အသက် ၃၇ နှစ်အရွယ် Lam အမည်ရှိ အမျိုးသားတစ်ဦးဟာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီးမှာ အလုပ်လုပ်တဲ့ အလုပ်သမားဖြစ်ပါတယ် ။ Lam ဟာ မတော်တဆမှုကြောင့် သူ့ရဲ့ခြေလက်အင်္ဂါများကို မလှုပ်ရှားနိုင်ခဲ့ကြောင်း Dan Tri မှဖော်ပြခဲ့ပါတယ် ။ ဆေးရုံမှာ ၂ နှစ်နီးပါး နေခဲ့ရပေမယ့် ပိုက်ဆံတွေမရှိတော့တာကြောင့် မွေးရပ်မြေကို ပြန်ခဲ့ရပါတယ် ။ ကျန်မာရေးမကောင်းသေးတာကြောင့် Lam က ပိုက်ဆံရဖို့အလုပ်လုပ်ခဲ့ပါတယ် ။ အစမှာ ထီရောင်းပြီး နောက်တော့ စာစီစာရိုက်အလုပ်လုပ်ခဲ့ပါတယ် ။ ထို့နောက် Lam က လက်ရှိဇနီးဖြစ်သူ Tho နဲ့ ရင်းနှီးခဲ့ပါတယ် ။
.
သူမနဲ့ သူငယ်ချင်းအဖြစ်ရှိစဉ်အတွင်း Mr. Lam က အခက်အခဲများစွာရှိနေတာကြောင့် ထိုအချိန်မှစပြီး Tho ဟာ Lam အတွက် ပိုပြီးစာနာမိပြီး ပံ့ပိုးကူညီခဲ့ပါတယ် ။ မနက်အစောကြီးဆိုရင် Tho က သူ့ရည်းစားကို လာပြီးပြုစုပေးပါတယ် ။ ဒါပေမဲ့ သူမမိခင်ရောဂါကြောင့် Tho က မွေးရပ်မြေသို့ ပြန်သွားခဲ့ပါတယ် ။ နောက်ဆုံးမှာ Tho က Lam နဲ့ အတူနေဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ထို့နောက် သူမက သင့်လျော်တဲ့အလုပ်တစ်ခုအတွက် လျှောက်ထားခဲ့ပြီး Lam က မူလတန်းကျောင်းသူကျောင်းသားများအတွက် သတင်းဆရာအဖြစ် လုပ်ကိုင်ကာ သတင်းစာရေးခြင်းမှာ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ် ။
.
Tho က သူ့မိသားစု တားဆီးမှာကို စိုးရိမ်တာကြောင့် Tho ဟာ အကြွေးတွေအကုန်ပြေလည်ပြီး Lam နဲ့ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ် ။ Lam ရဲ့ပုံကို သူမရဲ့အမေကို ပြတဲ့နေ့မှာ မိခင်က “သူက သူ့မိန်းမနဲ့ ကလေးတွေကို ဘယ်လို ပြုစုစောင့်ရှောက်နိုင်မှာလဲ” လို့ ပြောပါတယ် ။
.
ခင်ပွန်းဖြစ်သူရဲ့ ရုန်းကန်မှုအကြောင်းကို အမေကို ပြောပြပြီးနောကိမှဘဲ Tha စိတ်သက်သာရာရပြီး သူ့အမေရဲ့ သဘောတူညီချက်ရရှိခဲ့ပြီး ဧည့်သည် ၄၀၀ နဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ပါတယ် ။ “တစ်ယောက်နဲ့တစ်ယောက် ချစ်မိလာတာ အခုအချိန်အထိ ၉ နှစ်ရှိပြီဖြစ်ပေမယ့် တွဲလာတာ တခါမှ နောင်တမရဖူးပါဘူး” လို့ Tho က ဆိုပါတယ် ။
JRose (Mckzone daily)
Reference : yan
Be the first to comment on "ချစ်သူကောင်လေးရဲ့ ကျန်းမာရေးက ၃ ရာခိုင်နှုန်းပဲ ကျန်တော့တာတောင် သူနဲ့တစ်သက်လုံးနေဖို့ ဆုံးဖြတ်ပြီး လက်ထပ်ယူခဲ့တဲ့ မိန်းကလေး"