ဒီကူးစက်ရောဂါက အရှေ့တောင်အာရှရှိ လူအများအပြားကို ရောဂါရဲ့ရေစီးကြောင်းနဲ့ ရှင်သန်နိုင်ရန်အတွက် စီးပွားရေးအခွင့်အလမ်းသစ်များရှာဖွေရန် တွန်းအားပေးခဲ့ပါတယ်။ ထိုင်းနိုင်ငံရှိ အသက် ၂၃ နှစ်အရွယ် Thanaporn Mungkornkaew အမည်ရှိအမျိုးသမီးတစ်ဦးဟာ ယခင်က သူမရဲ့သူငယ်ချင်းနှင့် အဝတ်အစားများ ရောင်းချခဲ့ဖူးပေမဲ့ သူမရဲ့ထိုလုပ်ငန်းက ကူးစက်ရောဂါဘေးမှ ခုခံနိုင်စွမ်းမရှိတာကြောင့် ပိတ်ပစ်ခဲ့လိုက်ရပါတယ်။ သို့ပေမဲ့ သူမက ဘန်ကောက်မြို့ Noi ခရိုင်မှာ ‘ French Fries Kayao’ (Shake French Fries) အမည်ရှိပြင်သစ်အကြော်ဆိုင်ငယ်လေးတစ်ဆိုင်ကို စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ Mungkornkaew ရဲ့ ‘French Fries Kayao’ ဆိုင်က ဆံပင်ညှပ်ဆိုင်တစ်ဆိုင်ရဲ့ရှေ့မှာတည်ရှိပြီး ၊
.
Mungkornkaew ရဲ့အကြော်များက ကြည့်ကောင်းသလို အရသာလည်း အရမ်းကောင်းပေမဲ့ ဖောက်သည်နည်းနေခဲ့ပါတယ်။ ဒါပေမယ့် တစ်ညမှာတော့ သူမဟာ အကြော်များကိုလှုပ်ခါရင်း စိတ်ပါလက်ပါ ပျော်မြူးစွာ ကနေတာကို ဖောက်သည်တစ်ဦးက ကင်မရာဖြင့် ရိုက်ကူးထားနိုင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Mungkornkaew က ၎င်းဗီဒီယိုကို သူမရဲ့ TikTok acc မှာ ပြန်တင်ပြီးနောက်မှာတော့ ၎င်းဟာ ချက်ချင်း ရေပန်းစား ပျံ့နှံ့သွားခဲ့တာကြောင့် လက်ရှိမှာ ဖောက်သည်အသစ်များစွာက သူမရဲ့အကြော်ဆိုင်သို့သွားဖို့ စိတ်အားထက်သန်နေကြပါပြီ။ နာမည်ကြီးလာတာနဲ့အမျှ Mungkornkaew က “ စားရဖို့ စောင့်ရတာ အရမ်းကြာသွားရင်တော့ အပြစ်မတင်ပါနဲ့နော် ၊
.
ဘာလို့လဲဆိုတော့ အရသာရှိတဲ့ ပြင်သစ်ပေါင်မုန့်ကြော်လေးကို စားစေချင်လို့ပါ ” လို့ ပြောကြားခဲ့ပါတယ်။ လူတော်တော်များများမသိသေးတာက Mungkornkaew ဟာ အကကို တကယ်ဝါသနာပါပြီး သူမဟာ အားလပ်ချိန်တွေမှာတောင် အားနေ အကက နေတတ်တာပါဘဲ။
.
လက်ရှိမှာ Mungkornkaew ရဲ့ TikTok acc ကတော့ ဖြည်းဖြည်းချင်း follower တက်နေပြီး 2021 ခုနှစ် ဖေဖော်ဝါရီလ 13 ရက်နေ့မှာလွှင့်တင်ခဲ့တဲ့ ၎င်းဗီဒီယိုက ကြည့်ရှုသူ 6 သန်းကျော်ရှိခဲ့ပါတယ်။ ဒါပေမယ့် ဖောက်သည်တွေ သတိပြုရမှာက သူမကို ကခိုင်းမှသာ Mungkornkaew က ကပြမှာဘဲဖြစ်ပြီး မဟုတ်ရင် သူမက အကြော်တွေကို ပုံမှန်လုပ်သလို လှုပ်နေမှာဖြစ်ပါတယ်။
Mia (Mckzone daily)
Reference : mashable
Be the first to comment on "ဖောက်သည်များ မှာယူထားတဲ့အကြော်များကို အကကရင်းနဲ့ပြင်ဆင်ပေးလို့ လူပြောများ ရေပန်းစားနေတဲ့ မိန်းကလေးတစ်ဦး (ရုပ်သံ)"