ယနေ့လိုခေတ်ကြီးမှာ အိမ်ရှိလူများအား အစားအစာများ ပို့ဆောင်ရာ၌ ပို့ဆောင်ရေးယာဉ်များဟာ အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်ပါတယ်။ ၎င်းတို့၏ ကောင်းမွန်သော ဝန်ဆောင်မှုနှင့် လျင်မြန်သော ပေးပို့မှုကို ကျွန်တော်တို့ တန်ဖိုးထားရုံသာမက ၎င်းတို့၏ ခိုင်မာသော စိတ်ဓာတ်ကိုလည်း လေးစားမိပါတယ်။ ထို့ပြင် ဒါတွေကြောင့် ၎င်းတို့ဟာ သေချာပေါက် ဆုချခံထိုက်ပါတယ်။ ကံကောင်းစွာပဲ၊ ဒီလိုခံစားရတဲ့သူတွေလည်း အများကြီးရှိနေပါတယ်။ ထိုင်းနိုင်ငံမှ ဈေးသည်တစ်ဦးဟာ သူမ၏ကြိုးစားအားထုတ်မှုမှအနားယူရန် ကလေးချီလျက်နဲ့ GrabFood ယာဉ်မောင်းအမျိုးသမီးတစ်ဦးအား ဘာမှမလုပ်ဘဲ လေးရက်တာ အနားယူစေဖို့ ငွေပေးပြီး ငှါးရမ်းခဲ့ပါတယ်။
.
2022 ခုနှစ် ဖေဖော်ဝါရီလ 22 ရက်နေ့၌ เจ๊นุ่น กะปิโหว่ ปลีกส่ง ဆိုတဲ့Facebook အကောင့်မှာ ကလေးငယ်တစ်ဦးကို ပွေ့ချီထားတဲ့ GrabFood အမျိုးသမီး delivery သမား၏ ဇာတ်လမ်းဟာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုကို ဈေးသည်တစ်ဦးက သူမရဲ့ဆိုင်ရှေ့မှာ ကလေးတွဲလောင်းနဲ့ အဆိုပါ GrabFood အမျိုးသမီး delivery နှင့် တွေ့ဆုံပြီးနောက် မကြာမီမှာ ဒီဗီဒီယိုကို လွှင့်တင်ခဲ့ခြင်းဖြစ်ပါတယ်။ သူမတို့နှစ်ဦးသား စကားစမြည်ပြောကြရာ အစားအသောက်ပို့ဆောင်သည့်အမျိုးသမီးက သူမ၏ 1 နှစ်အရွယ်သားလေး Kongpop ကို ဆွံ့အနေတဲ့ခင်ပွန်းဖြစ်သူနှင့် မထားခဲ့နိုင်တာကြောင့် နေ့စဉ်အလုပ်လုပ်ရန် ခေါ်ဆောင်ရကြောင်း ဖွင့်ဟခဲ့ပါတယ်။
.
ထို့ပြင် ပုံမှန်အားဖြင့် သူမဟာ အချိန်ပြည့် ဓာတ်ဆီဆိုင်စာရေးတစ်ဦးဖြစ်ပေမဲ့လည်း လုံလောက်စွာ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့ အစားအသောက်ပို့ဆောင်ရေးသမားအဖြစ်လည်း လုပ်ဆောင်နေကြောင်း သူမက ဆက်လက်ပြောပြခဲ့ပါတယ်။ ထို့ကြောင့် အဆိုပါဈေးသည်ဟာ မိခင်သည် delivery သမားအား စာနာစိတ်ဖြင့် သူမအား ဘာမှမလုပ်ဘဲ လေးရက်ခန့် အနားယူရမည်ဟု ကတိပေးစေပြီး သူမကို ငှါးရမ်းခဲ့သလို အဆိုပါဈေးသည်ဟာ သူမအား ฿2,500 (~USD77) ကိုပါပေးခဲ့ပါတယ်။ ငွေလက်ခံရရှိပြီးနောက်မှာတော့ မိခင်သည် GrabFood delivery သမားဟာ အကူအညီအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရန်အတွက် ကြင်နာစာနာတတ်တဲ့ဈေးသည်အား လက်ခုပ်ချီပြခဲ့ပါတယ်။
.
အဆိုပါ ဗီဒီယိုကို ဖေ့စ်ဘွတ်ခ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် အင်တာနက်အသုံးပြုသူ အများအပြားကလည်း အဆိုပါဈေးသည်အမျိုးသမီးကို ကျေးဇူးတင်ခဲ့ကြသလို အချို့ကလည်း သူမနှင့်သူမ၏သားကိုကူညီရန်အတွက် မိခင် delivery သမားရဲ့ဘဏ်အကောင့်နံပါတ်ကို မေးမြန်းတောင်းဆိုခဲ့ပါတယ်။ ကြင်နာတတ်တဲ့ဈေးသည်အမျိုးသမီးရဲ့အကူအညီအတွက် အလွန်ကျေးဇူးတင်ကြောင်းခံစားရပြီး သူမရဲ့ကြင်နာမှုနဲ့ ရက်ရောမှုကို အမှန်တကယ် လေးစားမိပါတယ်ဗျာ ။ အခုလောလောဆယ်တော့ အဆိုပါ သားလေးနဲ့ သူ့မိခင်တို့ ကောင်းကောင်းအနားယူပြီး အတူရှိနေဖို့ အချိန်ပိုရလိမ့်မယ်လို့ မျှော်လင့်ပါတယ်လေ။
Mia (Mckzone daily)
Reference : thesmartlocal
Be the first to comment on "အလုပ်နှစ်ခုလုပ်ရင်း ကလေးကိုပါထိန်းကျောင်းနေရတဲ့ delivery သမားအား ဘာမှမလုပ်ဘဲ အိမ်မှာ လေးရက်တာ အနားယူဖို့ ဌားရမ်းပေးခဲ့တဲ့ ကြင်နာသူအမျိုးသမီးတစ်ဦး (ရုပ်သံ)"