အစာထင်ပြီး ခိုးယူနေတုန်း လူမိသွားလို့ ချက်ချင်း ပါးစပ်ထဲက ကောက်ရိုးဖျာခြေခင်းကိုလွှတ်ချပြီး သူမဟုတ်သလိုနဲ့ ငြိမ်ကုတ်သွားခဲ့တဲ့ ဆင်တစ်ကောင် (ရုပ်သံ)

ဆင်များက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံး သတ္တဝါများထဲမှာ ပါဝင်ပါတယ်။ သို့ပေမဲ့ ချစ်စရာအကောင်းဆုံး နှင့် ယဉ်ကျေးသိမ်မွေ့တဲ့တိရိစ္ဆာန်တွေဆိုရင်တောင်မှ တစ်ခါတစ်ရံမှာ ၎င်းတို့ဟာ “အသေးအဖွဲ့” ရာဇ၀တ်မှုများကိုလည်း ကျူးလွန်တတ်ကြပါသေးတယ်။ တစ်ခါက လယ်သမားတစ်ဦးရဲ့လယ်ကွင်းမှာ ကြံတွေခိုးစားပြီး သူခန္ဓာကိုယ်နဲ့မလိုက်တဲ့ သေးငယ်တဲ့ဝါးလုံးမီးတိုင်နောက်မှာ ပုန်းနေခဲ့တဲ့ ဆင်ကလေးတစ်ကောင်ရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ဖူးကြမှာပါ။ ဒီလိုမိုက်ရူးရဲဆန်ပြီး ချစ်စရာကောင်းနေတဲ့ တိရိစ္ဆာန်တွေကို ဘယ်သူကများ စိတ်ဆိုးရက်မှာလဲလေနော်။ ဒီတစ်ခါမှာတော့ ၎င်းရဲ့ရာဇ၀တ်မှုကို လျင်မြန်စွာ ဖုံးကွယ်ဖို့လုပ်ခဲ့တဲ့ ဒီဆင်တစ်ကောင်ရဲ့လုပ်ရပ်က သင့်ကို ချစ်မြတ်နိုးမိသွားစေပါလိမ့်မယ်။

.

.

အကြောင်းက ဒီဆင်တစ်ကောင်ဟာ ဟော်တယ်တစ်ခုရဲ့တံခါးရှေ့အောက်ခြေမှာ ခင်းတဲ့ကောက်ရိုးဖျာကို စိတ်ဝင်စားပြီး မျက်စိကျနေခဲ့တာကြောင့် ၎င်းရဲ့နှာမောင်းဖြင့် ထိုကောက်ရိုးဖျာကို ကောက်ယူလိုက်ပြီး ၎င်းရဲ့ပါးစပ်ထဲ ထိုးထည့်လိုက်ပြီးနောက်မှာ သူ့ရဲ့ရာဇ၀တ်မှုက အဆင်ပြေချောမွေ့သွားတယ်လို့ ထင်နေခဲ့ပါတယ်။ သို့​ပေမဲ့ ခဏအကြာမှာတော့ ထိုဆင်ဟာ သူ့ရဲ့အနီးနားမှာရပ်နေတဲ့ လူအချို့က သူ့ရဲ့ “ရာဇ၀တ်မှု” ကို သတိပြုမိကြ​တာကို သတိထားမိသွားခဲ့ပါတယ်။ ထို့နောက်မှာတော့ ၎င်းဆင်က ချက်ချင်းဆိုသလိုပဲ ကောက်ရိုးဖျာကို မြေကြီးပေါ် ပစ်ချလိုက်ပြီး သူမဟုတ်သလိုနဲ့ ရုတ်တရက် ငြိမ်သက်သွားခဲ့လို့ ၎င်းဆင်ရဲ့အပြုအမူက ချစ်ဖို့ကောင်းနေခဲ့ပါတယ်။

.

.

ဒီချစ်စရာကောင်းတဲ့ အခိုက်အတန့်ကို Zambia နိုင်ငံရှိ South Luangwa တောရိုင်းတိရိစ္ဆာန်စခန်းက Dawie Maree အမည်ရှိမန်နေဂျာတစ်ဦးက ကင်မရာဖြင့် ရိုက်ကူးခဲ့တာဖြစ်ပြီး ၎င်းက ဆာဖာရီစခန်းရဲ့ဧည့်ခံပွဲအပြင်ဘက်မှာ ဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုမှာပေါ်လာတဲ့အတိုင်း ၎င်းမိုက်ရူးရဲဆန်တဲ့ဆင်လေးက တံခါးရှေ့ရှိကောက်ရိုးဖျာကို ထူးခြားဆန်းပြားတဲ့လူသားအစားအစာတစ်ခုနဲ့ လွဲမှားသွားခဲ့ပုံရသလို ဒါမှမဟုတ် ၎င်းရဲ့အဆာပြေမုန့်ကိုလာတောင်းဖို့ ထိုဧည့်ခံပွဲအနားသို့ချဉ်းကပ်ခါခဲ့ပုံလည်း ရပါတယ်။

” ဒီစခန်းမှာနေရတဲ့ဘဝက ဘယ်တော့မှငြီးငွေ့သွားတာမျိုးမရှိဘူး ၊နောက်ပြီး ဒီဧရာမအကောင်ကြီးရဲ့ နူးညံ့သိမ်မွေ့ပြီး ချစ်စရာကောင်းပုံနဲ့ အချင်းချင်းဂရုစိုက်နေကြတာကိုလည်း နေ့တိုင်း မြင်ရပါတယ်၊ စခန်းကိုလာလည်ရင် ဒီက ဝန်ထမ်းများနဲ့ ဧည့်သည်များရဲ့ရယ်မောပျော်ရွှင်တဲ့ အပြုံးများကိုလည်း သင် သေချာပေါက်မြင်တွေ့ရမှာပါ ” လို့လည်း Dawie က ထပ်မံ ပြောကြားခဲ့ပါတယ်။

Mia (Mckzone daily)

Reference : aubtu

Be the first to comment on "အစာထင်ပြီး ခိုးယူနေတုန်း လူမိသွားလို့ ချက်ချင်း ပါးစပ်ထဲက ကောက်ရိုးဖျာခြေခင်းကိုလွှတ်ချပြီး သူမဟုတ်သလိုနဲ့ ငြိမ်ကုတ်သွားခဲ့တဲ့ ဆင်တစ်ကောင် (ရုပ်သံ)"

Leave a comment

Your email address will not be published.


*