ဆာေလာင္ေနတဲ့ ေၾကာင္ေလးတစ္ေကာင္ဟာ အစာစားရဖို႔ဆိုတဲ့ အလြန္ရွင္းလင္းတဲ့ရည္႐ြယ္ခ်က္တစ္ခုတည္းျဖင့္ နံနက္ခင္းတစ္ခုမွာ စတိုးဆိုင္တစ္ခုထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္လာခဲ့ပါတယ္။ အဂၤလန္ႏိုင္ငံ၊ Rugby ၿမိဳ႕ရွိ စတိုးဆိုင္ႀကီးတစ္ဆိုင္မွ ဝန္ထမ္းမ်ားက သတိမျပဳမိခဲ့တဲ့အတြက္ေၾကာင့္ ထိုေၾကာင္ေလးက ၎တို႔ရဲ႕ အစားအေသာက္မ်ားရွိရာစၾကၤ့လမ္းသို႔ ေအာင္ျမင္စြာ ေရာက္ရွိသြားႏိုင္ခဲ့ေပမဲ့လည္း မေမွ်ာ္လင့္ထားသည့္အရာတစ္ခုက သူ႔ရဲ႕အစီအစဥ္ကို အဆုံးသတ္သြားေစခဲ့ပါတယ္။ ဒီသက္ေသဓာတ္ပုံေတြထဲကအတိုင္း ထိုေၾကာင္တစ္ေကာင္ဟာ သူယူလို႔ရမဲ့ရိကၡာထုပ္ေတြကို ေပၚတင္ရွာၾကည့္ရင္း ၊
2.49 ေပါင္ရွိရိကၡာတစ္ထုပ္ကို သူ႔စိတ္တိုင္းက် ေ႐ြးခ်ယ္ခဲ့ၿပီး ၊ ၎ 2.49 ေပါင္ရွိတဲ့ရိကၡာထုပ္ကိုေတာင္ ၾကမ္းျပင္ေပၚ သို႔ပစ္ခ်ႏိုင္ခဲ့ေပမယ့္ သူဟာ အဲဒီအခ်ိန္မွာ မထင္မွတ္ဘဲ ႐ုတ္တရက္ အိပ္ေပ်ာ္သြားခဲ့ပုံရပါတယ္။ ထိုေၾကာင္သူခိုးကို ပထမဆုံးဖမ္းမိသူမွာ အစားအေသာက္ဝယ္ယူဖို႔ ၎စတိုးဆိုင္ထဲဝင္ေရာက္လာတဲ့ အသက္ 39 ႏွစ္အ႐ြယ္ Melanie Morris Jones အမည္ရွိ အမ်ိဳးသမီးေဖာက္သည္တစ္ဦးဘဲျဖစ္ပါတယ္။
ေနာက္ေတာ့ Melanie Morris Jones က အစားအေသာက္စၾကၤ့လမ္းမွာ ေၾကာင္တစ္ေကာင္ရွိတယ္ဆိုတာသိလားလို႔ ေငြကိုင္ဝန္ထမ္းတစ္ေယာက္ကိုေမးေတာ့ အံ့ဩစြာဘဲ ထိုေငြကိုင္ဝန္ထမ္းက ဒီေၾကာင္ေလးဟာ ဆိုင္ထဲအၿမဲဝင္လာတတ္ေပမဲ့ ဒီတစ္ႀကိမ္မွာေတာ့ သူ တစ္ခုခုကိုခိုးယူဖို႔ႀကိဳးစားေနရင္း အဆုံးသတ္မွာ အိပ္ေပ်ာ္သြားခဲ့တယ္လို႔ ျပန္ေျဖၾကားခဲ့ပါတယ္။ ထို႔ျပင္ ဒီခ်စ္စရာေကာင္းတဲ့သူခိုးေလးကိုလည္း ဘယ္သူကမွ ရဲစခန္းကို တိုင္ၾကားျခင္းမရွိခဲ့ပါဘူး။
Mia (Mckzone daily)
Reference : fascinating
Unicode
