အမေရိကန် ကော်လိုရာဒိုပြည်နယ်မှ Banjo ကိုတီးခတ်သူ ထူးချွန်သော ဂီတပညာရှင် Andy Thorn ဟာ Jamgrass တီးဝိုင်း Leftover Salmon ဖြင့် လူသိများပါတယ်။ သို့ပေမဲ့လည်း မကြာသေးမီက သူဟာ ဂီတ Doctor Dolittle အဖြစ် အသိအမှတ်ပြုမှုများစွာ ရရှိခဲ့ပါတယ်။ Thorn ဟာ ကော်လိုရာဒိုရှိ ၎င်း၏နေအိမ်ရှိ ရှုခင်းသာတောင်တန်းတစ်ခုရှေ့မှာ ရပ်နေရင်း ဘင်ဂျိုတီးခတ်လေ့ကျင့်နေသည့် သူ့ဗီဒီယိုတစ်ခုကို YouTube ပေါ် လွှင့်တင်ခဲ့ပါတယ်။ ထိုဗီဒီယိုထဲ၌ Thorn ဟာ ဘင်ဂျိုတီးခတ်နေရင်း မြေခွေးနီတစ်ကောင်နှင့် စိတ်ဝင်စားစရာကောင်းသော တွေ့ဆုံမှုတစ်ခုကို ရရှိခဲ့ပါတယ်။ ၎င်းတောမြေခွေးဟာ ဘင်ဂျိုသံချပ်တွေကို အလွန်နှစ်သက်ပုံပေါက်တာကြောင့် Thorn ရဲ့တီးခတ်သံကိုနားထောင်ရန် သူ့အနား ရောက်လာခဲ့ပါတယ်။
.
၎င်းတိရိစ္ဆာန်ဟာ Thorn ရဲ့ဖျော်ဖြေမှုကို ဂရုတစိုက်ထိုင်နားထောင်ကာ ရံဖန်ရံခါ အနည်းငယ် လှည့်လည်သွားလာတတ်ပေမဲ့လည်း ဖျော်ဖြေပွဲနှင့် အလှမ်းဝေးရာကို မရောက်သွားဘဲ Thorn က တီးခတ်တာကိုရပ်လိုက်တဲ့အခါ ၎င်းတောရိုင်းမြေခွေးက ဆက်လက်ပြီး ဖျော်ဖြေနေဖို့ တောင်းဆိုနေသလိုမျိုး သူ့ရှေ့ကို ပြန်ရောက်လာတတ်ပါသေးတယ်။ ထို့ပြင် ဂီတကိုနှစ်သက်တဲ့ ၎င်းမြေခွေးအတွက် ဒီဘင်ဂျိုတီးခတ်ရာနေရာဟာ အသစ်အဆန်းမဟုတ်တော့ပါဘူး။ ယခင်က Thorn က သူ့ရဲ့လှပသော 12 ကြိုးဂစ်တာတီးခတ်တုန်းကလည်း ၎င်းဟာ Thorn ကို အကြိမ်များစွာ လာရောက်လည်ပတ်ခဲ့ဖူးပါတယ်။
၎င်းမြေခွေးနီလေးက ၎င်းတို့ကို အလွန်ထူးခြားသော ဂီတမိတ်သဟာရတစ်ခုနှင့် လှုံ့ဆော်မှုများစွာကို ပေးစွမ်းနိုင်တဲ့အတွက် Thorn နှင့်သူ့ဇနီးတို့ဟာ lockdown ကာလအတွင်း ၎င်းမြေခွေးနီလေးရဲ့နေ့စဉ်လည်ပတ်မှုများကြောင့် စိတ်အားတက်ကြွစေတဲ့သီချင်းများကိုတောင် ရေးစပ်ထားခဲ့ပါသေးတယ်။
.
၎င်းဟာ Thorn တို့ စုံတွဲအတွက် ၎င်းတို့ပတ်ဝန်းကျင်ရှိ ကမ္ဘာပေါ်တွင် ဖြစ်ပေါ်နေသည့် အပြောင်းအလဲများကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုဖြစ်သလို ၊ Thorn ၏ စတုတ္ထမြောက် တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “ Fox Songs and Other Tales from the Pandemic” ကိုပါ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
.
ဒီတော့ Thorn ရဲ့ငြိမ့်ညောင်းသာယာတဲ့ဘင်ဂျိုတီးခတ်သံကြောင့် Thorn တို့ဆီကို အမြဲ အလည်လာတဲ့ မြေခွေးနီတစ်ကောင်နှင့် Thorn တို့ရဲ့ကြည်နူးဖွယ်တွေ့ဆုံမှုကိုလည်း အောက်ပါဗီဒီယိုမှာ ကြည့်ရှုသွားခဲ့နိုင်ပါတယ်ဗျ ။
Mia (Mckzone daily)
Reference : mymodernmet
Be the first to comment on "အခမဲ့ဖျော်ဖြေပွဲအတွက် ဘင်ဂျိုတီးခတ်သူအမျိုးသားထံသို့ အကြိမ်ကြိမ် လာရောက်လည်ပတ်လေ့ရှိတဲ့ တောရိုင်းမြေခွေးနီလေးတစ်ကောင် (ရုပ်သံ)"