” လို့ဆက်တိုက်ငြီးတွားပြောဆိုသွားခဲ့ပါသေးတယ်။ ကျွန်တော်တို့ဟာ ချစ်မိသွားပြီးနောက် လမ်းခွဲသွားကြတာက လူတိုင်းရဲ့ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ကြုံဆုံရစမြဲပါဘဲ။ ဒါပေမဲ့ အသည်းကွဲတဲ့အခါ ကိုယ့်စိတ်ပျော်တဲ့အရာတွေကိုသာလုပ်ရင်း moving on လုပ်တတ်ဖို့တော့ လိုအပ်ပါတယ်။

Mia (Mckzone daily)

Reference : goodtimes

Be the first to comment on "ချစ်သူများနေ့မတိုင်မီ ချစ်သူဆီကနေ ထားသွားခံလိုက်ရလို့ ညတခေါင်ယံအချိန်မတော်ကြီးမှာ မူးရူးပြီး လမ်းဘေးတစ်နေရာမှာ ငိုကြွေးနေခဲ့တဲ့ မိန်းကလေး"

Leave a comment

Your email address will not be published.


*