ဒူးနဲ႔သာ လမ္းေလွ်ာက္ေနရေသာ္လည္း ဘဝကို အရႈံးမေပးလိုတဲ့စိတ္ေၾကာင့္ ကထိက ျဖစ္လာခဲ့တဲ့ မိန္းကေလး

ၿပီးျပည့္စုံက်န္းမာတဲ့ ခႏၶာကိုယ္ကို ပိုင္ဆိုင္ဖို႔ လူတိုင္းကံေကာင္းတာေတာ့ မဟုတ္ပါဘူး ။ Thu Thuy အမည္ရွိ မိန္းကေလးတစ္ေယာက္ဟာ သူမမွာ ခ်ိဳ႕ယြင္းခ်က္မ်ားရွိေသာ္လည္း ႀကိဳးစားအားထုတ္မႈျဖင့္ Thu Thuy ဟာ ယခုအခါ လူမႈအသိုက္အဝန္းအတြက္ ရည္စူးကာ ကထိကျဖစ္လာခဲ့ပါတယ္ ။ ကမာၻေပၚကို ေရာက္ရွိလာတဲ့ သက္ရွိတိုင္းဟာ အထူးအဓိပၸါယ္ရွိပါတယ္ ။ တစ္ခါတစ္ရံ သဘာဝတရားက တစ္စုံတစ္ဦးကို ပိုမိုစိန္ေခၚလိုတဲ့အခါ ၎တို႔ထံမွ ကံေကာင္းျခင္းအနည္းငယ္ကို ယူေဆာင္သြားတတ္ပါတယ္ ။

Thu Thuy လို႔ အမည္ေပးထားတဲ့ ဒီမိန္းကေလးဟာ လက္ရွိ ဟိုခ်ီမင္းၿမိဳ႕ ပညာေရး တကၠသိုလ္မွာ ေနာက္ဆုံးႏွစ္ ေက်ာင္းသား ျဖစ္ပါတယ္ ။ Thuy ဟာ ေမြးရာပါ ေျခေထာက္ခ်ိဳ႕ယြင္းခ်က္ျဖင့္ ကံမေကာင္းတဲံ ခႏၶာကိုယ္ရွိပါတယ္ ။ အျခားသူမ်ားနဲ႔ မတူဘဲ Thuy ဟာ လမ္းေလွ်ာက္ျခင္း၊ ေျပးျခင္း သို႔မဟုတ္ ခုန္ျခင္းမလုပ္ႏိုင္ေပမယ့္ လမ္းေလွ်ာက္ရန္ ဒူးမ်ားကို အသုံးျပဳခဲ့ရပါတယ္ ။Thu Thuy က ကံမေကာင္းေသာ္လည္း ကံၾကမၼာအတြက္ အရႈံးေပးျခင္းကို သူမလက္မခံဘဲ ဒူးနဲ႔ လမ္းေလွ်ာက္ဖို႔ သင္ယူခဲ့ပါတယ္ ။

တကၠသိုလ္ ေလးႏွစ္တာ ကာလအတြင္း Thuy ဟာ သူမရဲ႕ ပညာရပ္မ်ားကို ေကာင္းမြန္စြာ ၿပီးဆုံးေစခဲ့ပါတယ္ ။ ဘဝမွာ အခက္အခဲမ်ားနဲ႔ စိတ္ပိုင္းဆိုင္ရာ အတားအဆီးမ်ားစြာကို သူမကိုယ္တိုင္ ႀကဳံေတြ႕ခဲ့ရေသာ္လည္း Thuy ဟာ ၎တို႔ကို ေက်ာ္ျဖတ္ရန္ ႀကိဳးစားခဲ့ပါတယ္ ။ ဆရာမ်ား နဲ႔ သူငယ္ခ်င္းမ်ားက Thuy ကို အရမ္းခ်စ္ၾကၿပီး ကူညီေပးေသာေၾကာင့္ သူမကိုယ္သူမ ယုံၾကည္မႈပိုရွိေစခဲ့တာပါ ။ အသြင္အျပင္ ေသးေသာ္လည္း အတြင္းပိုင္း အလြန္သန္မာတဲ့ မိန္းကေလး Thu Thuy ဟာ ဘဝမွာ အရာရာကို ျမတ္ႏိုးၿပီး ေန႔တိုင္း သူ႔ကိုယ္သူ ပိုေကာင္းေအာင္ ျမႇင့္တင္ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္လင့္ပါတယ္ ။

.