ဆာလောင်နေတဲ့ ကြောင်လေးတစ်ကောင်ဟာ အစာစားရဖို့ဆိုတဲ့ အလွန်ရှင်းလင်းတဲ့ရည်ရွယ်ချက်တစ်ခုတည်းဖြင့် နံနက်ခင်းတစ်ခုမှာ စတိုးဆိုင်တစ်ခုထဲသို့ ကျူးကျော်ဝင်ရောက်လာခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ၊ Rugby မြို့ရှိ စတိုးဆိုင်ကြီးတစ်ဆိုင်မှ ဝန်ထမ်းများက သတိမပြုမိခဲ့တဲ့အတွက်ကြောင့် ထိုကြောင်လေးက ၎င်းတို့ရဲ့ အစားအသောက်များရှိရာစင်္ကြ့လမ်းသို့ အောင်မြင်စွာ ရောက်ရှိသွားနိုင်ခဲ့ပေမဲ့လည်း မမျှော်လင့်ထားသည့်အရာတစ်ခုက သူ့ရဲ့အစီအစဉ်ကို အဆုံးသတ်သွားစေခဲ့ပါတယ်။ ဒီသက်သေဓာတ်ပုံတွေထဲကအတိုင်း ထိုကြောင်တစ်ကောင်ဟာ သူယူလို့ရမဲ့ရိက္ခာထုပ်တွေကို ပေါ်တင်ရှာကြည့်ရင်း ၊
2.49 ပေါင်ရှိရိက္ခာတစ်ထုပ်ကို သူ့စိတ်တိုင်းကျ ရွေးချယ်ခဲ့ပြီး ၊ ၎င်း 2.49 ပေါင်ရှိတဲ့ရိက္ခာထုပ်ကိုတောင် ကြမ်းပြင်ပေါ် သို့ပစ်ချနိုင်ခဲ့ပေမယ့် သူဟာ အဲဒီအချိန်မှာ မထင်မှတ်ဘဲ ရုတ်တရက် အိပ်ပျော်သွားခဲ့ပုံရပါတယ်။ ထိုကြောင်သူခိုးကို ပထမဆုံးဖမ်းမိသူမှာ အစားအသောက်ဝယ်ယူဖို့ ၎င်းစတိုးဆိုင်ထဲဝင်ရောက်လာတဲ့ အသက် 39 နှစ်အရွယ် Melanie Morris Jones အမည်ရှိ အမျိုးသမီးဖောက်သည်တစ်ဦးဘဲဖြစ်ပါတယ်။
နောက်တော့ Melanie Morris Jones က အစားအသောက်စင်္ကြ့လမ်းမှာ ကြောင်တစ်ကောင်ရှိတယ်ဆိုတာသိလားလို့ ငွေကိုင်ဝန်ထမ်းတစ်ယောက်ကိုမေးတော့ အံ့ဩစွာဘဲ ထိုငွေကိုင်ဝန်ထမ်းက ဒီကြောင်လေးဟာ ဆိုင်ထဲအမြဲဝင်လာတတ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ သူ တစ်ခုခုကိုခိုးယူဖို့ကြိုးစားနေရင်း အဆုံးသတ်မှာ အိပ်ပျော်သွားခဲ့တယ်လို့ ပြန်ဖြေကြားခဲ့ပါတယ်။ ထို့ပြင် ဒီချစ်စရာကောင်းတဲ့သူခိုးလေးကိုလည်း ဘယ်သူကမှ ရဲစခန်းကို တိုင်ကြားခြင်းမရှိခဲ့ပါဘူး။
Mia (Mckzone daily)
Be the first to comment on "စတိုးဆိုင္ထဲသို႔ က်ဴးေက်ာ္ဝင္ေရာက္ၿပီး ေၾကာင္စာထုပ္ကို ခိုးယူဖို႔လုပ္ရင္း ႐ုတ္တရက္ အိပ္ေမာက်သြားလို႔ လူမိသြားခဲ့တဲ့ ေၾကာင္တစ္ေကာင္"