.

.

JRose (Mckzone daily)

Reference : bestie

Unicode

ပြီးပြည့်စုံကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ လူတိုင်းကံကောင်းတာတော့ မဟုတ်ပါဘူး ။ Thu Thuy အမည်ရှိ မိန်းကလေးတစ်ယောက်ဟာ သူမမှာ ချို့ယွင်းချက်များရှိသော်လည်း ကြိုးစားအားထုတ်မှုဖြင့် Thu Thuy ဟာ ယခုအခါ လူမှုအသိုက်အဝန်းအတွက် ရည်စူးကာ ကထိကဖြစ်လာခဲ့ပါတယ် ။ ကမ္ဘာပေါ်ကို ရောက်ရှိလာတဲ့ သက်ရှိတိုင်းဟာ အထူးအဓိပ္ပါယ်ရှိပါတယ် ။ တစ်ခါတစ်ရံ သဘာဝတရားက တစ်စုံတစ်ဦးကို ပိုမိုစိန်ခေါ်လိုတဲ့အခါ ၎င်းတို့ထံမှ ကံကောင်းခြင်းအနည်းငယ်ကို ယူဆောင်သွားတတ်ပါတယ် ။

Thu Thuy လို့ အမည်ပေးထားတဲ့ ဒီမိန်းကလေးဟာ လက်ရှိ ဟိုချီမင်းမြို့ ပညာရေး တက္ကသိုလ်မှာ နောက်ဆုံးနှစ် ကျောင်းသား ဖြစ်ပါတယ် ။ Thuy ဟာ မွေးရာပါ ခြေထောက်ချို့ယွင်းချက်ဖြင့် ကံမကောင်းတဲံ ခန္ဓာကိုယ်ရှိပါတယ် ။ အခြားသူများနဲ့ မတူဘဲ Thuy ဟာ လမ်းလျှောက်ခြင်း၊ ပြေးခြင်း သို့မဟုတ် ခုန်ခြင်းမလုပ်နိုင်ပေမယ့် လမ်းလျှောက်ရန် ဒူးများကို အသုံးပြုခဲ့ရပါတယ် ။Thu Thuy က ကံမကောင်းသော်လည်း ကံကြမ္မာအတွက် အရှုံးပေးခြင်းကို သူမလက်မခံဘဲ ဒူးနဲ့ လမ်းလျှောက်ဖို့ သင်ယူခဲ့ပါတယ် ။

တက္ကသိုလ် လေးနှစ်တာ ကာလအတွင်း Thuy ဟာ သူမရဲ့ ပညာရပ်များကို ကောင်းမွန်စွာ ပြီးဆုံးစေခဲ့ပါတယ် ။ ဘဝမှာ အခက်အခဲများနဲ့ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများစွာကို သူမကိုယ်တိုင် ကြုံတွေ့ခဲ့ရသော်လည်း Thuy ဟာ ၎င်းတို့ကို ကျော်ဖြတ်ရန် ကြိုးစားခဲ့ပါတယ် ။ ဆရာများ နဲ့ သူငယ်ချင်းများက Thuy ကို အရမ်းချစ်ကြပြီး ကူညီပေးသောကြောင့် သူမကိုယ်သူမ ယုံကြည်မှုပိုရှိစေခဲ့တာပါ ။ အသွင်အပြင် သေးသော်လည်း အတွင်းပိုင်း အလွန်သန်မာတဲ့ မိန်းကလေး Thu Thuy ဟာ ဘဝမှာ အရာရာကို မြတ်နိုးပြီး နေ့တိုင်း သူ့ကိုယ်သူ ပိုကောင်းအောင် မြှင့်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ် ။

JRose (Mckzone daily)

Be the first to comment on "ဒူးနဲ႔သာ လမ္းေလွ်ာက္ေနရေသာ္လည္း ဘဝကို အရႈံးမေပးလိုတဲ့စိတ္ေၾကာင့္ ကထိက ျဖစ္လာခဲ့တဲ့ မိန္းကေလး"

Leave a comment

Your email address will not be published.


*